ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉

သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ဖြစ်စဉ်မှာ ဝဲခမိကျေးရွာအုပ်စု၊ ကလိန်းပဒေါကျေးရွာရွာလယ်ပိုင်းအမှတ် ၁၂ နေဦးမောင်ငုံ၏ နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်နောက်ဘက်ခြံဝင်းအတွင်းနှင့် နေအိမ်ခေါင်းဘက်ခြံဝင်း အတွင်းမှ ဘိန်းစာပင်ပျိုးပင် ၉ ပင်၊ အမြင့် ၄ ပေလုံပတ် ၅ လက်မခန့်ရှိ ၁ ပင်၊ ဘိန်းစားရွက် ၂၀ ကျပ်သာတို့အား ရှာ ဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ဘိန်းစာပင်အား လက်ဝယ်ထားရှိ သုံးစွဲစိုက်ပျိုးရောင်းချသူ ဦးမောင်ငုံအား သံဖြူဇရပ်ရဲစခန်းမှ မယ(ပ)၁၈/၂၀၁၆ မူးယစ်စိတ်ပြောင်း ပုဒ်မ၁၅/၁၆(က)/ ၁၆(ဂ)ဖြင့် အမူဖွင့်လှစ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
%e1%81%80%e1%80%b2%e1%80%81%e1%80%99%e1%80%ad%e1%80%98%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%9b%e1%80%bc%e1%80%80%e1%80%b9%e1%80%99%e1%80%ad
အလားတူဆက်လက်ပြီး ရဲအုပ်အေးမင်းထွန်းတပ်ဖွဲ့ဝင်များသည် ၆ နာရီအချိန်ခန့်တွင် ဝဲခမိကျေးရွာ အုပ်စုကလိန်ပဒေါကျေးရွာနေ ဦးကောင်(ခေါ်)ဦးဗလိုင်တွတ် (၅၃) နှစ်၏ ရာဘာခြံဝင်အတွင်းရှိ ခြံစည်းရိုး ပတ်လည်တွင် စိုက်ပျိုထားသောအမြင့် ၉ ပေလုံပတ် ၆ လက်မခန့်ရှိ ဘိန်းစာပင် ၁ ပင်၊ အမြင့် ၈ ပေလုံပတ်၅ လက်မခန့်ရှိ ၁ ပင်ဘိန်းစာပျိုးပင် ၈ ပင်၊ ဘိန်းစာရွက်စုစုပေါင်းအလေချိန် ၁ ပိသာခန့်အား ရှာဖွေတွေ့ရှိ သိမ်း ဆည်းမိကြောင်း၊ ဆက်လက်ပြီး ရာဘာခြံဝင်းအတွင်းရှိ ဦးကောင်း၏ တဲအတွင်းရှာဖွေရာ တံခါးကြားမှအရှည် ၃ ပေ၉ လက်မခန့်ရှိ တောပုန်းတူမီးသေနတ် ၁ လက်အရှည် ၄ ပေ၇ လက်မခန့်ရှိ တူမီးသေနတ် ၁ လက်နှင့် အိပ်ယာအောက်မှအရှည် ၁၀လက်မခန့်ရှိ တောပုန်းတူမီးသေနတ် ၁ လက်၊ ပလပ်စတစ်အိတ်အတွင်းရှိ ကော် ဘူးမှခဲသီး (၁၈) လုံးတောပုန်းပစ်ခတ်ရာတွင် အသုံးပြုသော မီးကူယမ်းခွက် ၁၃ ခု၊ မီးကူယမ်းကတ်သီး ၆၃ လုံး ပါအနီရောင် ၁ ကဒ်အလေးချိန် ၁ ကျပ်သားခန့်ရှိ ယမ်းစိမ်းများထည့်ထားသော ကော်ဘူး ၁ ဘူးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်းဖြစ်စဉ်နှင့် ပတ်သတ်၍ တရားမဝင်လက်နက်များ ကိုင်ဆောင်ပြီး ဘိန်းစာပင်များ လက် ဝယ်ထားရှိ သုံးစွဲစိုက်ပျိုးရောင်းချသူဦးကောင်(ခေါ်)ဦးဗလိုင်တွတ်အား သံဖြူဇရပ်မြို့မရဲစခန်းမှ မယ(ပ) ၁၉/ ၂၀၁၆ မူ စိတ်ပြောင်းပုဒ်မ ၁၅/၁၆(က)၁၆(ဂ)/၂၂(ခ)ဖြင့် အမူဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Please follow and like us:

Leave a Reply