အရည်အသွေးကောင်းမွန်ခြင်းမရှိဟု ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့သည့် မော်ရင်ဟို အရေးယူခံဖွယ်ရှိ

0
7988

မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြအသစ် မော်ရင်ဟိုသည် လီဗာပူးလ် နှင့် တွေ့ဆုံ သည့် ပွဲတွင် ကိုယ်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ေတေလာကို ဝေဖန်ပြစ်တင်ခဲ့သည့် အတွက် အရေး ယူခံရဖွယ် ရှိနေသည်။

သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည့် မန်ချက်စတာ ယူနိုက်တက်အသင်း၏နည်းပြ မော်ရင်ဟို ၏ ဝေဖန်မှုကြောင့် တေလာမှာ ဖိအားဝင်နေပြီး မော်ရင်ဟိုကို အရေးယူနိုင်ဖွယ်ရှိကြောင်း သိရသည်။

နည်းပြ မော်ရင်ဟိုကမူ ကွင်းလယ်ဒိုင်တေလာမှာ အရည်အသွေးကောင်းမွန်ခြင်းမရှိနိုင်ဟု ဝေဖန်ခဲ့ပြီးနောက် အရေးယူခံရမည်ကို စိုးရိမ်မိသောကြောင့် ထပ်မံဝေဖန်မှုများ မပြုလုပ်ခဲ့ပေ။

ပရီးမီးယားလိဂ်မှာ ရမှတ် (၁၄) မှတ်ရရှိထားသည့် မန်ယူအသင်းမှာ လာမည့် အောက်တိုဘာ လ (၂၃) ရက်နေ့တွင် ချယ်ဆီးအသင်းနှင့် ထိပ်တိုက်တွေ့ဆုံရန်လည်းရှိနေပြီး လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၇) နေရာတွင် ရပ်တည်လျက်ရှိသည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.