သစ်တောဦးစီးဌာန စီမံပိုင်ခွင့်မြေပေါ်တွင် ရော်ဘာနှင့် အခြားစက်မှုကုန်ကြမ်း သီးနှံစိုက်ခွင့် မပြုတော့

0
7785

မော်လမြိုင်၊ စက်တင်ဘာ ၇

သစ်တောကြိုးဝိုင်း၊ ကြိုးပြင်နှင့် သဘာဝကာကွယ်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်း သီးနှံစိုက်ပျိုးမှုအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

စီမံချက်ကို ၂၀၁၅ မတိုင်ခင်နှစ်များတွင် သစ်တောကြိုးဝိုင်းဧရိယာများထဲတွင် ရော်ဘော၊ဆီအုန်းနှင့် စက်မှုကုန်ကြမ်းသီးနှံစိုက်နိုင်ရန် လျှောက်ထားခြင်းများ ခွင့်ပြုပေးခဲ့ပြီး ထိုစိုက်ပျိုးမှုများကြောင့် သားရဲတိရိစ္ဆာန် ကျင်လည် ကျက်စားရာတွင် ပျက်စီးမှုဖြစ်ပေါ်သည့်အတွက် ခွင့်မပြုတော့ကြောင်း မွန်ပြည်နယ် သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

“ကောင်းကင်ဓါတ်ပုံက ကြည့်ရင်သိရတယ်လေ။ ဒါကြောင့်မို့ကြိုးဝိုင်း၊ ကြိုးပြင်နဲ့ကာကွယ်တောတွေမှာ ရော်ဘာနဲ့ဆီအုန်းကို စိုက်ခွင့်မပေးတော့တာဖြစ်ပါတယ်” ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းသိန်းမြင့် ကပြောကြားသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧရိယာပေါင်း ၇၇၉၆၆.၆၁၇ဧကရှိခဲ့ပြီး ၂၀၁၀ခုနှစ် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာမှာ ၂၀၁၆ ခုနှစ်တွင် (၅၃၅၅၈၇.၂၅၃) ဧက ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာ ဦးစီးဌာနထံမှ သိရသည်။

၂၀၁၅ခု အောက်တိုဘာ ၁၃ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ ညွန်ကြားချက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင် ပုဂ္ဂလိက စိုက်ခင်းများ စိုက်ပျိုး တည်ထောင် ခွင့်ကို ၂၀၁၆ခုနှစ်မှစတင်၍ စီစစ်ခွင့်ပြုလျှက်ရှိသည်။

သို့ရာတွင် ယခင်ခွင့်ပြုပေးခဲ့သော နေရာများတွင် စီမံချက်ပါအတိုင်း စိုက်ပျိုးနိုင်ခြင်းမရှိခြင်း၊ မူလတောအား သစ်ထုတ်ခြင်းသာဆောင်ရွက်ပြီး နှစ်ရှည်သီးနှံများ စိုက်ပျိုးခြင်းမရှိခြင်း၊ အခြားမြေအသုံးချရန် ရည်ရွယ်ခြင်းတို့ ကြောင့် ခွင့်ပြုထားသည့် နှစ်ရှည်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းမရှိဘဲ ပြန်လည်သိမ်းဆည်းခဲ့ရ ကြောင်း၊ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ရာတွင် FAO ၏ သတ်မှတ်ချက်အရ ရော်ဘာ နှင့် ဆီအုန်း အား သစ်တောစိုက်ခင်းအဖြစ် သတ်မှတ်ခြင်းမရှိသဖြင့် သစ်တောဖုံးလွှမ်းမှု ဧရိယာများလျော့နည်းလာခဲ့သည်။

သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောပြုစုထိန်းသိမ်းရေလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လျှက်ရှိ သဖြင့် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း ရာဘာ၊ ဆီအုန်း နှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုး လုပ်ကိုင်ခွင့်အာား ခွင့်မပြုတော့ပါကြောင်း နှင့် စိစစ်ထောက်ခံတင်ပြခြင်း လုံးဝ မပြုကြရန် ညွှန်ကြားစာတွင် တွေ့ရသည်။
logo-osx
သတင်း- ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.