ဖုန်းထဲက ဆန္ဒစောပြီး ဖျက်မိသွားတဲ့ ဓာတ်ပုံလေးတွေ ပြန်ယူချင်တယ်ဆိုရင်

0
8604

တင်ဆက်သူ-TU Arkar Min

မိမိဖုန်းထဲက မှားဖျက်မိတဲ့ ဓာတ်ပုံတွေကို အလွယ်တကူပြန်ယူချင်တယ်ဆိုရင်တော့ ပထမဦးဆုံး 3.27 MB သာရှိတဲ့ ဒီဆော့ဝဲ လေးကို အောက်က link မှာ ဒေါင်းယူလိုက်ပါ။ http://www.mediafire.com/?ev0mq63tlwl0c66
ဆော့ဝဲကို install လုပ်ပြီးတာနဲ့ ၀င်လိုက်ရင် Accept ဆိုတာတွေပါလိမ့်မယ်။ နှိပ်ပါ။

Recovery Method 1 နဲ့ Recovery Method 2 ဆိုပြီး တွေ့ရင် ကြိုက်တာရွေးနှိပ်ပေးလိုက်ပါ။ ဒီမှာတော့ 1 ကို ရွေးလိုက်တဲ့ အခါ Start ပေါ်လာလို့ Start ကိုနှိပ်ပြီး ၁၀၀ % ပြည့်တဲ့အထိစောင့်ပေးပါ။
၁၀၀ပြည့်ပါက Finish ကိုနှိပ်ပြီး View Recovered Media ကိုဆက်နှိပ်ပါ။ Directory နေရာရောက်တဲ့ အခါ Device Storage ကိုရွေးပေးပြီး ALL-RECOVERED-PHOTO1 ဆိုတာလေးနှိပ်လိုက်ရင် ကိုယ် ဆုံးရှုံးသွားတဲ့ ဓာတ်ပုံတွေ ပြန်ရပါပြီ။

သံလွင်တိုင်းမ် ရဲ့ စာဖတ်ပရိတ်သတ်များ အဆင်ပြေ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ် ပတ် မှာလည်း ဘယ်လိုအကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.