ကြုံရာဆုံရာ တစ်မိနစ်တာ နီနီခင်ဇော်

0
8136

မြန်မာ့ဘောလုံးကို အရှေ့တောင်အာရှမှာ နေရာတစ်နေရာ ထွန်းပေါက်စေချင်တယ်ဆိုတဲ့ နီနီခင်ဇော် တေးသံရှင် နီနီခင်ဇော်ဟာ လာမယ့်ဇန်န၀ါရီလ(၂၉) ရက်နေ့မှာ ကျင်းပမယ့် ဆောက်သန်း မြန်မာဘောလုံးအသင်းရဲ့ ဘောလုံးကွင်းဖွင့်ပွဲမှာ တေးသံရှင် ရွှေထူး၊ မိစန္ဒီတို့နှင့်

အတူ လာရောက် ဖျော်ဖြေရန်ရှိပြီး မြန်မာ့ဘောလုံးလောကကို အများနည်းတူ အရှေ့တောင်အာရှ မှာ နေရာတစ်နေရာ ထွန်းပေါက်စေချင်တယ်လို့ ဆိုပါတယ်။

“ကိုယ်က မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ အားကစားကို ဒီထက်ပိုပြီး အောင်မြင်တာ၊ ထွန်းပေါက်တာတွေတော့ မြင်ချင်ပါတယ်။ အနည်းဆုံး တော့ အရှေ့တောင်အာရှမှာ နေရာတစ်နေရာရပြီး အမြဲတမ်းဦးဆောင်စေချင်ပါတယ်။နိုင်ငံပွဲတွေတိုင်း နီနီတို့ အားပေးဖြစ်ပါတယ်။” ဟု တေးသံရှင် နီနီခင်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

နီနီဟာ လက်ရှိမှာ Moda Magazine Cover တွေ ရိုက်ကူးထားပြီး လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ဆိုရင် တစ်ကိုယ်တော်ရှိုးပွဲကို ရန်ကုန်မှာ ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ နီနီက ဆိုပါတယ်။
image1

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.