ယခုနှစ် မိုးရာသီကာလ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ်ကင်းစေရန်အစီအမံများပြုလုပ်ထားဟုဆို

(ဓါတ်ပုံအညွှန်း - ဇင်းကျိုက်ရေတံခွန်) ဓါတ်ပုံ - အင်တာနက်

ပေါင်၊ မေ ၃၀ သတင်း – ဝရဇိန် (ပေါင်)
မွန်ပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သော ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် ယခုနှစ် မိုးရာသီ အတွင်း လာရောက်ရေကစားကြမည့်သူများအတွက် အန္တရာယ်ကင်းစေရန် အစီအမံများပြုလုပ်ထားကြောင်း ရေတံခွန်ကော်မတီထံမှ သိရသည်။

(ဓါတ်ပုံအညွှန်း - ဇင်းကျိုက်ရေတံခွန်) ဓါတ်ပုံ - အင်တာနက်
(ဓါတ်ပုံအညွှန်း – ဇင်းကျိုက်ရေတံခွန်) ဓါတ်ပုံ – အင်တာနက်

“ရေတံခွန်အောက်ကရေကန်ကို အနက်(၅)ပေလောက်ဖြစ်အောင်၊ ကျောက်ပွတွေနဲ့ ဖို့နေတယ်၊ အနက်ကို လျော့တဲ့သဘောပါ၊ ရေတံခွန် အပေါ်စေတီကျောက်တုံးပတ်လည်ကိုဖြတ်သန်းမှုမလုပ်အောင် သံဆူးကြိုးတွေနဲ့ကာထားပါမယ်၊ အရံစေတီရဲ့ဘေးကအန္တရာယ် ရှိတဲ့ရေကန်ထဲကိုရေဆင်းမကူးနိုင်အောင် လုပ်ထားရပါမယ့်နည်းလမ်းရှာနေပါတယ်”ဟုဇင်းကျိုက်ရေတံခွန်လုပ်ငန်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောသည်။

မိုးရာသီတွင် ဇင်းကျိုက်ရေတံခွန်သို့ လာရောက်လည်ပတ်မှု နှစ်စဉ်များပြားလျက်ရှိပြီး ရေတံခွန်တွင် အသက်အန္တရာယ်ရှိသည့် အဓိက(၃)နေရာမှာ ရေတံခွန်အပေါ်ဘက်ရှိ စေတီတော်ကျောက်တုံးကြီးဘေးတွင် ရေညှိကြောင့် ချော်ကျနိုင်ခြင်း၊ အရံစေတီနားရှိ ရေကန်တွင် ရေအနက်(၁၅)ပေခန့်ရှိပြီး ဝဲဂယက်ဖြစ်နေခြင်းနှင့် ရေတံခွန်အောက်ရှိ ရေကူးကန်မှာ (၁၂)ပေခန့် အနက်အထိရှိနေခြင်းစသည့်နေရာများဖြစ်ပြီး အဆိုပါနေရာ များတွင် နှစ်စဉ်လူသေဆုံးမှုများဖြစ်ပေါ်ကြောင်း ထပ်မံပြောသည်။

ဇင်းကျိုက်ရေတံခွန်သို့ နှစ်စဉ် ဇွန်လလယ်လောက်မှစတင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ ပြည်သူ များလာရောက်လည်ပတ်လေ့ရှိပြီး ဥပုသ်ရက်များတွင် တစ်နေ့ကို လူနှစ်သောင်းကျော်လောက် လာရောက်ကြ ကြောင်း ရေတံခွန်အနီး စားသောက်ဆိုင်ဖွင့်ထားသည့် ကိုဇော်ဇော်က ပြောသည်။

ဇင်းကျိုက်ရေတံခွန်တွင် ရေတံခွန်အပေါ်ဘက်နှင့် ရေတံခွန်အောက်ဘက်နေရာနှစ်ခုစလုံးတွင် ရေ ကစားကြပြီး မိုးသည်းထန်စွာရွာသွန်းသည့် အချိန်များမှာ အန္တရာယ်အများဆုံးအခြေအနေရှိတတ်ကြောင်း ရေ တံခွန်လမ်းအတွင်း နေထိုင်သူတစ်ဦးကပြောသည်။

မွြန်ပည်နယ်တွင် ဇင်းကျိုက်ရေတံခွန်ကဲ့သို့ အခြားသော နာမည်ကျော်ရေတံခွန်များရှိပြီး ကျောင်းဖွင့် ချိန် ကာလများဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ကျောင်းသူကျောင်းသားများအဓိကထားလာရောက် လည်ပတ်လျက်ရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.