ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများ ငြိမ်းချမ်းရေးစကားဝိုင်း ဇွန် (၁၄) ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ်၌ ကျင်းပမည်

0
1499

 

မော်လမြိုင်၊ ဇွန် ၁၃

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများ ငြိမ်းချမ်းရေးစကားဝိုင်းကို ဇွန်လ (၁၄) ရက်နေ့ မနက် (၁၀) နာရီတွင် မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အစီအစဉ်မှာ ဇွန်လ (၁၄) ရက်နေ့ မနက်ပိုင်းတွင် လေကြောင်းဖြင့် မော်လမြိုင်သို့ လာရောက်မည်ဖြစ်ပြီး ကျိုက်သလ္လံဘုရားသို့ သွားရောက်ဖူးမျှော်မည်ဖြစ်ကာ ယင်းနောက်တွင်
မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမတွင် ငြိမ်းချမ်းရေးစကားဝိုင်းပြောကြားမည်ဟု သိရသည်။

ဒေသခံများနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် မည်သူများပါဝင်ဆွေးနွေးမည်ကို အတိအကျမသိရသေးပေ။

သံလွင်တိုင်းမ်

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.