တောင်စောင်းများတွင် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ကျိုက်ထီးရိုးတွင် မြေပြိုမှု(၅)နေရာဖြစ်ပွားခဲ့

0
646

တောင်စောင်းများတွင် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ကျိုက်ထီးရိုးတွင် မြေပြိုမှု(၅)နေရာဖြစ်ပွားခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈

ရှေးဟာင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တည်ရှိရာ တောင်တော်တွင် အမှိုက်များကိုစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ၂၀၁၈ခုနှစ်တွင် မြေပြိုမှု(၅)နေရာ   ဖြစ်ပွားခဲ့တယ်လို့   ဒေသခံအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ပြီးခဲ့သည့်နှစ် ဒုတိယဝါဆိုလတွင်တစ်ညတည်း၌   မြေ(၅)နေရာပြိုကျမှုဖြစ်ပွားခဲ့ပြီး   မြေပြိုမှုဖြစ်ပွားခဲ့ခြင်းသည် တောင်စောင်းများတွင် ပစ်ထားသည့် အမှိုက်ပုံများကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရအနေဖြစ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ အမှိုက်သိမ်းဆည်းမှုပြသနာကို ဖြေရှင်းနိုင်ရန်အတွက် အမှိုက်မီးရှို့စက် ၊ အမှိုက်ခွဲခြားစက်များ တည်ဆောက်၍ စမ်းသပ်လည်ပတ်နေသော်လည်း အမှိုက်တွေကိုတော့ တောင်ပေါ်ကနေ တောင်အောက်ကို ပစ်ချနေဆဲ ဖြစ်ပါတယ်။

ရိုက်ကူး – နောင်ခန့်

Please follow and like us:

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.