ရဲရင့်အောင်တို့နဲ့အတူ မော်လမြိုင် Ocean မှာ အခွေသစ်လာရောက်မိတ်ဆက်ဦးမယ့် အဆိုတော် ရဲလေး

0
7777

တေးသံရှင် ရဲလေးက “အောင်မြင်မှုလမ်းစဉ်” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးအသစ်ကို တေးသံရှင် ရဲရင့်အောင်တို့နှင့်အတူ လာမယ့် နိုဝင်ဘာလ (၂၆) ရက်နေ့ မော်လမြိုင် Ocean မှာ လာရောက်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ ရဲလေးက တေးသံရှင် ရဲရင့်အောင် အပါအ၀င် တစ်ကိုယ်တော်အခွေသစ်အတွက် ပြင်ဆင်နေတဲ့ Myanmar Idol တေးသံရှင် နင်ဇီမေ ဂျိုကာ ဆိုဖီယာ တို့ကလည်း အားဖြည့်သီဆိုသွားမယ်လို့ဆိုပါတယ်။

“ဒီပွဲမှာ ညီမက ကိုရဲလေးနဲ့ တွဲဖက်သီိဆိုထားတဲ့ ဟိုအရင်ကလို ဆိုတဲ့ သီချင်းလေးနဲ့ သီဆိုဖျော်ဖြေသွားမှာပါ မော်လမြိုင်က ပရိတ်သတ်တွေကိုလည်း ဒီပွဲကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်”လို့ တေးသံရှင် နင်ဇီမေက သံလွင်တိုင်းမ်ကိုပြောပါတယ်

ရဲလေးဟာ လက်ရှိမှာ မုံရွာမြို့အပြီး မော်လမြိုင် Ocean မှာ လာရောက်မိတ်ဆက်မှာဖြစ်သလို အဲ့ဒီနောက် တခြား Ocean တွေမှာလည်း အခွေသစ် Promotion ပွဲတွေကို ဆက်တိုက်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

“ ရဲလေးက မော်လမြိုင် Ocean မှာ နိုဝင်ဘာလ (၂၆) ရက်နေ့ နေ့လည် (၂)နာရီကနေ ည (၇) နာရီအထိ လုပ်သွားမှာပါ ဒီပွဲမှာ သူက အမှတ်တရ လက်မှတ်ရေးထိုးပေးမယ်။ ဓာတ်ပုံရိုက်ခံမှာပါ။ တခြား Dancer တွေတော့ မပါပါဘူး” လို့ ရဲလေး အခွေသစ် ပရိုမိုရှင်းပွဲအတွက် Marketing အပိုင်းတာဝန်ယူထားတဲ့ မော်လမြိုင် Ocean မှ ကိုမိုးမင်းစိုး ကပြောပါတယ်။
%e1%80%9b%e1%80%b2%e1%80%b1%e1%80%9c%e1%80%b8
ရဲလေးက သူ့ရဲ့အောင်မြင်ခရီးစဉ် တေးအယ်လ်ဘန် အသစ်ကို နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပြီး ဒီအခွေဟာ သူ့အတွက် (၈) ခွေမြောက် တေးအယ်လ်ဘန်လည်းဖြစ်ပါတယ်။

TU Arkar Min

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.