ကမ္ဘာကိုလှုပ်ခါခဲ့တဲ့ ဓါတ်ပုံ ၅ ပုံ

0
8838

အလီဇိန်း (ပါကစ္စတန်နေ့စဉ်)

လာဟိုး – လေကြောင်းတိုက်ခိုက်မှုကြောင့်ပြိုကျခဲ့တဲ့ အဆောက်အဦးထဲကနေဆွဲထုတ်လာတဲ့ အသက် ၅ နှစ်အရွယ် ဆီးရီးယားကလေးငယ် အကြောင်း ကို မကြာသေးခင်ကာလတုန်းကပဲ လူအတော် များများ ပြောဆိုခဲ့ကြပါတယ်။

international-feature

ဓါတ်ပုံသတင်းထောက် မိုဟာမက် ရပ်စ်လင်းက ဒီပုံကို ရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့ဒီကလေးငယ်ရဲ့ နာမည်က အိုမရမ်ဒက်ဂ်နီးဖြစ်တယ်လို့ ဆိုပါ တယ်။ သူ့ကို သူမိဘတွေ၊ သူ့မွေးချင်းတွေနဲ့ အတူ အဲ့ဒီအဆောက်အဦးပျက်ထဲကနေ သြ ဂုတ်လ ၁၇ ရက်နေ့က ကယ်ထုတ်လာခဲ့ပါတယ်။

ခွန်အားရှိတဲ့ အဲ့ဒီကလေးငယ်ရဲ့ဓါတ်ပုံဟာ အွန်လိုင်းပေါ်မှာ ဝေငှခဲ့ ပြန့်နှံ့ခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှား-အယ်လ်-အဆတ်၊ သူပုန် တွေ၊ အစ္စလာမ္မစ္စစစ်သွေးကြွတွေနဲ့ ကမ္ဘာအင်အားကြီးနိုင်ငံ တွေအကြား မရပ်တန့်နိုင်တဲ့ စစ်ပွဲကို မီးမောင်းထိုးပြခဲ့ပါတယ်။

သာမာန်ထက်ပိုလွန်ပြီး ခွန်အားရှိတဲ့ဓါတ်ပုံတွေ အကျိုးသက် ရောက်မှုကြီးမားခဲ့တာ ဒါ ပထမဦးဆုံး အကြိမ်တော့လဲ မဟုတ်ပါ ဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလဲ အခြားဆီးရီးယားကလေးငယ်တစ်ဦး ဖြစ်တဲ့ အလန်ခါဒီရဲ့ သေဆုံးပြီး ကမ်းခြေသောင်ပြင်ပေါ် မှောက်ခုံ လေးတင်နေတဲ့ပုံတစ်ပုံလဲကမ္ဘာကို ကိုင်လှုပ်ခဲ့ပါသေးတယ်။

သုံးနှစ်သားအရွယ် ဆီးရီးယားကလေးငယ်လေးတစ်ဦး တူရကီ က ဘိုဒရမ်ကမ်းခြေသောင်ပြင်ပေါ် မှောက်ခုံလေးလဲနေတဲ့ပုံကို ဒိုဂန်သတင်းအေဂျင်စီက နီလုဖာဒီမီးယားက ရိုက်ကူးခဲ့တာဖြစ်ပါ တယ်။

စက်တင်ဘာ ၂ ရက် ၂၀၁၅ ခုနှစ်မှာ အဲ့ဒီပုံကို ပထမဦးဆုံး ပုံနှိပ် ဖော်ပြခဲ့ပြီး ချက်ချင်းဆိုသလိုပဲ သန်းနဲ့ချီတဲ့ကမ္ဘာတစ်လွှားက လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီပုံဟာ ပြည်တွင်းစစ်ကိုရှောင်ပြေးဖို့ မြေထဲပင်လယ်ကိုဖြတ်သန်းဖို့ ကြိုး စားနေကြတဲ့ ဆီးရီးယားဒုက္ခသည် တွေခံစားနေရတဲ့ ဒုက္ခသုက္ခ တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

ရလဒ်အနေနဲ့ ဥရောပနိုင်ငံတွေဟာ ဆီးရီးယားဒုက္ခသည်တွေကို သူတို့နိုင်ငံကို ဝင်ခွင့်ပေးလိုက်ကြပါ တယ်။ ဥရောပသမဂ္ဂဟာ ဒုက္ခသည်အရေးနဲ့ပတ် သက်ပြီး အချိန်အတော်ကြာကြာ ထိန်းချုပ်ထားရက နေ နယ်စပ်ကို ဖွင့်ပေးလိုက်ပါတယ်။

နောက်ထပ်ဓါတ်ပုံတစ်ပုံကတော့ “သားရဲနဲ့မိန်းကလေးငယ်” လို့အမည်ပေးထားတဲ့ ၁၉ ၉ ၃ ခု မတ်လ ၂၆ ရက်နေ့မှာ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ ဓါတ်ပုံတစ်ပုံဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာ ပိန်လှီ အားပြတ်နေတဲ့ ကလေးမလေးဟာ မလှမ်းမကမ်းမှာရှိတဲ့ ကုလသမဂ္ဂအစားအစာဝေငှရေးစခန်းကို အသွားမှာ အနားမှာ လင်းတ ငှက်တစ်ကောင်က အစာအဖြစ်နဲ့ လာစောင့်နေတဲ့ပုံလေးပါ။

ဒီဓါတ်ပုံကို ဂျာနယ်လစ် ကီဗင်ကာတာ က ဆူဒန်နိုင်ငံ၊ အွိုက်ကျေးရွာနားမှာ ရိုက်ကူးခဲ့ပြီး နယူးယောက်တိုင်းမ် က ပထမဦးဆုံး ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီဓါတ်ပုံရဖို့ သူ မိနစ် ၂၀ လောက်စောင့်ပြီး လင်းတငှက်က ကောင်မလေးအနားကပ်လာတဲ့ထိ စောင့်နေခဲ့တယ်လို့ ကာတာ က ပြောပါတယ်။

ဓါတ်ပုံကို ပုံနှိပ်ဖော်ပြပြီးတဲ့နောက် နယူးယောက်တိုင်းမ်သတင်းစာနဲ့ဓါတ်ပုံဆရာတို့ဟာ လူ အများ ဝေဖန်တာ ခံခဲ့ရပြီး သတင်းစာက အယ်ဒီတာ့ အာဘော်ကနေ ပြန်လည်ရေးသားခဲ့ရတဲ့ အထိဖြစ်သွား ပါတယ်။

ဓါတ်ပုံဆရာဟာ အဲ့ဒီဓါတ်ပုံအတွက် ပူလစ်ဇာဆိုကို ၁၉၉၄ ခုနှစ် အကောင်းဆုံးသတင်းဓါတ်ပုံဆုနဲ့ ရရှိခဲ့ပေမယ့်လဲ အဲ့ဒီပုံကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါနဲ့ပဲ အဲ့ဒီနှစ်မှာပဲ မိမိကိုယ်မိမိသတ်သေခဲ့ပါတယ်။

၁၉ ၇၂ ခု ဂျွန်လ ၈ ရက်တုန်းကလည်း အေပီသတင်းဌာနက သတင်းဓါတ်ပုံဆရာ နစ်အွတ်က ကင်ဖွတ်ဆိုတဲ့ ကမ္ဘောဒီးယားက မိန်းကလေးငယ်ရဲ့ အံ့သြဖွယ်ပုံတစ်ပုံကို ရိုက်ယူခဲ့ပါသေးတယ်။ ဓါတ်ပုံမှာ အသက်ကိုးနှစ် အရွယ် ဝတ်လစ်စလစ်မိန်းကလေးငယ်ဟာ အော်ဟစ်ငိုယိုနေပြီး ဆိုင်းဂုံမြို့ အနီးက ဗုံးကျဲခံလိုက်ရတဲ့ သူမရဲ့ရွာကလေးကနေ ရွာလမ်းအတိုင်း ပြေးထွက်လာနေတဲ့ပုံဖြစ်ပါတယ်။

ဝတ်လစ်စလစ်ဖြစ်နေတဲ့အတွက် နယူးယောက်တိုင်းမ်သတင်းဌာနက ပုံကို ဖော်ပြဖို့ တုံ့နှေးနေ ပေမယ့်လဲ နောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်။ အဲ့ပုံဟာ ၁၉ ၇၂ ခုနှစ်အကောင်းဆုံးသတင်း ဓါတ်ပုံဆု အဖြစ် သတ်မှတ်ခြင်းခံရပြီး သတင်းဓါတ်ပုံအတွက် ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ နောက်ပိုင်းကျမှ ကင် ဖွတ်ဟာ အဲ့ဒီတုန်းက သူမဟာ “ပူတယ်၊ ပူတယ်” လို့အော်နေတာဖြစ်ကြောင်း ပြန်လည်အမှတ်ရ ပြောပြပါတယ်။

သေဆုံးနေတဲ့ညီငယ်ကို သုဿန်ဆီကိုသယ်လာတဲ့ ညီအစ်ကိုနှစ်ယောက်ပုံကတော့ ၁၉ ၄၅ ခုနှစ် တုန်းကဖြစ်တဲ့ စစ်အတွင်းရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ အဲ့ဒီပုံကို နာဂါစကီမြို့နားမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်က ညူးကလီးယားဗုံးကျဲချပြီးနောက် ရက်ပိုင်းအတွင်းမျာ ရိုက်ထားတာ ဖြစ်ပါတယ်။ အမေရိကန်စစ်ဘက်က ဗုံးကြောင့်ဖြစ်တဲ့အပျက်အစီးပမာဏကို မှတ်တမ်းတင်ဖို့ ဂျိုးအိုနယ်လ်ကို နာဂါစကီကို လွှတ်လိုက်ချိန်မှာ သူက ရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ဒီပုံကို ပုံနှိပ်ဖော်ပြလိုက်တဲ့အခါ အဆိုးဝါးဆုံးပုံတစ်ပုံပဲလို့ သတ်မှတ် ခြင်းခံရပါတယ်။ ဂျပန်မှာနေခဲ့တဲ့ ခုနစ်လတာ အတွင်းမှာ အင်မတန်ဆိုးရွားတဲ့ အခြေအနေတွေကို သူကြုံခဲ့ရပါတယ်။

ဂျပန်မီဒီယာတစ်ခုနဲ့အင်တာဗျူးတစ်ခုမှာ ဓါတ်ပုံဆရာက ဓါတ်ပုံအကြောင်းပြောပြရာမှာ ခုလိုပြောပြပါ တယ်။ “ ကျနော်ဟာ အသက်ဆယ်နှစ် လောက်ရှိတဲ့ကလေးတစ်ယောက် ဖြတ်လျှောက်လာတာကို သတိထားမိခဲ့ပါတယ်။ သူ့နောက်ကျောမှာ ကလေးတစ်ယောက်ကို သယ်ထားပါတယ်။ အဲ့ဒီခေတ် တုန်းက ဂျပန်မျာ ကလေးတွေဟာ သူတို့ရဲ့ညီငယ်တွေ ညီမငယ်တွေနဲ့ ကစားလေ့ရှိပြီး ကျောပိုးချီ ထားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီကလေးက လုံးလုံးကွာခြားပါတယ်။ သူ ဟာ အဲ့ဒီနေရာကို လေးလေး နက်နက်လာခဲ့တာဆိုတာကို ကျနော်မြင်နေရတယ်။ သူဟာ ဖိနပ်မစီးထားပါဘူး။ မျက်နှာလဲ တင်းမာ နေပါတယ်။ နောက်မှာ ပိုးထားတဲ့ကလေးရဲ့ဦးခေါင်းဟာ နောက်ကိုလန်ကျနေပြီး အိပ်ပျော်နေတယ်လို့ ထင်ရပါတယ်။ ကလေးက အဲ့ဒီနားမှာ ငါးမိနစ်၊ ဆယ်မိနစ်လောက် ရပ်နေပါတယ်.”

“မျက်နှာဖုံးအဖြူတပ်ထားတဲ့လူတစ်ဦးက ကလေးဆီလေ ျှာက်လာပြီး ပိုးထားတဲ့ကလေးကိုသိုင်းထား တဲ့ကြိုးကိုဖြုတ်ပါတယ်။ အဲ့တော့မှ ကလေးဟာ သေဆုံးနေပြီးဖြစ်တယ်ဆိုတာကို ကျနော်သိရပါ တယ်။ လူကြီးက သေနေတဲ့ကလေးကို လက်နဲ့ခြေကနေကိုင်ပြီး မီးထဲကိုထည့်လိုက်ပါတယ်။ ကောင်လေးဟာ အဲ့ဒီနေရာမှာပဲ တောင့်တောင့်ကြီးရပ်ပြီး မီးတောက်ကို ကြည့်နေပါတယ်။ အောက်နှုတ်ခမ်းကိုဖိကိုက်ထားတာ သွေးတွေထွက်လာတဲ့ အထိပါပဲ။ နေဝင်သွားတာနဲ့အမ ျှ မီးတောက်ဟာလဲ ညှိုးကျသွားပါတယ်။ ကောင်လေးဟာ နောက်ပြန်လှည့်ပြီး တိတ်တဆိတ်ပဲ ထွက်ခွာသွားပါတယ်။

ဘာသာပြန် – ထဝ် (ဓါတ်ပုံ – အင်တာနက်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.