ပြည်နယ်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တရားမျှတမှုမရှိသောကြောင့်ဟုဆိုကာ ဆန္ဒထုတ်ဖော်

0
921

မော်လမြိုင်၊ အောက်တိုဘာ ၁၆

ပြည်နယ်တရားရုံး၏ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိတာကြောင့် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ သုဓမ္မဝတီသီလရှင်စာသင်တိုက် သာသာနာမြေဆုံးရှုံးခဲ့ရသည့်အတွက် ဒေသခံပြည်သူများနှင့်သံဃာတော်များက မွန်ပြည်နယ်တရားရုံးကို ယနေ့(၁၂)နာရီတွင် မော်လမြိုင်မြို့မှာ ဆန္ဒပြခဲ့ကြပါသည်။

နှစ်ဦးနှစ်ဖက်အငြင်းပွားလျက်ရှိသည့် သာသနာမြေပိုင်ဆိုင်မှုပြသာနာနဲ့ပတ်သက်ပြီး ပြည်နယ်တရားရုံးအနေနဲ့ ဒေသခံများကိုခေါ်ယူစစ်ဆေးခြင်းမပြုလုပ်ဘဲ အမှုကိုပလတ်လိုက်သည့်အတွက် ဒေသခံများကဆန္ဒပြရခြင်းဖြစ်တယ်လို့ ဦးဆောင်သူ ဦးဝင်းနိုင်ကပြောသည်။

“ကျွန်တော်တို့ကိုတစ်ကြိမ်တစ်ခါမှမခေါ်ဘူး။ တစ်ခါမှလဲမစစ်ဆေးပဲနဲ့ဒီအမှုကို ပလတ်လိုက်တယ်။ ကျွန်တော်တို့ကိုခေါ်ယူစစ်ဆေးပြီး ဒါကမဟုတ်ပါဘူးဆိုရင်လက်ခံတယ်။ ခုဟာက တရားသူကြီး ဖြူလား မဲလားတောင်မသိရဘူး။ ဒါဟာတစ်ဖက်သတ်စီိရင်ဆုံးဖြတ်တာ ဖြစ်တယ်” လို့ ဦးဆောင်သူ ဦးဝင်းနိုင်ကပြောသည်။

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.