သားလေးကြောင့် အကယ်ဒမီပေးပွဲလည်း ခေါင်းထဲမရှိဘူးဆိုတဲ့ထွန်းအိန္ဒြာဗိုလ်

0
808

လာမယ့်မတ်လ (၃) ရက်နေ့မှာကျင်းပမယ့်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲ(အကယ်ဒမီပေးပွဲ) နဲ့ပတ်သတ်ပြီး ခေါင်းထဲမှာမရှိဘူးလို့အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။

” အခုက အစ်မ အလုပ်ရှုပ်နေလို့လေ သားလေးက ဂေါက်ပြိုင်ပွဲမှာ ဝင်ပြိုင်နေလို့။ အခု လောလောဆယ်ဆယ် အကယ်ဒမီ ပေးပွဲတက်ဖို့အတွက် ဘာမှမပြင်ဆင်ရသေးပါဘူး။ အကယ်ဒမီ ကိစ္စလည်း ခေါင်းထဲမှာ မရှိသေးပါဘူး” လို့ ၄င်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ထွန်းအိန္ဒြာဗိုလ် ဟာ ၂၀၁၆ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားကြီးအနေဖြင့် ရပ်ကွက်ဘုရင်မဆိုတဲ့ ဟာသ ရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ထားပြီး အဆိုပိုင်းမှာလည်း ဖျော်ဖြေတင်ဆက်မှုတွေ ပြန်လည် လှုပ်ရှားလာတာ တွေ့ရပါတယ်။
hadp
TU Arkar Min

Please follow and like us:

Leave a Reply