တစ်ခုလတ်မိခင်တွေကို ကူညီသော Bao အမျိုးသမီး ဆုချီးမြှင်ခံရ

0
8201
photo: channel newsasia

Sarah Tan ဟု အမည်ရသည့် Bao အမျိုးသမီးသည် တစ်ခုလတ်မိခင်များနှင့် အိမ်ခြေမဲ့လူငယ်များအတွက် သူမ၏ အိမ်ခန်း ၅ ခန်းကို ဂေဟာသဖွယ် ၁၀ နှစ်ကျော်ကြာ ဖွင့်လှစ်ခဲ့ဖူးပါသည်။ သူမ၏ လုံ့လများအတွက် အသက် ၅၂နှစ်အရွယ်ရှိသည့် အမျိုးသမီး Tan သည် အမျိုးသမီးထု၏ စီးပွားရေးအင်အားမြှင့်တင်သည့်အတွက် တစ်ဦးတည်းထူးချွန်ဆုကို Association of Women for Action and Research (Aware)အဖွဲ့မှ ချီးမြှင့်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“တကယ်တော့ ကျွန်မပျော်ပါတယ်။ ကျွန်မလည်း တစ်ခုလတ်မိခင်တစ်ယောက်ဖြစ်လို့ သူတို့တွေရဲ့ ရုန်းကန်ရမှုကို နားလည်ပါတယ်” ဟု ပြောကြားခဲ့သည်။ Tan အမျိုးသမီးသည် စားဝတ်နေရေးချို့တဲ့သော စင်ကာပူနိုင်ငံများနှင့်အတူ ၂၀၀၇ခုနှစ်တည်းက စင်တင်ကာ အလုပ်လုပ်ခဲ့ပြီး Ang Mo Kio ဟု အမည်ရသည့် ဆိုင်ခန်းငယ်လေးမှာ တစ်ခုလတ်မိခင်တစ်ဦးကို အခန်းငှားရမ်းခြင်းမှစတင်၍ အမျိုးသမီး ထုနားခိုရာအဆောက်အဦးတစ်ခုဖြစ်ဖို့ အစပြုခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးကို အခန်းငှားရမ်းပြီးသည့်နောက်တွင် သူမ၏ ရိုးသားပျူငှာမှုကြောင့် ယင်းနှင့်တကွလိုက်ပါလာသော ကလေးငယ်လေးဦးကိုပါ Tan အမျိုးသမီးက ကူညီစောင့်ရှောက်ပေးခဲ့ခြင်းဖြစ် သည်။

Tan အမျိုးသမီးက သူမ၏ခင်ပွန်းကို ယာဉ်တိုက်မှုတစ်ခုတွင် ဆုံးရှုံးခဲ့ရပြီး ကလေးသုံးဦးနှင့်အတူကျန်ရစ်ကာ တစ်ခုလတ်မိခင်တစ် ယောက်ရင်ဆိုင်ရမည့် အခက်အခဲများကို ရင်ဆိုင်ခဲ့ပြီး အသိအမြင်အတွေ့အကြုံပိုမိုရရှိခဲ့ကြောင်းဟု ပြောကြားသည်။ အချိန်အတော် ကြာ ခင်မင်ခဲ့ရသည့် အသက် ၅၆ နှစ်အရွယ်ရှိသည့် သူမ၏ သူငယ်ချင်း Esther Tham ကလည်း သူမ၏ လုံ့လစိုက်ထုတ်မှုများကို အသိ အမှတ်ပြုပါကြောင်းနှင့် ဝမ်းသာရပါကြောင်းဟု ပြောကြားခဲ့သည်။

photo: channel newsasia
photo: channel newsasia

ဘာသာပြန်သူ – မျိုးမြတ်လွင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.