သတင်းမှော်ရုံ (၁၁)

0
7582

ဦးဇင်းတို့ ကျောင်းမှာ မီးလာလား။ အိမ်မှာ မီးပျက်တာနဲ့ အိမ်ကို ဆွမ်းခံကြွနေတဲ့ ဦးဇင်းကို ကျောင်းမှာ မီးလာ လားလို့ မေးမိတယ်၊ ဦးဇင်းက ပြုံးပြီး မီးတော့ မလာဘူး၊ သင်္ကန်းလှူပြီး သူတို့ပါတီ မဲထည့်အောင် ဒကာတွေကို ပြောပေးဖို့ ပါတီတစ်ခုက ကျောင်းကို လာသွားတယ်လို့ ဦးဇင်းက ပြောပါတယ်လို့ အမျိုးသမီးပါ တီ(မွန်)ဒုဥက္ကဌ က ပြောတာကြားရ ပါတယ်၊ မီးပျက်တာများ၊ လမ်းပျက်တာများတဲ့ မော်လမြိုင်က ဘယ်ပါတီများ သင်္ကန်းလှူ ပြီး မဲသွားတောင်းပါလိမ့်နော်၊ မဲတကယ်လိုချင်ရင် ကိုယ့်တာဝန် ကိုယ်ကျေရင် ပြည်သူတွေက မဲပေးကြမှာပါ၊ ကိုယ့်မြို့ကို ပြန်ကြည့်လိုက်ရင် ဘယ်နေရာမှာ တာဝန်ကျေပြီး ဘယ်နေရာမှာ တာဝန်မဲ့ခဲ့တယ်ဆိုတာ မြင်မှာပါ၊ ဘယ်နေရာမှာ ပေါင်းစားခဲ့တယ်ဆိုတာလည်း သိမှာပါ၊ မီးပျက်တာပြင်/ လမ်းပျက်တာ ပြင်၊ ပြင်ဆိုတာကလည်း ပြင်စားဆိုသလို၊ လုပ်စားခွင်အနေနဲ့ (၃)ရက်ခံမဖြစ်သင့်၊ အနည်းလေး တစ်နှစ်တော့ ခံရင်၊ အဲဒီပါတီကို မဲပေး မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မွန်မှာ CSO (၄၀၀)ကျော်မှာ သုံးတည့်တာက။ လူထုအကျိုးစီးပွါး သတင်း တက်ဆက်မှု သင်တန်းကို မီရာကနေပဲ(၃)ရက် တက်ဖြစ်ပါတယ်၊ စီအက်အိုနဲ့မီဒီယာ ကို ကိုမင်းအောင်ထူး လာဆွေးနွေးသွားပါတယ်၊ မွန်မှာ စီအက်အိုက(၄၀၀)ကျော်ပြီး အားလုံးက ဘာသာရေး၊ လူမှုရေး၊ သာရေး၊ နာရေး၊ သွေးလှူ၊ စတာတွေပဲ၊ တကယ် လူမှုပတ်ဝန်းကျင်က လယ်ယာ၊ မြေသိမ်း၊ ခနောက် စိမ်း၊ ကျောက်မှိုင်း၊ သံလွင်မြစ် ဂေဟစနစ်တွေရဲ့ အကျိုးစီးပါွးလုပ်နေတာက တစ်ဆယ်ကျော် လောက်ပဲရှိ တယ်လို့ဆိုပါတယ်၊ စီအက်အိုနဲ့မီဒီယာ ပေါင်းပြီး သွားနေရင် လူထုပေါ် ထိရောက်တဲ့ မတ်ဆေ့ ရောက်နိုင် မယ်လို့ဆိုပါတယ်၊ ဆရာထူးကလည်း စီအက်အို ပေါ်ထွန်းလာပုံ၊ မပြည့်ဝသေးတဲ့ အရည်အချင်း၊ ခွင့်ပြုချက် ပေးတဲ့ အစိုးရရဲ့ စိုးရိမ်မှုက သူ့အကျိုးစီးပွါး ထိခိုက် နိုင်တဲ့ကိစ္စတွေမှာ သင်းဖွဲ့ဥပဒေနဲ့ ချည်တာမျိုး၊ သူတို့ရဲ့ အခြေနေကို ကြည့်ပြီး မီးစင်ကြည့်ကနေ ကြတဲ့သူတွေ၊ တိုးဝင်လာတဲ့ အင်န်ဂျီအိုတွေရဲ့ အင်ဂျင်၊ သင်္ကြန်တုံးကလို အချင်းချင်း အမြင်မတူညီမှုအပေါ် နားလည်စုစည်းမှု လိုအပ်ချက်သဘောထား၊ ရှေ့ဆက်ရမယ့် အနေထားပေါ်မှာ မီဒီယာ ရဲ့အမြင် စတာတွေ ဆွေးနွေးပြောဆိုဖြစ် ကြပါတယ်၊ အင်န်ဂျီအိုတွေရဲ့ မက်လောက်တဲ့ ထောက်မံ့မှုတွေက မူလစေတနာနဲ့ အလုပ်လုပ်တတ်တဲ့ လူမှုဝန် ထမ်းစိတ်ကို လျော့ပါးစေပြီး၊ ပြစား၊ ပြောစား၊ လုပ်စားတဲ့ဖက်ကို တစ်ချို့ စီအက်အိုတွေ ပိုရောက်သွားသလားလို့ ထိတွေ့ရတဲ့ကာလမှာ ဒီလိုအတွေးမျိုး ဝင်မိပါတယ်။

ဘယ်စက်မှုဇုံမှာမရှိတဲ့ ခနောက်စိမ်းစက်ရုံ မော်လမြိုင်စက်မှုဇုံမှာ (၆)ရုံရှိနေ။ ရောက်တဲ့ဒေသ စက်မှုဇုံတွေမှာ စုံစမ်းတော့ ဘယ်စက်မှုဇုံမှာမှ ခနောက်စိမ်း စက်ရုံမရှိပါဘူး၊ မော်လမြိုင်မှာပဲ ရှိတယ်၊ ရှိတယ်ဆိုတာကလည်း (၆)ရုံတောင်ဗျာ၊ စဖြစ်ကတည်းက လုံးဝကန့်ကွက်ခဲ့တယ်၊ ဘယ်လိုကနေ စက်ရုံကို ဆောက်လိုက်လည်း မသိ၊ ၂-ရက်လောက်စမ်းပြီးလည်လိုက်တာ အပင်တွေသေ၊ လူတွေမူးတာဖြစ် နေတယ်၊ ဒီအောက် ဖက် (၂)မိုင်လောက်မှာ မော်လမြိုင် ရေပေးတာရှိတယ်ဗျာ၊ မြို့သားတစ်ယောက်အနေနဲ့ လုံးဝကန့်ကွက်ပါတယ်၊ ခွင့်ပြုချက်တင်ပြီး လူထုအားနဲ့ ကန့်ကွက်ဆိုလည်း ကန့်ကွက်မယ်ဗျာလို့ပြောနေတဲ့ ကိုစိန်မြင့် (ဒုဥက္ကဌ မော်လမြိုင်စက်မှုဇုံ ကော်မတီ)ကို အံ့အားသင့်မိပါတယ်၊ လူထုအကျိုးပြု သတင်းတင်ဆက် ရေးသားနည်းက နည်းပြရဲ့က-စမ်းလည်တဲ့ ခနောက်စိမ်းစက်ရုံကို သွားပါ၊ သူတို့အသံကိုယူပါ၊ ဒါမှ သတင်း ဗယ်လင့်ဖြစ်မှာ၊ အင်ပက်ရှိတယ်၊ တစ်ယောက်ထဲမသွားပါနဲ၊ သူတို့ ကြေးနီတောင်သွားတုံးက အခြေ နေကိုပါ ပြောပြပါတယ်၊ သက်သေအဖြစ် စက်မှုဇုံဒုဥက္ကဌနဲ့တွေ့၊ အဖေါ်ခေါ်၊ စက်ရုံသွားဖို့ပြီး စကားပြောဖြစ်တာပါ၊ သူ့ဆီက သိရတာက ဘယ်စက်မှုဇုံမှာမှ မရှိ တဲ့စက်ရုံ၊ ဒီမှာ(၆)ရုံထိ တိုးပွါးနေတာ၊ ဂွတ်ဂဗါးမင့်၊ ကလိင်းနင်း ဂါဗာမင့်တွက် မေးစရာ တွေဖြစ်လာ၊ ဒါက မော်လမြိုင်၊ မွန်ရဲ့ ထူးခြားချက်ပေါ့နော်၊ ဘာတွေက ဘယ်လိုအားတွေက ဒုဥက္ကဌက စက်ရုံကို လိုက်မပို့ဘူး၊ လမ်းပဲညွှန်ပါတယ်၊ သူဒင်မက အတွင်းရေးမှူးလဲ ထိုနည်းပဲ၊ တက်စီအဖော်နဲ့ ရောက်သွား၊ အစောင့်က လူကြီးမရှိဆိုတော့၊ လိပ်စာကဒ်ပေးပြီး၊ စက်ရုံက သဘာ၀၀န်းကျင် မထိခိုက်တဲ့ လုပ်ဆောင်မှု၊ ရေဆိုး သန့်စင်မှုတွက် လုပ်ဆောင်မှုကို သိချင်လို့ပါ၊ ပြန်ဆက်ပေးဖို့ မှာခဲ့ပြီး ပြန်ခဲ့ပါတယ်၊ မော်လမြိုင်သားတွေရဲ့ အင်အား နဲ့ပဲ စက်ရုံတွေ ပိတ်နိုင်မလား၊ အရင်းအနှီးများတဲ့ ခနောက်စိမ်းစက်ရုံဓန အင်အားကပဲ အားသာ သွားမလားဆိုတာ အားလုံးစောင့်ကြည့်ဖို့တော့ လိုပါတယ်။

ကိုယ်လျှောက်တဲ့လမ်းကို ရွေးကြတဲ့အခါ။၂-မိုင်ကျော်ရှည်နဲ့ မြန်မာမှာ အရှည်ဆုံးကမ်းနားလမ်းနဲ့ မော်ကြွား နေကြတဲ့ မော်လမြိုင်ကမ်းနားလမ်း နောက်ဆုံးအပိုင်းက မြင်တဲ့အတိုင်းပါပဲ၊ တိုးရစ်တွေက ဓါတ်ပုံရိုက်၊ ကတ္တရာ မြက်ဆိုပြီး၊ ထူးနေကြာလားမသိ၊ ဒီကလူတွေကတော့ ရိုးနေပါပြီ၊ ဒီအပိုင်း မှာ မြက်၊ လမ်းပြင်တာ တွေက (၅)နှစ်လောက်ရှိပါ့၊ ဒီမြက်က နှောက်(၅)နှစ်ထိဆက်ရှိရင် ဂင်းနစ်စံချိန်တော့ ဝင်အောင် ထားသင့်တယ်လို့များ ထင်နေကြလားမသိ၊ လမ်းလုပ်ငန်း မကျွမ်းဘူးလို့ထင်ပါတယ်၊ ဆက်စပ်ကြီး ကြပ်သူများ ကရော၊ ဆက်စဉ်းစားရင် ဟိုဆရာထိ ရောက်သွားအုံးမယ်၊ သူ မကျွမ်းတာ နဲ့ရပ်မ သွားဘူး၊ လမ်းရဲ့ မကောင်းမှုကြောင့် အများပြည်သူတွေ ဆိုင်ကယ်မှောက် ဒုက္ခရောက်ခဲ့၊ တာဝန်သိတယ် ဆိုတာ သ့ူ့တွက်ပဲ လား၊ ဒါကို မမြင်ချင်ဆောင်နေတာလား၊ ပြောမနိုင်တာလား၊ မလုပ်ချင်ရင်လည်း နေလို့ ရတယ်၊ လုပ်ချင်တယ် ဆိုရင် ဘယ်နေရာမဆို လုပ်ခွင့်ရနေတာ ဘာတွေများ အားကောင်းနေပါသလဲဆိုတာ သိတဲ့သူများ ပြောပေးကြပါ၊ လျှောက်ခြင်တဲ့လမ်းကိုရွေး၊ အများသူငါ ဘေးတော့ မဖြစ်စေပါနဲ့လို့ပဲ—။

ရွှေမြိုင်မောင်ပေါက်ကျိုင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.