Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကို အောက်တိုဘာလတွင် ကျင်းပမှာတော့ မှာဖြစ်ပြီး မော်လမြိုင်မှ လဲ့လဲ့မိုးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

0
8345

မော်လမြိုင်၊စက်တင်ဘာ ၃

Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကို လာမည့်အောက်တိုဘာလ (၆)ရက်နေ့ ညနေ(၆)နာရီအချိန် နိုဗိုတယ်ဟော်တယ်မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်းသိရသည်

အဆိုပါပြိုင်ပွဲကို မြို့ကြီး(၁၉)မြို့မှWinner ဆုရရှိခဲ့သူ (၁၉)ဦးနှင့်အတူ ရန်ကုန်မြို့မှ အလှမယ် (၇)ဦးအပါအဝင် စုစုပေါင်း (၂၆)ဦး ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ၎င်းတို့ထဲတွင် Miss Universe Mawlamyine 2016 winner ဆုရှင် မလဲ့လဲ့မိုးကျော်လည်းပါဝင်ယှဉ်ပြိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်

“ညီမအနေနဲ့ ဒီပြိုင်ပွဲမှာ Winner ဖြစ်ခဲ့မယ်ဆိုရင်တော့ သူများနိုင်ငံမှာသွားပြိုင် ရမှာဖြစ်တဲ့အတွက် ဗုဒဘာသာဘုရားသမိုင်းတွေကို သူများနိုင်ငံမှာချပြမယ် Winner မဖြစ်ခဲ့ဘူးဆိုရင်တော့ ညီမက မွန်ပြည်နယ်ကဖြစ်တဲ့အတွက် ညီမတို့မြို့ကို အားလုံးသိအောင် ချပြခဲ့မယ် ညီမကမွန်လူမျိုးုဖြစ်လို့ မွန်ပြည်နယ်က ပရိတ်သတ်တွေပိုအားပေးတဲ့အတွက် ဝမ်းသာရပါတယ်”ဟု အဆိုပါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်Miss Universe Mawlamyine Winner ဆုရှင် မလဲ့လဲ့မိုးကျော်က ပြောသည်

အဆိုပါပြိုင်ပွဲနှင့်ပတ်သတ်ပြီး မုံရွာမြို့မှာ Winner ဖြစ်ခဲ့တဲ့ Miss Universe Moneywar 2016 သရဖူဆုရှင် မချောနနာ မောင် က “Winner ဆုရခဲ့မယ်ဆိုရင်တော့ သူများနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင် ဖို့အတွက် Perfect ဖြစ်အောင် ကြိုးစားပြီးပြင် ဆင်သွားမှာ ပါ ဒီဆုကို လွဲချော်ခဲ့မယ်ဆိုရင် တော့ ညီမရဲ့လိုအပ်ချက်တွေ ကို စစ်ဆေးပြီး ပြင်ဆင်မယ် နောင်နှစ်တွေမှာယှဉ်ပြိုင် ဖို့အတွက် အတွေ့အကြုံတစ်ခုရသွားတာပေါ့”ဟု သူမက ပြောသည်

ယခုနှစ် Miss Universe Myanmar ပွဲသည် ရန်ကုန်မြို့တစ်ခုထဲက ရွေးချယ်တာမျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ နယ်ပယ်အသီးသီးက အလှမယ်များပါ ယှဉ်ပြိုင်ခွင့်ပေးပြီးရွေးချယ်ခြင်းကြောင့် ထူးခြားပြီးရင်ခုန်စိတ်လှုပ်ရှား ဖွယ်ပိုကောင်းကြောင်း Miss Universe Myanamar 2014 မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သျှားထွဋ်အိနြာက သံလွင်တိုင်းမ်သို့ပြောသည်

“အစ်မတို့တုန်းကနဲ့မတူဘူး အခုက နယ်အသီးသီးက ရွက်ပုန်းသီးအလှမယ်တွေပါ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ရင်ခုန်ဖို့လည်းကောင်းပါတယ် အကုန်လုံးကလည်း သူ့နေရာနဲ့သူ Crown ရခဲ့တဲ့သူတွေဖြစ်တဲ့ အတွက်ကြောင့် အတွေ့အကြုံလည်းရှိပြီးသားပါ”ဟု ၎င်းကပြောသည်
miss-universe-myanmar-2017
အဆိုပါပြိုင်ပွဲတွင် Winner ဆုရရှိသူက (၆၆)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင် ရမှာဖြစ်ပြီး First Runner ဆုရခဲ့ပါက Miss Grand International 2017 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင် ခွင့်ရရှိမှာ ဖြစ်ပါတယ်

“နိုင်ငံခြားမှာ ပဲဖြစ်ဖြစ် ပြည်တွင်းမှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်တဲ့အခါ မြန်မာဆိုတဲ့ ဂုဏ်ကို မပျောက်စေချင်ဘူး စိတ်ဓါတ်ပိုင်းမှာလည်း သူများနိုင်ငံနဲ့ယှဉ်ပြိုင်တဲ့အခါ ပိုပြီး Strong ဖြစ်စေချင်တယ် စိတ်ဓာတ်မကျစေချင်ဘူး ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်မျိုးပဲရှိတဲ့အတွက် နိုင်တဲ့ဒဏ်ရော ရှုံးတဲ့ဒဏ်ရော ခံနိုင်အောင် ကြိုးစားထားပါ Over Confidence တွေမဖြစ်စေချင်ဘူး”ဟု ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်များအား ၂၀၁၄ ခုနှစ်ကမြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ခဲ့ဖူးသည့် သျှားထွဋ်အိနြာက ဆက်လက်ပြောကြားသည်

Miss Universe Myanmar ပြိုင်ပွဲကြီးကို ၂၀၁၃ ခုနှစ်မှစပြီး စတင်ကျင်းပခဲ့ရာ Miss Univer Myanmar 2013 Winner ဆုကို မိုးစက်ဝိုင်မှ လည်းကောင်း ၊ Miss Universe Myanmar 2014 Winner ဆုကိုသျှားထွဋ်အိနြာ မှ လည်းကောင်း၊ Miss Universe Myanmar 2015 ဆုကို မေဘရဏီသော် မှ လည်းကောင်း အသီးသီးရရှိ ခဲ့ပြီး Miss Universe Myanmar 2016 ကိုတော့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် ထက်ထက်ထွန်းက သွားရောက်ယှဉ်ပြိုင် ရမှာ ဖြစ်ကြောင်းသိရသည်

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.