မုဒုံတွင်သဘောင်္သီးစိမ်းများရောင်းဝယ်ဖြစ်နေ

0
7439

မုဒုံ နိုဝင်ဘာ ၁၄

မုဒုံတွင်သဘောင်္သီးစိမ်း(အစိမ်း)များအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးရှိ အရုဏ်ဦးကုန်စိမ်း သည်များထံမှသိရသည်။

“သဘောင်္သီးအစိမ်းက အခုနောက်ပိုင်းဝယ်သူများလာတယ်။ မှာတဲ့သူများလာတော့ အချို့ကရပ်ကွက်တွေထဲလိုက်လံဝယ်ယူနေကြသာတွေလည်းရှိတယ်။ မော်လမြိုင်၊ ကတိုး၊ ကော့နုပ်ဘက်ကတော့ သဘောင်္သီး အစိမ်းတွေက ကုန်စိမ်းသည်တွေနဲ့ပါပါလာတတ်တယ်။ အချို့ကအားလုံးချုယူလိုက်ပြီး တစ်ဆင့်ခံဖောက်သည်ပြန်ပေးတာလည်းရှိတယ်” ဟု ကုန်စိမ်းသည် ဒေါ်သန္တာအေးကပြောသည်။

မုဒုံမြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းအချို့တွင် ၃၊၄ပင်ထိ ချက်ပြုတ်စားသုံးရန်နှင့် အသီးမှည့်များစားသုံး ရန် စိုက်ပျိုးထားကြသလို ခြံအနည်းတွင် ယိုးဒယားမျိုးရင်းသဘောင်္ပင်ပုများအား အများအပြားစိုက်ပျိုးပြီးအစိမ်း အလိုက်ရောင်းချခြင်းများလည်း ရှိကြောင်းသိရသည်။

“အခုနောက်ပိုင်းရပ်ကွက်အတွင်း၌သာမကဘဲ၊တောရွာတွေမှာလည်းယိုးဒယားကွတ်တီယိုဆိုင်တွေဖွင့်နေကြတာတွေကို တွေ့ရတယ်။ အဲဒီမှာက သဘောင်္သီးထောင်း(ယိုးဒယား)ကိုလည်း ရောင်းနေတော့ဈေးဆိုင်များလာရင်သဘောင်္သီးဝယ်ယူမှုလည်းများလာရခြင်းဖြစ်နိုင်တယ်”လို့ ၎င်းကမှတ်ချက်ပြုသုံးသပ်သည်။
%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af-%e1%80%9e%e1%80%b1%e1%80%98%e1%80%ac%e1%81%a4%e1%80%9e%e1%80%ae%e1%80%b8
မုဒုံတွင်သဘောင်္သီး(မြန်မာမျိုး)အလုံးအရွယ်အစားအလိုက်ကျပ်(၁၀၀) မှ ကျပ်(၃၀၀)ထိရှိပြီး သဘောင်္ သီး(ယိုးဒယား)ကျပ်(၃၀၀)မှ(၆၀၀)ဝန်းကျင်ခန့်ဈေးရှိကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.