တော်ဝင်မီးသဂြိုဟ်အဆောက်အဦးဆောက်ဖို့ပြင်ဆင်

0
7849

The Nation

ဘုရင် Bhumibol Adulyadej အတွက် တော်ဝင်မီးသဂြိုဟ်အဆောက်အဦးတည်ဆောက်ဖို့ မင်းသား Maha Vajiralongkorn က အရေးတကြီးနေရာပေးခဲ့ပြီး မင်းသား Maha Chakri Sirindhorn ကိုလည်း ထိုစီမံချက်အား စီစဉ် ညွှန်ကြားဖို့ညွှန်ကြားထားသည်ဟု လက်ထောက်ဝန်ကြီးချုပ် Wissanu Krea-ngam က ပြောကြားခဲ့သည်။

နန်းတော်မှာပင် တော်ဝင်ဘုရင်မင်းကြီး၏ ပြာအိုးကိုထားရှိပြီး ထိုရှေ့တွင် လူသူအများအပြား အရိုအသေ ပေးနိုင်ရန် အတွက်ပါ ပါဝင်မည့် တော်ဝင်ဘုရင်မင်းကြီး၏ မီးသဂြိုဟ်အစီအစဉ်တစ်ခုလုံးအကြောင်းကို ပြောကြားခဲ့ပြီး အစိုးရအဖွဲ့ အစည်း အဝေးတွင်လည်း ဆွေးနွေးသွားဖို့ရှိကြောင်းဟုလည်း ပြောကြားခဲ့သည်။ ဘုရင်မင်းကြီးနတ်ရွာစံသည့်နေ့ (ကြာသပတေး) တည်းကစတင်ကာ တစ်နှစ်အချိန်ထိ တရားဝင်ဝမ်းနည်းကြေကွဲခွဲခြင်းအခါသမယအဖြစ် အစိုးက သတ် မှတ်ခဲ့သည်။ ယခုမှစ၍ နောက်ဆုံးနှုတ်ဆက်ပွဲတိုင်အောင်ထိ များပြားလှသော တော်ဝင်အခမ်းအနားအစီအစဉ်များကို လည်း ကျင်းပ သွားဖို့ ရှိနေပါသည်။

တော်ဝင်၏ ဥပဒေရေးရာကျွမ်းကျင်သူ Wissanu က Lord Chamberlain Chirayu Isarangkun Na Ayuthaya နှင့် Sanam Luang ၌တည်ဆောက်မည့်အလုပ်နှင့်ပတ်သက်ပြီး တိုင်ပင်ခဲ့ပြီး ဘုရင်ကြီးအတွက် ထုံတမ်းအစဉ်အလာတိုင်း မီးသဂြိုဟ်ရန်နေရာအတွက်လည်း တော်ဝင်မိသားစု၏ အဓိကပါဝင်ပတ်သက်သူများနှင့် တိုင်ပင်ခဲ့ပြီးဖြစ်ကြောင်း ပြော ကြားခဲ့သည်။

စီမံချက်နှင့်ပတ်သက်၍ Lord Chamberlain၏ ရှင်းလင်းချက်တွင် တော်ဝင်မီးသဂြိုဟ်အဆောက်အဦးသည် အဓိက လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တော်ဝင်ဧည့်သည်များ၊ နိုင်ငံခြားသားဧည့်သည်များနှင့် အခြားသောအခမ်းအနားတက် ရောက်မည့် ဧည့်သည်များအတွက်လည်း အခြားသော အဆောက်အဦးများကိုပါ တည်ဆောက်သင့်ကြောင်းဟု ပါရှိသည်။

နန်းတော်၌ တော်ဝင်ဘုရင်မင်းကြီးအရိုးပြာအိုး ထားရှိမည့်ကိစ္စနှင့်ပတ်သက်သည့် လုံခြုံရေးအစီအမံများ အတွက်လည်း နိုင်ငံတော်အဆင့် လက်ထောက်ရဲအရာရှိ Pol General Dejnarong Sutthichanbancha က မြို့တော်နှင့် နိုင်ငံတစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာ ရဲအစုအဖွဲ့များနှင့်အတူ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဘန်ကောက်သို့ လာရောက် ကြည့်ရှုကြမည့် ခန့်မှန်းလူဦးရေ ၆သောင်းခန့်ကို မည့်ကဲ့သို့ လုံခြုံရေးယူမည့် အစီအစဉ်များကိုလည်း ရေးဆွဲခဲ့ကြောင်း သိရသည်။ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ကလည်း အခမ်းအနားအတွက် တစ်နေ့လျှင် အရာရှိဦးရေ ၅၀၀၀မှ ၆၀၀၀ အထိ သုံးစွဲ မည်ဖြစ်သည်။ အကယ်၍ မြို့ပေါ်ရှိ ရဲတပ်ဖွဲ့အင်အားနှင့်မလုံလောက်လျှင် တစ်နိုင်ငံလုံးရှိ ရဲရုံးများကို ရွှေ့ပြောင်း အသုံး ချမည်လည်း ဖြစ်သည်။

ဘုရင်မင်းကြီး နတ်ရွာစံမှုကြောင့် အစိုးအဖွဲ့မှ ဝန်ထမ်းများနှင့် အခြားသောပြည်နယ်အေဂျင်စီများက ကျန်သောနိုင်ငံသား များနည်းတူ သောကရောက်ခဲ့ကြရသော်လည်း မျက်မြင်ထင်ရှာဖြစ်တည်နေသောအရာများ ပုံမှန်ဆက်လက်ဖြစ်ပေါ်နိုင်ရန် လူထုကို အာမခံထားပြီးဖြစ်သည်။ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Sansern Kaewkamnerd က အစောပိုင်း ပြောကြားချက်တွင် နောက်နှစ်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် လမ်းပြမြေပုံကို အချိန်ဇယားအတိုင်း ဆက်လက်အကောင်အထည် ဖော်မည်ဟု ပါရှိသည်။

သို့သော်လည်း ဘုရင်မင်းကြီးနတ်ရွာစံသည့်နောက်မှာ လမ်းပြမြေပုံအတိုင်း သဘောတူညီထားသည့် ပြုပြင်ပြောင်းလဲရေး အလုပ်များကို တာဝန်ကျေပွန်ရမည့် လူထုခေါင်းဆောင်များအနေဖြင့် ဤကဲသို့အကူအပြောင်းကာလအတောအတွင်း အသွင်ပြောင်းရေးကိစ္စများအား ဘယ်လို ယူဆောင်မလဲဆိုသည့်အပေါ် မှတ်ချက်ပေးနိုင်ဖို့ ငြင်းဆိုခဲ့ကြပြီဖြစ်သည်။

ဘာသာပြန်သူ – မျိုးမြတ်လွင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.