ကွန်ပျူတာတစ်လုံး ၀ယ်တော့မယ်ဆိုရင်

0
4519

IT ခေတ်ဟု သိထားသည့်အတိုင်း IT ပစ္စည်းတွေ Electronic ပစ္စည်းတွေ ပေါများလာခဲ့တာ အားလုံးအသိပင်။ အဲ့ဒီထဲမှာပဲ Computer ကို တွယ်တွယ်အသုံးပြုလာကြပါတယ် Computer သည်လည်း Company အသီးသီး က အမျိုးအစားအစုံအလင်ထုတ်လုပ်လာကြတာတွေ့ရပါတယ် ဒါကြောင့် Computer တစ်လုံးဝယ်တော့မယ် ဆိုရင် သိထားသင့်သည့်အခြေခံအချက်အလက်များကို သံလွင်တိုင်းမ်ရဲ့စာဖတ်ပရိတ်သတ်တွေသိစေ ဖို့ဖော်ပြပေးလိုက်ပါတယ်။

(၁) ရွေးချယ်မှု

ကွန်ပျူတာမှာ Laptop နဲ့ Desktop ဆိုပြီး (၂)မျိုးရှိပါတယ် Laptop ဆိုတာကတော့ အလွယ်တကူ ယူသွားလို့ရပေမယ့် အကြမ်းမခံပါဘူး။ Desktop ကတော့ အကြမ်းခံပေမေယ့် အထိုင်ပုံစံမျိုးပဲသုံးရပါတယ်။ အများအားဖြင့်တော့ Laptopကိုသုံးလေ့ရှိပြီး Desktopကိုတော့သင်တန်းတွေနဲ့ အခြားလုပ်ငန်းခွင်တွေမှာသာ သုံးလေ့ရှိပါတယ် မိမိသုံးမယ့်အမျိုးအစားပေါ်မူတည်ပြီးဝယ်ယူပါ။
desktop-vs-laptop

(၂)တံဆိပ်အမျိုးအစား
အမျိုးအစားတွေကတော့ အများကြီးပါပဲ Acer, Asus,Lenovo, Toshiba,Dell, HP,NEC,SING TECH,MSI စသဖြင့် အမျိုးမျိုးရှိပါတယ် ကိုယ်နှစ်သက်တဲ့တံဆိပ်ကိုရွေးဝယ်နိုင်ပါတယ် Acer,Asus နဲ့ Dell တို့က လူသုံးများတဲ့ Computer အမျိုးအစားတွေဖြစ်ပြီး Apple Company ထုတ် Macbookတွေလည်း ရှိပါတယ်။
brand-choise

(၃) ဈေးနှုန်း

ဈေးလည်းအစားအစားပါပဲ ကိုယ်ကဘာသုံးဖို့အတွက်ဝယ်တာလဲ လုပ်ငန်းခွင် Auto Cad အတွက်သုံးမှာပါ စာစီစာရိုက်နဲ့Game အတွက်ပဲသုံးမှာလား Project နဲ့ Design ဆွဲတာတွေ Developer တွေနဲ့ လုပ်ငန်းခွင်အတွက်ဆိုရင်တော့ core i 5 သို့မဟုတ် i 7 လောက်မှ အဆင်ပြေပါလိမ့်မယ် အဲ့လောက်ဆိုရင် အနည်းဆုံး ၅သိန်းကျော်လောက်ကုန်ကျနိုင်ပါတယ် ဒီထက်လည်းပိုနိုင်ပါတယ် အမေရိကန်ဒေါ်လာဈေးအပြောင်းအလဲကြောင့်လည်း Computer ဈေးနှုန်းတွေပြောင်းလဲနိုင်ပါတယ် Asus,Acer တို့က ဈေးနှုန်းအသင့်အတင့်မှာရှိနေပါတယ် တစ်ချို့ကျတော့လည်းစာစီစာရိုက်၊Facebook နဲonline မှာ Research လုပ်တာတွေအတွက်ပဲ သုံးမယ်ဆိုရင်တော့ ဈေးနှုန်းအသင့်အတင့် Core i 3 ဆိုအဆင်ပြေပါတယ်
(၄) System အမျိုးအစား
ကိုယ်က ဘယ်လို System ကိုသုံးချင်လဲပေါ့ Microsoft Windows XP , Windows Vista,Windows 7, Windows 8 အစရှိသဖြင့် ရွေးချယ်အသုံးပြုနိုင်ပြီး Windows 7 & 8 ကိုတော့လူသုံးများပါတယ် Windows 7 မှာလည်းအများကြီးရှိပါတယ် Starter,Home Basic ,Home Premium,Professional,Enterprise,Ultimate စသဖြင့်ရှိပါတယ် Windows 7 Ultimate ကတော့ အကောင်းဆုံးပါပဲ Apple က Mac Os System ကိုလည်းသုံးကြပါတယ်
os

ဒါတွေအားလုံးရွေးချယ်ပြီး Computer စ၀ယ်ပြီ ဆိုတာနဲ့ My Computer ကိုနှိပ်ပြီး Right Click တစ်ချက်နှိပ်ရင် Properties ဆိုတာ ကိုနှိပ်ပြီးတဲ့အခါ
(၁) Processor ကိုရွေးချယ်ပါ Processor ဆိုတာကတော့ ကွန်ပျုတာ ဦးနှောက်ပါပဲ Processor ကောင်းလေ ကွန်ပျူတာမြန်လေပါပဲ Processor မှာ (၂)မျိုးရှိပါတယ် Windows တွေအတွက် Intel Core နဲ့ AMD ဆိုတာရှိပါတယ်
Intel Core မှာ အကောင်းဆုံးကတော့ Core i 7 ပါပဲ တခြားဟာတွေကတော့ core i 5 ,core i 3, Pentium စသဖြင့် Processor နံပါတ်ကြီးလေ ဈေးကြီးလေ ပိုကောင်းလေ အဲ့လိုနာူလည်ထားရင် ရပါပြီ
processor

(၂) Memory (RAM)
Processor ရွေးချယ်ပြီးရင် Memory ရွေးပေးရပါတယ် ကိုယ်က Processor ကို Core i3 ရွေးချယ်ထားတယ်ဆိုရင် Memory RAM 2 to 4 GB လောက်ဆိုလုံလောက်ပါပြီ
Core i5ဆိုရင် RAM 4 to 8 GB, core i7 သို့မဟုတ် AMD FX သုံးတယ်ဆိုရင် RAM 8 to 12 GB လောက်သုံးပေးပါတယ်

(၃) operation system

ကိုယ်က i3 နဲ့ RAM 2 to 4 GB သုံးထားရင် 32 bit , i 5 နဲ့ i7 နဲ့ RAM 4 to 8 / RAM 8 to 12 သုံးထားရင်တော့ 64 bit သုံးမှအဆင်ပြေမှာပါ

(၄) Hard Disc

MY computer မှာ C နဲ့ D ဆိုပြီးရှိပါတယ် အဲ့ဒီမှာ D ကို အနိမ့်ဆုံး 200GB -300GB လောက်ရှိသင့်ပါတယ် အလတ်တန်းစားသုးချင်ရင်တော့ 500 GB လောက်သုံးပေးပါ အမြင့်ဆုံးကတော့ 1TB-2TB(Tetrabyte=1000GB) လောက်ရှီပါတယ်
နောက်ဆုံးတစ်ခုမှာချင်တာကတော့ Graphic ပါမပါ စစ်ဆေးပါ ဘောလုံးဂိမ်းတွေနဲ့ တခြားရုပ်ထွက်တွေကိ အသုံးပြုရတဲ့ ဂိမ်းကြီးတွေဆော့မယ်ဆိုရင်တော့ Graphic ပါရပါမယ် အနည်းဆုံး 1GB လောက်ဆိုလုံလောက်ပါပြီကွန်ပျူတာဝယ်တဲ့အခါ ဆိုင်ကပြောတာကြီးပဲ မျက်စိမှိတ်ပြီး မယုံစားလိုက်ပါနဲ့ သံလွင်တိုင်းမ်ကို အားကိုးလိုက်ပါ ဒါလေးဖတ်ပြီး လက်တွေ့လုပ်ကြည့်ပါ ကိုယ်ကိုယ်တိုင် သူများကို ကွန်ပျူတာလိုက်ဝယ်ပေးတဲ့သူတစ်ယောက်ပါဖြစ်လာမှာပကဲ အဆင်ပြေကြပါစေဗျာ နောက်တစ်ပတ်မှာလည်းဘယ်လိုအကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ

တင်ဆက်သူ-TU Arkar Min (နည်းတက္ကသိုလ်-မော်လမြိုင်)

Please follow and like us:

LEAVE A REPLY