ဝိုင်းစုနဲ့ ချစ်သူဖြစ်နေကြောင်း အောင်လက တရားဝင်ကြေညာ

0
8219

သရုပ်ဆောင် အဆိုတော်ဝိုင်းစုခိုင်သိန်းက ၄င်းရဲ့ ခင်ပွန်းနဲ့ သဘောထားမတိုက်ဆိုင်တဲ့အတွက် ကွာရှင်းပြတ်စဲပြီးနောက် တေးသံရှင် အောင်လ နှင့် ကောလဟာလသတင်းများ လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံလာခဲ့ပြီး ပရိတ်သတ်အများစု အာရုံစူးစိုက်မှုကိုခံခဲ့ရပါတယ်။

“အိမ်ထောင် ထပ်ပြုမယ်၊ မပြုဘူးဆိုတာ ပြောလို့မရပါဘူး။ ပြုချင်ပြုမယ် ၊ မပြုချင်မပြုဘူး။ လူဆိုတာ မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ပြောလို့မရဘူးလေ။ပရိတ်သတ်တွေကို ပြောချင်တာက ၀ိုင်းစုရဲ့ အနုပညာကိုပဲ အားပေးပါ။ဝိုင်းစုရဲ့ ကိုယ်ရေးကိုယ်တာက ပရိတ်သတ်တွေအတွက် အသုံးမ၀င်ပါဘူး။ ၀ိုင်းစုက ပရိတ်သတ်ကိုချစ်တယ်၊ ပရိတ်သတ်ကလည်း ၀ိုင်းစုကိုချစ်တယ်၊ ကျန်တာမလိုဘူး”ဟု တေးသံရှင် ၀ိုင်းစုခိုင်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သို့သော်လည်း တေးသံရှင် အောင်လ ကတော့ “ သူမကို အရမ်းချစ်တယ်” ဆိုတဲ့ post တွေ မကြာခဏ တင်လေ့ရှိပြီး ဇန်န၀ါရီလ (၂၁) ရက်နေ့ မနက်(၁၂)နာ၇ီ (၃၃) မိနစ်မှာ ၀ိုင်းစုနဲ့ တွဲရိုက်ထားတဲ့ ဖော်ပြပုံကို ၄င်းရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး (၂၅) မိနစ်အကြာမှာ ပြန်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၂၁)ရက်နေ့မှာပဲ ဝိုင်းစုနဲ့ ချစ်သူဖြစ်နေကြောင်းတရားဝင်ကြေညာလိုက်ပါတယ်

တေးသံရှင် ၀ိုင်းစုခိုင်သိန်းဟာ လာမယ့် ဇန်န၀ါရီလ(၂၈) ရက်နှင့် (၂၉) ရက်နေ့တွေမှာ မလေးရှား နိုင်ငံကို ဖျော်ဖြေရေးခရီးသွားဖို့ရှိပြီး တေးသံရှင် ဝေလ ၊ ၀န ၊ စန္ဒီမြင့်လွင် ၊ အိမ့်ချစ်တို့နဲ့အတူ သွား ရောက်ဖျော်ဖြေဖို့ရှိတယ်လို့ဆိုပါတယ်။
image3
TU Arkar Min

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.