အမေရိကန်အားလုံးအတွက် သမ္မတတစ်ယောက်ဖြစ်ရမည်ဟု Trump အာမခံ

0
7368
NEW YORK, NY - NOVEMBER 09: Republican president-elect Donald Trump walks on stage with his son Barron Trump, wife Melania Trump during his election night event at the New York Hilton Midtown in the early morning hours of November 9, 2016 in New York City. Donald Trump defeated Democratic presidential nominee Hillary Clinton to become the 45th president of the United States. Joe Raedle/Getty Images/AFP == FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

ဘီဘီစီ

ဗုဒ္ဓဟူးနေ့က ထောက်ခံအားပေးသူများနှင့် Trump သည် ယင်း၏မွေးရပ်ဇာတိမြေဖြစ်သော New York မြို့တော်တွင် အလွန်အမင်း ပျော်ရွှင်မှုလှိုင်းတံပိုးများကို စီးပြီး အောင်ပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

အောင်နိုင်သူ Trump ၏ အိမ်ဖြူတော်၌ ပြောကြားသော မိန့်ခွန်းတွင် “လူနည်းစုဖြစ်ကြမယ့် အတိတ်ကာလတစ်ခုက ကျုပ်ကို မထောက်ခံသူများအတွက် ကျုပ်ဟာ ခင်ဗျားတို့ရဲ့ လမ်းညွှန်မှုအတိုင်းနဲ့ ခင်ဗျားတို့ရဲ့ အကူအညီတွေကြောင့်သာ ကျုပ်တို့ရဲ့ ကြီးကျယ် မြင့်မြတ်တဲ့ နိုင်ငံတော်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင် နိုင်ရန်အတွက်လည်း ခင်ဗျားတို့ဆီကို ရောက်ရှိလာနေတာဖြစ်ပါတယ်” ဟု ပါရှိသည်။

“ကျုပ်တို့နိုင်ငံတော်ရဲ့ နိုင်ငံသားတိုင်းကို အာမခံပေးချင်တဲ့တစ်ခုက အမေရိကန်အားလုံးအတွက် ကျုပ် သမ္မတဖြစ်ရမယ်ဆိုတာပါပဲ”

“Hilary အနေနဲ့လည်း အချိန်ကာလတစ်ခုကို ဖြတ်ကျော်ပြီး ကြာမြင့်စွာပဲ ခက်ခက်ခဲခဲနဲ့ တော်တော်ကြာကြာလေး လုပ်ခဲ့ပြီးပြီ။ နိုင်ငံတော်နဲ့ ပတ်သက်သမျှသော သူမရဲ့ ဝန်ဆောင်မှုအတွက် သူမအပေါ် ကျုပ်တို့တွေ ကျေးဇူးကြွေးတင်နေကြရပါပြီ”

“ကျုပ်က ဒါကို အလွန်အင်မတန် ရိုးသားစွာနဲ့ ဆိုလိုတာပါ”

Democratic ပါတီကို ၁၉၉၂ ခုနှစ်တည်းက အားပေးခဲ့သော Pennsylvania ပြည်နယ်၏ မဲရေတွက်မှုအပြီးမှာပင် Clinton အနေဖြင့် ပြိုင်ပွဲမှာ Trump ထံသို့ မိမိအရေးနိမ့်ကြောင်း တယ်လီဖုန်းမှတဆင့် ဝန်ခံပြောဆိုခဲ့သည်။

“သူမက ကျုပ်တို့ကို ဂုဏ်ယူတယ်ပေါ့လေ။ ကျုပ်တို့ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီးတော့ ကျုပ်ကလည်း အင်မတန်ခက်ခဲ့တဲ့ စည်းရုံးလှုံ့ ဆော်မှုတစ်ခုအပေါ်က သူမနဲ့ သူမရဲ့ မိသားစုကိုလည်း ဂုဏ်ပြုကြောင်း ပြောဆိုခဲ့ပါသေးတယ်” ဟု Trump က ပြောကြားသည်။

NEW YORK, NY - NOVEMBER 09: Republican president-elect Donald Trump walks on stage with his son Barron Trump, wife Melania Trump during his election night event at the New York Hilton Midtown in the early morning hours of November 9, 2016 in New York City. Donald Trump defeated Democratic presidential nominee Hillary Clinton to become the 45th president of the United States.   Joe Raedle/Getty Images/AFP == FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==
NEW YORK, NY – NOVEMBER 09: Republican president-elect Donald Trump walks on stage with his son Barron Trump, wife Melania Trump during his election night event at the New York Hilton Midtown in the early morning hours of November 9, 2016 in New York City. Donald Trump defeated Democratic presidential nominee Hillary Clinton to become the 45th president of the United States. Joe Raedle/Getty Images/AFP
== FOR NEWSPAPERS, INTERNET, TELCOS & TELEVISION USE ONLY ==

“အခြားသော နိုင်ငံတွေရဲ့ လိုလားမှုတွေကိုလည်း ရရှိအောင်လုပ်ဆောင်သွားမှာဖြစ်သလို ကြီးကျယ်မြင့်မြတ်တဲ့ ဆက်ဆံရေးတွေကို ရရှိနိုင်ကြမှာပါ” ဟု ယင်းက ဖြည့်စွက်ခဲ့သည်။

“ဒီလို စည်းရုံးလှုံ့ဆော်မှုတွေ ပြီးသွားတဲ့ အတောအတွင်းမှာတော့ ကျုပ်တို့ရဲ့ ဒီအရွှေ့ပေါ်မှာလုပ်ရမယ့်အလုပ်တွေက အခုဆိုရင် တကယ်ကိုမှ အစပဲရှိနေပါသေးတယ်” ဟု Trump က ပြောကြားသည်။

“ကျုပ်တို့တွေက အမေရိကန်လူများအတွက် ချက်ချင်းဆိုသလိုပဲ အလုပ်လုပ်နိုင်ဖို့ သွားနေတော့မှာပါ။ ပြီးတော့ မျှော်လင့်ချက်အပြည့်နဲ့ ဒီအလုပ်ကို လုပ်ရတာနဲ့တူတူပဲ သင်တို့ရဲ့ သမ္မတကိုလည်း သင်တို့ကိုယ်တိုင် ဂုဏ်ယူကြရမှာပါ” ဟု ယင်းက ပြောကြားသည်။

ဘာသာပြန် – မျိုးမြတ်လွင်

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.