အနားယူချိန်မှာ စီရော်နယ်လ်ဒို လို စီးပွားရှာမယ့်ရွန်

0
8071

မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ မန်ယူတိုက်စစ်မှူး ဝိန်းရွန်းနီတစ်ယောက် ကစား သမား ဘဝက အနားယူချိန်မှာ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်ဖို့ရှိနေပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဘောလုံးသမားဘဝကနေ အနားယူချိန်မှာ ဟိုတယ် လုပ်ငန်းတွေလုပ်ကိုင်ဖို့ရှိသလို တိုက်စစ်မှူး ရွန်းနီကလည်း ဘာဘေးဒိုးစ်ကျွန်းပေါ်မှာ ပေါင်(၆.၁၅) သန်းတန်တဲ့ ဇိမ်ခံအိမ်တစ်လုံးကို ငှားစားဖို့လည်းရှိနေပါတယ်။

ရွန်းနီရဲ့ အိမ်ဟာ ခမ်းနားကြီးကျယ်ပြီး အရှေ့ဘက်မှာ ပန်းခြံ အနောက်ဘက်မှာ ရေကူးကန် တွေအပြင် ပျော်ပွဲရုံတွေ ဂေါက်ကွင်းတွေလည်းရှိပါတယ်။
ရွန်းနီဟာ အဲ့ဒီလို ခမ်းနားကြီးကျယ်တဲ့ အိမ်ကို နိုင်ငံခြားသား ခရီးသွားများကို တစ်ပတ်ငှားခ သုံးသောင်းနဲ့ ငှားရမ်းထားပြီး စီးပွားရေးလုပ်နေတယ်လို့ သိရပါတယ်။
image1
Ref:DM
TU Arkar Min

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.