ဆွီဒင် ဘုရင်ကြီးဖြစ်ချင်တဲ့ အီဗရာ ဟီမိုဗစ်

လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ သို့ပေမယ့်လည်း ဘ၀နဲ့ဆန္ဒတစ်ထပ်တည်း မကျ တာတွေလည်းရှိစမြဲပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး

ဆွီဒင်နိုင်ငံသား အီဗရာဟီ မိုဗစ်ကတော့ ဆွီဒင်ဘုရင်ကြီးဖြစ်ချင်တယ်လို့ဆိုပါတယ်။ မိုဗစ်ဟာ ဆုတံဆိပ်များစွာနဲ့ တော်ဝင်မျိုး နွယ်ပုံစံ ၀တ်ဆင်ထားတဲ့ ဆွီဒင်ဘုရင်အဖြစ် သူ့ရဲ့ပုံကို အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

ဒါ့အပြင် “ကားလ် ၁၇ ဂုဇ်ဘက်” လို့လည်း ရေးသားပြီး သူ့ကိုယ်သူ နာမည်ပေးခဲ့ပါသေး တယ်။

လက်ရှိဆွီဒင်ဘုရင်ဟာ “ကားလ် ၁၆” ဖြစ်ပြီး ၁၉၇၃ ခုနှစ်ကတည်းက ဆွီဒင်နိုင်ငံကို အုပ်ချုပ် ခဲ့တာပါ။

မိုဗစ်ရဲ့ အင်စတာဂရမ်က ပုံကို like လုပ်သူ တစ်သန်းကျော်အထိရှိခဲ့ပြီး မှတ်ချက်ပေးသူ တစ်သောင်းသုံးထောင်ကျော်အထိ ရှိခဲ့ပါတယ်။
image5
TU Arkar Min

Ref: Mirror

Please follow and like us:

Leave a Reply