မုဒုံ တံခွန်တိုင်ကျေးရွာလမ်းဝတွင် ယာဉ်တိုက်မှုဖြစ်ပွား

မုဒုံ၊ မေ ၂၇ သတင်း – မင်းဥဒါန်း

မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာလမ်းဝတွင် ကားနှင့် ဆိုင်ကယ်တို့တိုက်မိပြီး လမ်းဘေးဈေးဆိုင်အား ဆက်လက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

final-logo
ဖြစ်စဉ်မှာ မေလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီခန့်က မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာလမ်းဝ၊ မုဒုံ-သံဖြူ ဇရပ်ကားလမ်းပေါ်တွင် မုဒုံဘက်မှ မောင်းနှင်လာသော Toyota Belta ယာဉ်မှ ကျေးရွာအတွင်းမှ ထွက်ရှိလာ သော Wave 125 ဆိုင်ကယ်အား တိုက်မိပြီး ယင်းမှတဆင့် လမ်းဘေးဝဲဘက်ခြမ်းရှိ ဈေးဆိုင်အား ဆက်လက် ဝင်တိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါသူ ဒေါ်လှမိုးနှင့် မောင်းနှင်သူမမိုးမိုးတို့မှာ ဒဏ်ရာရရှိခဲ့ပြီး ဈေးရောင်းသူ ဒေါ်မီးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်အပေါ် မုဒုံမြို့နယ်၊ ရဲတပ်ဖွဲ့မှ ရဲအုပ်ရဲထွန်းမှ တိုင်တန်းသဖြင့် ယာဉ်မောင်း ဦးလှနီ(ခ)ကိုနီအား မုဒုံမြို့နယ်ရဲစခန်းမှယာဉ်(ပ)၂၂/၂၀၁၆၊ ပြစ်မှုပုဒ်မ၃၃၇/၃၃၈ဖြင့်သတင်းချက်ရေးဖွင့်ကာ ရဲအုပ်ရဲထွန်းမှစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.