ပညာရှင်များခေါ်ယူလိုသည့်အတွက် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို မလွှဲပြောင်းနိုင်သေးဟု မွန်ဝန်ကြီးချုပ်ပြော

0
368

မော်လမြိုင်၊ အောက်တိုဘာ ၁၈

စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လူသစ်များဖြင့် ဖွဲ့စည်းကာ လွှဲပြောင်းပေးရန် စီစဉ်နေသော်လည်း တတ်သိပညာရှင်များကို ခေါ်ယူလိုသည့်အတွက် အနည်းငယ်အခက်ခဲရှိနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက သံလွင်တိုင်းမ်သို့ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ ဝန်ကြီးဌာနများကို လွှဲပြောင်းပေးရန် အစီစဉ်မရှိသေးသော်လည်း ၂၀၁၇ ခုနှစ်ကို မကူးစေဘဲ ၂၀၁၆ ခုနှစ်အတွင်းမှာပင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

“သိပ်တော့ မကြာတော့ပါဘူး။ ကျွန်တော်လွှဲပြောင်းပေးဖို့ရှိပါတယ်။ ဒါပေမယ့် နေရာပေးဖို့ ပညာရှင် တွေကိုလည်း ခေါ်ထည့်ချင်တာလေးတွေလည်းရှိတယ်။ ဖြစ်သင့်တဲ့သူတွေရှိပါတယ်။ အခုက ကြားထဲမှာ ပြဿနာလေးတွေမဖြစ်စေချင်လို့ လွှဲပြောင်းပေးဖို့ အခက်ခဲဖြစ်နေတာပါ” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်း မင်းဦးက အောက်တိုဘာလ (၁၈)ရက်နေ့တွင် သံလွင်တိုင်းမ်သို့ပြောကြားသည်

တိုင်ပင်ရမည့်ပုဂ္ဂိုလ်များ တတ်သိပညာရှင်များနှင့် ပူးပေါင်းဆွေးနွေးပြီးမှသာ ၂၀၁၆ ခုနှစ်အတွင်း အကောင်ထည်ဖော်နိုင်မည်ဟု ၄င်းက ပြောသည်။

“သူ့အနေနဲ့ စည်ပင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းလိုက်တာပိုကောင်းပါတယ်။ စည်ပင်ဆိုတာကလည်း တာဝန်ယူရတာ ကျယ်ပြန့်ပါတယ်။ ဝန်ကြီးချုပ်တာဝန်အပြင် ဒီဌာနတွေအတွက်ပါ တာဝန်ယူနေရတော့ သူ့အတွက် မနိုင်ဝန် ထမ်းနေရသလိုဖြစ်နေတယ်။ သူလွှဲပေးမယ့်လူ တွေ့ရင်တော့လည်း လွှဲပြောင်းပေးသွားမှာပါ။ လက်ရှိသူဘာတွေအခက်ခဲဖြစ်နေလဲဆိုတာတော့ သူပဲသိပါလိမ့်မယ်” ဟု မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က သံလွင်တိုင်းမ် သို့ပြောကြားသည်။
%e1%80%85%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%81%8a-%e1%80%b1%e1%80%86%e1%80%ac%e1%80%80%e1%80%b9%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8-%e1%81%80%e1%80%94%e1%80%b9
မွန်ပြည်နယ်အစိုးရအဖွဲ့ကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီး ဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနစုစုပေါင်း (၈) ခုဖြင့်ဖွဲ့စည်းထားပြီး ဝန်ကြီးချုပ်ဦးမင်းမင်းဦးမှာ ဝန်ကြီးချုပ်တာဝန်အပြင် စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့တွင်ပူးတွဲ ပါဝင် ဆောင်ရွက်နေရသည့်အတွက် ၄င်းတာဝန်ယူထားသည့် ဌာန နှစ်ခုကို လွှဲပြောင်းပေးရန် စီစဉ်ခြင်းဖြစ်သည်။

သတင်း – TU Arkar Min

Please follow and like us:

LEAVE A REPLY