မင်းမဲ့စရိုက်ဆန်စွာ မြို့လည်ခေါင်မှနေအိမ်ကို လူ၂၁ ယောက်မှ ညအချိန်လာရောက်ရမ်းကားမှုကျုးလွန်သူကိုအာမခံပေးထားမှုအပေါ် မကျေနပ်ဟုဆို

0
8142

သထုံမြို့ ပေါ်ရပ်ကွက်တခုက လုပ်ငန်းရှင်တစ်ဦး၏နေအိမ်သို့ညပိုင်းအချိန်တွင် တုတ်နှင့်ဓားများကိုင်ဆောင်ထားကြသည့်လူအုပ်စုတစ်စုမှ ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် လာရောက်ပြီးနေ အိမ်အပေါ်ထပ်အထိ တံခါးများအားဖျက်ဆီး တက်ရောက်ရမ်းကားခဲ့ကြသည်ဆိုသော

တိုင်တန်းချက်ပါ အမှုမှ ပါဝင်သူ ခေါင်းဆောင်ကို သထုံမြို့နယ်တရားရုံးက အာမခံပေးလိုက်သော လုပ်ရပ်အား ကျေနပ်မှု မရှိကြောင်း ထိုအမှုအားရဲစခန်း၌တိုင်ကြားထားသူ ကိုဝင်းစိုးမိုး က သံလွင်တိုင်းမ်သို့ ပြောဆိုခဲ့သည်။

“သူတို့အဖွဲ့က ၂၁ ယောက် လောလောဆယ် ၅ ယောက်ကို ရဲ ကဖမ်းပြီးတော့ တရားရုံးကိုပို့တယ် အောင်မြင့်မော် ဆိုတဲ့ ခေါင်း
ဆောင်လုပ်တဲ့သူကိုသထုံတရားရုံးက အာမခံပေးလိုက်တယ် သူ့နောက်လိုက်တွေ ၄ ယောက်ကိုတော့ ချုပ်ထားတယ်လို့သိရတယ်
ဒီလိုမင်းမဲ့စရါုက်ဆန်တဲ့လုပ်ရပ်အမှုအပေါ် ဥပဒေ မှာ အဲဒီလုလုပ်လို့ရသလားသိချင်ပါတယ်“ ဟု သထုံမြို့ သိမ်ကုန်းရပ် မင်းလမ်းမ နေ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းစိုးမိုး က ပြောဆိုသည်။

အောက်တိုဘာ၁၃ ရက်နေ့ည ၁၀ နာရီကျော်ခန့်အချိန် က သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်မှ ကောင်းကောင်းဆိုင်ကယ်ရောင်းဝယ်
ရေး လုပ်ငန်းပိုင်ရှင် ဦး ဝင်းစိုးမိုး ၏ နေအိမ်သို့ နန်းခဲ ရပ်ကွက်မှ ရေခဲစက်လုပ်ငန်းရှင် ကိုအောင်မြင့်မော် ဦးဆောင်သော လူ ၂၁
ယောက်မှ တုတ်များဓါးများကိုင်ဆောင်ကာ ဆိုင်ကယ် ၃စီး ကားတစ်စီးဖြင့် ဝင်ရောက်လာပြီး ကိုဝင်းစိုးမိုး အိပ်နေသည့် အိမ်အပေါ်
ထပ်အထိ တံခါး ၄ဆင့်အားဖျက်ဆီးပြီးဝင်ရောက် လာသဖြင့် ကို ဝင်းစိုးမိုးသည် ကိုယ်လွတ်ရုန်းပြီးထွက်ပြေးခဲ့ရကြောင်း အိမ်မျက်
စောင်းထိုးရှိ အောင်မြင့်မြတ်ထမင်းဆိုင် ထဲဝင်ရောက် နိုင်ခဲ့ ပြီး အသက်ချမ်းသာရာရခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ကိုဝင်းစိုးမိုး ၏ညာ
လက်ပြင်နှင့် ခြေမျက်စိတို့ တွင်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ထိုသို့မြို့လယ်ခေါင်တွင် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုလိုက် ကျုးလွန်ခဲ့သည့်ကိစ္စအား သထုံရဲစခန်းသို့တိုင်ကြားခဲ့ရာ (ပ)၆၀၃/၂၀၁၆
ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂ /၁၁၄ အရ ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး အောက်တိုဘာ ၁၄ရက်နေ့တွင် အောင်မြင့်မော် အပါ
အဝင်လူ၅ယောက်အားဖမ်းဆီးခဲ့ကြောင်း ချုပ်မိန့်အားသထုံမြို့နယ်တရားရုံးသို့ အမှုစစ် ဒုရဲအုပ် အာကာထွန်း မှတောင်းခံခဲ့စဉ် သထုံ
မြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင် မှ ကျန် ၄ ယောက်အားချုပ်မိန့်ရီမန် ပေးသော်လည်း အမှုမှ ဦးဆောင်သူ ကို အောင်မြင့်မော်
အား အာမခံ ဖြင့် လွှတ်ပေးလိုက်သည့်အပေါ် တရားလိုမှ မကျေနပ်ကြောင်းပြောဆိုခြင်းဖြစ်သည်။်

ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂ မှာ ရာဇ ဝတ်ကျင့်ထုံးဥပဒေအရသာမန်အခြေအနေတွင်အာမခံပေးခွင့်မရှိသောပုဒ်မဖြစ်နေ၍ ယခုကဲ့
သို့အာမခံပေးရခြင်းနှင့်ပတ်သက်ပြီးသထုံမြို့နယ်တရားရုံးသို့သွားရောက်မေးမြန်းခဲ့စဉ်“ကျင့် ၄၉၇(၁) ချွင်းချက်အရ သူက သွေးတိုး
ရောဂါနဲ့ အသဲခြောက်ရောဂါရှိလို့ဆိုပြီး အသဲအထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းဆီက ကုသမှု မှတ်တမ်းတင်ပြလာတယ်
တရားလိုဒဏ်ရာရထားတယ်တို့ လူ ၂၁ ယောက်ပါတယ်ဆိုတာ မည်သူက မည်သို့ မည်သည့်လက်နက်နဲ့ပြုလုပ်ပါတယ်ဆိုတာတွေ
ရီမန်တောင်းတဲ့အခါက ဖော်ပြမထားဘူး မြို့မိမြို့ဖတွေက သိန်း၂၀ ကျပ်တန်ခံဝန်နဲ့အာမခံလို့ ခံဝန်ပေးတာပါ“ ဟု မြို့နယ်တရားသူကြီး
ဦးရွှေမြင့်အောင် က ဖြေဆိုခဲ့သည်။
%e1%80%9e%e1%80%91%e1%80%b6%e1%80%af%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%9b%e1%80%bd%e1%80%ad-%e1%80%85%e1%80%ae%e1%80%b8%e1%80%94%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%b6%e1%80%9b
အမှုနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်များအားသထုံရဲစခန်းသို့မေးမြန်ခဲ့ရာ“CCTV မှာပေါ်တဲ့ ၅ ယောက်ကိုဖမ်းတယ် ရီမန်ယူ
အာမခံပေးတာမပေးတာကတော့တရားသူကြီးရဲ့အပိုင်းပါ ကျန်တဲ့သူတွေကိုလည်းစစ်နေပါတယ် ပေါ်တဲ့သူကိုဖမ်းဆီးသွားမှာပါ“ ဟု
ု သထုံရဲစခန်းမှုးဒုရဲမှုးသန်းဇော် ကဖြေဆိုသည်။အိမ်ရှင် ကိုဝင်းစိုးမိုးနှင့် အိမ်ကျုးကျော်မှုကျုးလွန်ခဲ့ကြောင် းစွပ်စွဲခံထားရသ ူကိုအောင်
မြင့်မော်တို့မှာ သမီးယောက်ဖတော်စပ်ပြီး အိမ်ထောင်ရေးပြသနာကိုအခြေခံ၍ ယခုကဲ့သို့ ပြသနာဖြစ်ပွားရခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့
ကပြောဆိုခဲ့သည်။သို့သော်လည်း အမှုတိုင်ကြားထားသူနှင့် စွပ်စွဲခံရသူတို့မှာ အိမ်နေရာ၊ လုပ်ငန်း၊နှင့် လူမှုရေးတစ်စုံတစ်ရာပတ်သက်မှုမရှိဘူးလို့ ကိုဝင်းစိုးမိုးက ရှင်းလင်းပြောဆိုထားသည်၊

အမှုနှင့်ပတ်သက်၍ လောလောဆယ်တွင်တရားခံဟု ယူဆရသူ ၄ ယောက်ကို ဖမ်းဆီးထားပြီး အောက်တိုဘာ ၂၈ ရက်နေ့အထိ
ချုပ်မိန့်ရီမန်ရထား ကြောင်း တစ်လအတွင်းတရားစွဲတင်ခြင်းပြုလုပ်ရသည့်လုပ်ငန်းသဘဝရှိကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.