ပန်းရောင်းသည့် မိန်းကလေးငယ်အား ကားတင်ပြေး အဓမ္မပြုကျင့်ကာ KTV ဆိုင်ပို့ခဲ့သည့် ကိစ္စ သက်ဆိုင်ရာမှအရေးယူမှု အားနည်းနေ၍ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးဟုဆို

0
9583

ကျိုက်မရော၊ အောက်တိုဘာ ၁၇

ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သည့်အမှုအား တရနာရဲစခန်းမှ တာဝန်ရှိသူများမှ သံသယရှိ သူများကို အရေးယူဆောင်ရွက်ထားသော်လည်း တစ်လအကြာအထိ စုံစမ်းဖော်ထုတ်မှု တစ်စုံ တစ်ရာမျှ မရရှိသေးကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာတွင် နေထိုင်သူအသက်(၁၇)နှစ်အရွယ်ရှိ မ ××××သည် စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်(၄)နာရီ အချိန်တွင် ပန်းရောင်းနေစဉ် ဟိုက်ဂျက်ယာဉ်မောင်းနှင်လာသူ အမည်မသိသူတစ်ဦးမှ ရွာသို့ ပြန် လိုက်ပို့မည်ဆိုကာ အတင်းအဓမ္မကားပေါ်ဆွဲတင်ပြီး ကားတံခါးလော့ချကာ မော်လမြိုင်မြို့သို့ ခေါ် ဆောင်လာခဲ့ပြီး မော်လမြိုင်စက်မှုဇုန်အနီးရှိ ရာဘာခြံတစ်ခုတွင် သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် စားသောက်ဆိုင်များတွင် မိန်းကလေးငယ်အား အလုပ်အပ်နှံရန် ကြိုးစားခဲ့ပြီး ဆိုင်(၂)ဆိုင်မှ လက်မခံခဲ့သဖြင့် ရတနာထက် KTV စားသောက်ဆိုင်တွင် အပ်နှံခဲ့သည်ဟု ကျူးလွန်ခံရသူ မ xxxx က ပြောသည်။

“ သမီးက ရတနာထက်စားသောက်ဆိုင်မှာ အဲ့ဒီက ကောင်မလေးတွေနဲ့တူတူ လာသမျှ အရက်လာသောက်တဲ့သူတွေကို အရက်ငှဲ့ပေးရတယ်။ သူတို့က သမီးကို ဟိုကိုင်ဒီကိုင်ကိုင်တယ်။ နမ်းတာတွေလည်းလုပ်တယ်။ သမီးက မော်လမြိုင်ကိုလည်း တစ်ခါမှ မလာဖူးဘူး။ အိမ်လည်းပြန် မတတ်ဘူး။ အဲ့ဒီမှာ နှစ်ပတ်လောက်နေလိုက်ရတယ်” ဟု အဓမ္မ ပြုကျင့်ခံရသည့် ကာယကံရှင် မ ×××××× က သံလွင်တိုင်းမ် သို့ အောက်တိုဘာလ (၁၇) ရက်နေ့ပြောကြားသည်

မိန်းကလေးငယ်မှာ အသက်(၁၇)နှစ်ရှိပြီဖြစ်သော်လည်း အတန်းပညာ(၃)တန်းသာ နေခဲ့ရ ကြောင်းသိရသည်။ မိန်းကလေးငယ်မှာ ၄င်း၏ ကျွန်းကုန်းကျေးရွာမှ စက်တင်ဘာလ(၁၄)ရက်နေ့ ကတည်းက ပျောက်ဆုံးခဲ့ပြီး စက်တင်ဘာလ (၁၆) ရက်နေ့တွင် သက်ဆိုင်ရာသို့ လူပျောက်တိုင် ကြားခဲ့ကြောင်း ၄င်း၏မိခင်က ပြောသည်။

“ သမီးလေးက ၁၄ ရက်နေ့ကတည်းက ပျောက်သွားလို့ အွန်လိုင်းပေါ်မှာရော ရဲစခန်းကို ရောတိုင်ကြားခဲ့တယ်။ ကျွန်မသမီးလေးအခု ပြန်ရောက်လာတာကိုပဲ ကျေနပ်ပါပြီ။ ရတနာထက် KTV စားသောက်ဆိုင် လက်ခံထားပေးလို့ ကျေးဇူးတင်ပါတယ်။ သူ့ကို သားမယားပြုကျင့်သွားတဲ့သူကို တော့ စိတ်နာတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ အာဃာတ မထားချင်ပါဘူး”ဟု ရိုးသားစွာ ပန်းရောင်းပြီး မိခင်အိုကို လုပ်ကျွေးပြုစုနေသည့် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်×××× က သံလွင်တိုင်းမ် သို့ပြောကြားသည်။

မိမိတို့KTV စားသောက်ဆိုင်မှ မိသားစုဝင်များ ပြင်ဦးလွင်သို့ ဘုရားဖူးခရီးသွားနေစဉ် မိန်း ကလေးငယ်အား မွန်လူမျိုးဖြစ်သည့်အတွက် လက်ခံခဲ့ခြင်းသာဖြစ်ကြောင်း အဆိုပါ စားသောက်ဆိုင် ၏ ဆိုင်ပိုင်ရှင်မှ ရှင်းပြသည်။
%e1%80%90%e1%80%94%e1%80%94%e1%80%ac-%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c
“အဲ့ဒီနေ့က ကောင်လေးတစ်ယောက်က သူ့ကိုလာအပ်တယ်။ အစ်မတို့က သူ့မှာ သွားစရာ နေရာမရှိတော့ လို့ နောက်မွန်လူမျိုးလည်းဖြစ်တယ်ဆိုလို့လက်ခံခဲ့တယ်။ သူ့ကိုလည်း ချုပ်နှောင်မ ထားပါဘူး။ လွတ်လွတ်လပ်လပ်ပဲ ပေးသွားထားတယ်။ သူက သူ့အိမ်မှာ ဒီလိုမစားရဘူး။ ဒီလိုမ၀တ် ရဘူးဆိုတော့ အိမ်ပြန်ချင်တယ်လို့ တစ်ခါမှ မပြောဖူးဘူး။ အိမ်ရှေ့မှာလည်း သူ့မုန့်ထွက်ဝယ်စား တာတွေရှိတယ်။ ဆိုင်က ကောင်မလေးတွေနဲ့လည်း ဘုရားတွေလိုက်ပို့ပေးတယ်။ အားလုံးပျော် ပျော်ပါးပါးပါပဲ” ဟု အဆိုပါဆိုင်ရှင်မှ သံလွင်တိုင်းမ်သို့ရှင်းပြသည်။

သတင်းမီဒီယာများအနေဖြင့် ၄င်းတို့ KTV ဆိုင်နှင့်ပတ်သတ်ပြီး ရေးသားကြသော သတင်း များ၊ ဆောင်းပါးများကို ဟုတ်မှန်မှသာ ရေးကြရန်၊ တစ်ဖက်သတ်မရေးကြရန်၊ မိမိရေးသော သတင်း ဆောင်းပါးအား မိမိတာဝန်ယူကြရန်နှင့် မဟုတ်မမှန်ရေးသားပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ကာယကံရှင်မိခင်မှာ ယင်းကိစ္စကို တရနာကျေးရွာအုပ်ချုပ်ရေးမှူးထံအပ်နှံခဲ့ပြီး အုပ်ချုပ်ရေးမှူး မှ တရနာ ရဲစခန်းထံ အပ်နှံခဲ့ကြောင်းသိရသည်။

“ သူတို့လက်ခံထားတယ်ဆိုကတည်းက လာအပ်တဲ့သူနဲ့ လက်ခံတဲ့သူက သိကိုသိနေရမယ်။ အဲ့ဒါကြောင့် လက်ခံခဲ့တဲ့ အဒေါ်ကြီးကို ဖမ်းဆီးထားတာ ကျန်တာအားလုံးရဲစခန်းကိုပဲ အပ်နှံထား တယ်” ဟု တရနာကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်မိသန်းဌေးက သံလွင်တိုင်းမ်သို့ပြောကြားသည်။

တရနာရဲစခန်းမှ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရတနာထက်ဆိုင်ရှင်ကို ခေါ်ယူထိန်းသိမ်း ထားပြီး အဓမ္မပြုကျင့်သူကို လက်ရှိအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ ရဲစခန်း ထံမှ သိရသည်။

“ရပ်ကွက်ကလူတွေနဲ့ ရာအိမ်မှူးတွေပေါင်းစပ်ပြီးတော့ စုံစမ်းထားခိုင်းပါတယ်။ ဘာသတင်း အစအန မှ မကြားသေးပါဘူး။ လိုက်စုံစမ်းတုန်းပါပဲ။ အခုတော့ ရတနာထက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ် “ ဟု တရနာကျေးရွာ ရဲစခန်းမှ စခန်းမှူး ခင်မောင်ထွေးက သံလွင်တိုင်းမ်သို့ ပြောကြားသည်။

မည်သို့စစ်ဆေးမေးမြန်းကြောင်း စခန်းမှူးအားမေးမြန်းရာ ဖြေကြားနေရာမှ အရေးကြီးကိစ္စ ချိန်းထားသည်ဟုဆိုကာ ဆက်လက်ဖြေကြားပေးခြင်းမပြုတော့ပေ။

စခန်းမှူးမှ ယင်းသို့ ပြောဆိုသော်လည်း အဓမ္မ ပြုကျင့်ခံရသည့် ကာယကံရှင်မိန်းကလေး ငယ်မှာမူ တရားခံ၏ ပုံပန်းသဏ္ဍာန် ကိုသံလွင်တိုင်းမ်သို့ပြောကြားသည်။

“ ဟိုက်ဂျက်မောင်းတယ်။ အသက်(၃၀) အရွယ်လောက်ရှိတယ်။ အသားလည်းဖြူလည်း အရပ်လည်းမြင့်ပါတယ်” ဟု မိန်းကလေးငယ်က ဖွင့်ဟသည်။

သို့သော်လည်း အဆိုပါရဲစခန်းမှ စားသောက်ဆိုင်ပိုင်ရှင်ကိုသာ စစ်ဆေးနေပြီး သတင်းအစ အနမရရှိကြောင်း ပြောကြားသည့်အပေါ် ဒေသခံများကဝေဖန်လျက်ရှိသည်။

“ကာယကံရှင်ကတောင် ဘယ်လိုပုံပန်းဏ္ဍာန်ရှိတယ်ဆိုတာ ပြောပြတယ်။ စခန်းက တရားခံကို ဘာသတင်းမှ မကြားဘူးလို့ပြောတာ တာဝန်မဲ့ရာကျပါတယ်။ စခန်းကိုဆိုင်ရှင်ဘက်က အမျိုးတွေ ခဏခဏ လာတာတွေသတိထားမိတော့ လာဘ်စားနေလားလို့တောင် သံသယ၀င်မိပါတယ်” ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးမှ ထင်မြင်ချက်ပေးသည်။

အဆိုပါ အမှုကို တရားမျှတစွာစုံစမ်းဖော်ထုတ်ပေးကြရန် NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေသူများကလည်း အကြံပြုထားကြပြီး လက်ရှိတွင် ရတနာထက် KTV စားသောက်ဆိုင် ပိုင်ရှင်ကို ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှ (ပ) ၁၁၂/ ၂၀၁၆ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုပ်မ ၂၄/ ၂၃ အရ အမှုဖွင့်ထားပြီး သားမယားပြုကျင့်ခဲ့သူကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

သတင်းနှင့် ဓာတ်ပုံ – TU Arkar Min

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.