ဖီဖာအကောင်းဆုံးဆုကို စီရော်နယ်ဒို ဆွတ်ခူးပြီးနောက် မက်ဆီရုပ်ထု ဖျက်ဆီးခံရ

0
704

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ ရွှေဘောလုံးဆုနဲ့ ဖီဖာအကောင်း ဆုံးဆုတွေကို ရီးရဲလ် မက်ဒရီအသင်းတိုက်စစ်မှူး ပေါ်တူဂီနိုင်ငံသား

စီရော်နယ်ဒိုက ဆွတ်ခူးခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ပထမပတ်မှာ အာဂျင်တီးနားနိုင်ငံ ၊ ဗျူနိုအေးရိစ် မြို့က ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ ကြေးရုပ်တု ဖျက်ဆီးခံခဲ့ရပါတယ်။

ရုပ်တုခိုးယူခံရတာမျိုးမဟုတ်ဘဲ အဲ့ဒီကြေးရုပ်တုရဲ့ အပေါ်ပိုင်းကို မသမာသူတွေက ဖျက်ဆီးခဲ့ တဲ့အတွက် အခုဆိုရင် ရုပ်တုမှာ အပေါ်တစ်ပိုင်းပျက်စီးခဲ့ပြီး ခြေထောက်ပိုင်းတစ်ခုသာ ကျန်ရှိခဲ့ပါ တယ်။

ဗျူနိုအေးရိစ်မြို့က စည်ပင်သာယာကတော့ အဲ့ဒီရုပ်ထုကို မကြာမီ အမြန်ဆုံး ပြန်လည်ပြုပြင် သွားမယ်လို့ ဆိုပါတယ်။

အာဂျင်တီးနားနိုင်ငံသား မက်ဆီကို ဘောလုံးလောက ကနေ အနားမယူစေချင်လို့ အာဂျင်တီး နားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇွန်လက အဲ့ဒီကြေးရုပ်တုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
image3
TU Arkar Min

Ref: ESPNFC

Please follow and like us:

Leave a Reply