ဒူတာတေကို လက်လျော့လိုက်တာတွေ

0
8049
ဟေ့ဂ်တရားရုံးက တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ဆုံးဖြတ်ချက်ချအပြီး ဘေဂျင်းက ဖိလစ်ပိုင် သံရုံးကိုသွားတဲ့ လမ်းတစ်လမ်းကို တရုတ်ရဲအရာရှိတစ်ဦးက တားမြစ်နေတဲ့ပုံဖြစ်ပါတယ်။

ဂရက်စ်ရပ်ဂ်ဖော့ဂရက် ရပ်ရှ်ဖော့် (ဖောရိန်းပေါ်လစီ)
အောက်တာဘာ ၁၇၊ ၂၀၁၆

ဇွန်လ ၃၀ ရက်နေ့ အာဏာကိုလက်ပြောင်းလွှဲယူပြီးကတည်းက ဒူတာတေဟာရီလို့လဲခေါ်တဲ့ ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂို ရိုအာ ဒူတာတေဟာ နိုင်ငံတစ်ဝှမ်း မူးယစ်ဆေးရောင်းဝယ် ဖောက်ကား သုံးစွဲသူတွေကို ဖြိုခွင်းရာမှာ

လူပေါင်း ၃၆၀၀ ကျော်ကို တရားစီရင်ရေးနယ်ပယ်ပြင်ပမှာ သတ်ဖြတ်ခဲ့ တာတွေလုပ်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတကာက နှာခေါင်းရှုံ့မှုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်ဖြိုခွဲသတ်ဖြတ်တာတွေကြောင့် သူဟာ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ အမေရိ ကန်တို့ဟာ သတိပေးအချက်ပေးသံလိုက်သလိုဖြစ်စေခဲ့ပါတယ်။ တစ်ချိန်မှာလည်း ဒူတာတေဟာ ဘားရက်အိုဘားမားကို “-ာသည်မသား” ဆိုပြီး ခေါ်ခဲ့သလို မူးယစ်ဆေးနဲ့ပတ်သက်သူတွေကို ပစ် သတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ အမေရိကန်ကိုလဲ “ငရဲကိုသွားလိုက်” ဆိုပြီး ပြင်း ပြင်းထန်ထန်ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အနှေးနဲ့အမြန်ဆိုသလိုပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ လုံခြုံရေးအာမခံ လည်းဖြစ်၊ ရှည်ကြာလှတဲ့ မဟာမိတ်နိုင်ငံလည်းဖြစ်တဲ့အမေရိကန်နဲ့ လမ်းခွဲဖို့ကို ကြွေးကြော်လာခဲ့ ပါတယ်။

ဒူတာတေအနေတစ်ယောက် ဒီလိုအလွန်အကျွံဖြစ်နေတာတွေကို လုံးဝအနှောက်အယှက် မဖြစ်ပဲ ကျေနပ်နေတဲ့ နိုင်ငံတကာ အင်အားကြီးနိုင်ငံတစ်နိုင်ငံတော့ ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ရှောင်ဂျန်ဟွာက “ဒူတာတေအနေနဲ့ ခုလို မူူးယစ်ဆေးနဲ့ဆက်နွယ်တဲ့ရာဇဝတ်မှုတွေ ကို တိုက်ပွဲဝင်သွားဖို့ ဦးစားပေးခဲ့တဲ့ ဒူတာတေအစိုးရအဖွဲ့ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အပြည့်အဝနားလည်မှုရှိပါတယ်” ဆိုပြီး ပြီးခဲ့တဲ့လတုန်းက ပြောဆိုခဲ့ပါတယ်။

“နှစ်နိုင်ငံဆက်ဆံရေးစာမျက် နှာသစ်တွေပေါ်မှာ နေရောင်ဟာ တောက်ပလှပစွာ ထွန်းလင်း နေမယ်” ဆိုပြီးတော့ ခန့်မှန်းပြောဆိုခဲ့တဲ့ပြင် သမ္မတသစ်လက် ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးဟာ မိတ်ဆွေသဘောပိုဆန်လာတဲ့အပေါ် သူ့အနေနဲ့ကျေနပ်ပါကြောင်းကိုလဲ သူက ဖော်ပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သံအမတ်ကြီးဟာ သက်ဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး လည်လည်ဝယ်ဝယ် ပါးပါးနပ်နပ်ရှိနေပုံပါပဲ။ ဒီအပတ် အတွင်းမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေဟာ တရုတ်သမ္မတရှီဂျင်ပင်းနဲ့ ဘေဂျင်းမှာ တွေ့ဆုံဖို့ရှိပါတယ်။ နှစ်နိုင်ငံအကြား ကုန် သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေး နိုင်မယ့် အဆင်မြင့် နှစ်နိုင်ငံသဘောတူစာချုပ်တွေကို လက်မှတ်ထိုးဖို့လဲ အစီအစဉ်ရှိပါတယ်။ စီးပွားရေးနဲ့ပတ်သက်လာရင် မိတ်ဆွေသစ်တွေနဲ့တောင်မှ အကန့်အသတ်ဆိုတာ မရှိစ ကောင်းဘူး ဆိုသလိုပါပဲ။ ဖိလစ်ပိုင်နဲ့ အခြားနိုင်ငံများက ပိုင်ဆိုင်တယ်လို့ ကြေငြာပြောဆိုနေတဲ့ အတွက် တရုတ်နိုင်ငံက မိမိပိုင်ကြောင်းပြသဖို့ ရေ တပ်စေလွှတ်ထားတဲ့ မဟာဗျူဟာအရအရေးကြီး တဲ့တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်-အမေရိကန်ပူးတွဲကင်းလှည့်စောင့် ကြည့်မှုလုပ်နေတာတွေကို ရပ်ဆိုင်းမယ်လို့ ဒူတာတေက ကြေငြာပြီး ရပ်ပိုင်းအတွင်းမှာပဲ ဒူတာတေအနေနဲ့ တရုတ်နိုင်ငံကို သွား ရောက်လည်ပတ်ဖို့ဖြစ်လာတာဖြစ်ပါတယ်။

ဆိုတော့ ဘာ့ကြောင့်ဒီလို မူဝါဒပြောင်းရွှေ့မှုတွေဖြစ်လာတာလဲ။ အချက်တစ်ချက်က ဒူတာ တေအနေနဲ့ တရုတ်နဲ့ မိတ်ဆွေဖြစ် လိုတာဟာ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံအနေနဲ့ ခက်ထန်မှုရှိနေတာကို လျော့ပါးစေလိုတဲ့ဆန္ဒရှိတာကို ရောင် ပြန်ဟပ်ဖော်ပြလိုတာဖြစ်ပါတယ်။ အငြင်းပွားနေဆဲ တောင်တရုတ်ပင်လယ်မှာ စက်သေနတ်နဲ့အမြှောက်တွေတပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်တည်ရှိနေမှုဟာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေအနေနဲ့ မိရိုးဖလာငါးဖမ်းလုပ်ငန်းကို များစွာထိခိုက်စေ ခဲ့ပါတယ်။ ပြန်လည်အစားထိုးလို့မရတော့တဲ့ ပင်လယ်သန္တာကျောက်တန်းတွေကို ဖျက်ဆီးပြီး လေကွယ်ရာရေတပ်စခန်းတစ်ခု တည်ဆောက်ပြီး တရုတ်ကာကွယ်ရေးစနစ်ကို ခိုင်မာ တောင့်တင်းစေဖို့အတွက် လုပ်နေတဲ့ တရုတ်မြေတူးစင်တွေဟာ ဖိလစ်ပိုင် နိုင်ငံရဲ့ စက်မှုဇုံ နယ်နိမိတ် ဖြစ်တဲ့ ရေမိုင် ၂၀၀ အတွင်းမှာ တည်ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မကြာခင်နှစ်တွေအတွင်း နိုင်ငံကလိုအပ်တဲ့လျှပ်စစ်တွေကို ထုတ်လုပ်နိုင်ဖို့ လိုအပ်လာမယ့် တန်ဖိုးရှိလှတဲ့ ရေနံ၊ ဓါတ်ငွေ့နဲ့ အဖိုးတန် တွင်းထွက် စွမ်းအင်တွေကို ဖိလစ်ပိုင်တွေ မထုတ်ယူနိုင်အောင် ပိတ်ပင်ထားပါတယ်။ ဒူတာ တေကတော့ အဲ့ဒါတွေအတွက် စစ်ပွဲတစ်ပွဲ မတိုက်လိုပါဘူးလို့ ကြေငြာထားပါတယ်။ ဒူတာတေ သမ္မတရာထူးလက်မခံခင် နှစ်ပတ်လောက်အလို ဇူလိုင်လ ၁၂ ရက်နေ့တုန်းကပဲ ဟေ့ဂ်မြို့အခြေစိုက် နိုင်ငံတကာတ ရားရုံးက တရုတ်နိုင်ငံကိုယ်တိုင် လိုက်နာပါမည့်အကြောင်း ကျမ်းကျိန်ထားတဲ့ နိုင်ငံတ ကာရေကြောင်းဥပဒေကို ချိုးဖောက်ပြီး အကြမ်းဖက်အပြုအမူတွေလုပ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှုကို ဖိလစ်ပိုင်သမ္မတ ဘန်နစ်ဂို အကွီနို အငယ် က ရုံးတော် ကို ၂၀၁၃ ခုနှစ်တုန်းက တင်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖိလစ်ပိုင်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုကို လေးစားဖို့အတွက် တရုတ် နိုင်ငံကို ဖိအားပေးနိုင်ဖို့ရာ နိုင်ငံတကာသဘောထားအမြင်တွေရရှိလာဖို့အတွက် တရားဥပဒေစိုးမိုးရေးကို အသုံးချဖို့ ရုံးတော်ကို လျှောက်ထားခြင်းဖြစ်ပါတယ်။ ခုချိန်မှာတော့ တရုတ်နိုင်ငံကသာ သဘောတူညီ ချက်တစ်ခုခုပေးမယ်ဆိုရင် ဒူတာတေ အနေနဲ့ ရုံးတော်ရဲ့အဆုံးအဖြတ်ကို မျက်ကွယ်ပြုဖို့ ဆန္ဒရှိ ကြောင်း အချက်ပြနေပုံရပါတယ်။

ဒူတာတေအနေနဲ့ တရုတ်နဲ့သဘောတူညီမှုတစ်ခုခုရဖို့ ညှိနှိုင်းချင်နေတာနဲ့ပတ်သက်ပြီး အမျိုးမျိုး ပြောနေကြပါတယ်။ သူနဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ချို့ရဲ့အယူအဆကတော့ ဒူတာတေအရင်တုန်းက ကျွမ်းကျင် ခဲ့တဲ့ ဗဟိုလက်ဝဲအယူအဆပေါ်မှာ အခြေခံတယ် လို့ ဆိုကြပါတယ်။ ဒီအယူအဆကြောင့် အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့်အမေရိက က သူ့အပေါ် သံသယရှိခဲ့ကြပါသေးတယ်။ ဒူတာတေဟာ ကောလိပ်ကျောင်းသားဘဝ က သူ့ဆရာတစ်ဦးဖြစ်တဲ့ “ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ”နဲ့ အဲ့ဒီပါတီရဲ့ “ပြည်သူ့တပ်မတော်သစ်”ကို ထူထောင်ခဲ့သူ ပရော်ဖက်ဆာ ဂျိုးဇက်မာရီယာဆီဆွန်ကိုလဲ အားကျမြတ်နိုးခဲ့သူတစ်ဦးဖြစ်ပါတယ်။ စစ်အာဏာသိမ်းရေးလုပ် ဖို့ ခြိမ်းခြောက်ခဲ့သူ ဒူတာတေဟာ ဖိလစ်ပိုင်အာဏာရှင်သမ္မတဟောင်းဖာဒီနန်မားကို့စ်ကိုလဲ ချီးမွမ်းခဲ့ဖူးသူ တစ်ဦး ဖြစ်တယ်လို့ အချို့က ဆိုပါတယ်။ တရုတ်သမ္မတရှီအပြင် ရုရှားသမ္မတပူတင်ကလည်း အပေါစား တိုက် ခိုက်ရေးရဟတ်ယာဉ်တွေ ရောင်းပေးဖို့ မြှူဆွဲခဲ့ပါသေးတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ဒူတာတေနဲ့ သူရဲ့နိုင်ငံခြားရေးဝန်ကြီး ပါဖက်တိုယာဆေတို့ဟာ တရုတ်လိုလားသူ စီးပွားရေးလုပ်ငန်းရှင် တွေရဲ့ထောက်ခံမှုကိုရဖို့ ယဉ်ကျေးပျူငှာလုပ်နေကြပါတယ်။ ယာဆေးဟာ ရှေ့နေဘဝ တုန်းကဆိုရင် တရုတ်နဲ့ဆက်ဆံရေး ကောင်းမွန်တဲ့ ဖိလစ်ပိုင်တရုတ်တွေရဲကအကျိုးစီးပွားကို ကိုယ်စားပြုရပ် တည်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ ရာထူးကိုလက်ခံလိုက် ပေမယ့်လဲ လက်ခံလိုက်တဲ့ရာထူးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတစ်ခုမှမရှိတဲ့ ယာဆေးဟာ “ဖိလစ်ပိုင်အနေနဲ့ အမေရိကန်ရဲ့ အသားညိုညိုနဲ့ ညီလေး”သဖွယ် နေနေရတဲ့ဘဝကို မလိုလားတော့ပါဘူးလို့ပြောဆိုခဲ့ပေမယ့်လဲ တရုတ်နဲ့ပတ်သက်လာရင်တော့ တရိုတသေ ပြောဆိုပါတယ်။

ဖိလစ်ပိုင်မှာ အချမ်းသာဆုံးဖြစ်တဲ့ ယာဆေးရဲ့အလုပ်ရှင်တစ်ဦးဖြစ်သူ လူစီယိုတန်ဟာ ဒူတာတေကို ဖိလစ်ပိုင် သမ္မတရာထူးကို ရယူဖို့ပြောဆိုခဲ့သူတွေထဲက ပထမဦးဆုံးသူဖြစ်ပါတယ်။ အာရှတိုက်အပြင်ဘက်မှာဆိုရင် လူသိပ်မသိတဲ့ တရုတ်နိုင်ငံ ဖူဂျီယန်ခရိုင်မှာမွေးဖွားခဲ့ပြီး ပြည်မတရုတ်နိုင်ငံမှာ မျိုးချစ်တရုတ်အဖြစ်လူသိများတဲ့ ဘီလျှံနာ တန်ဟာ ဖိလစ်ပိုင်နိုင်ငံရေးလော ကမှာ အငြင်းပွားရဆုံးသောပြယုဂ်တစ်ခုဖြစ်ပါတယ်။ သူဟာ လူ အများသိကြတဲ့ “မားကို့စ်ခရိုနီ” အုပ်စုထဲက တစ်ယောက်ဖြစ်ပါ တယ်။ ဒီအုပ်စုက လူတွေဟာ ဖာဒီနန်မားကို့စ် လက်ထက် ၁၉၇၀ ခုနှစ်ကာလတွေတုန်းက အခွန်လျော့ပေါ့မှုနဲ့ အစိုးရထောက်ပံ့မှုတွေကြောင့် ချမ်းသာလာကြ သူတွေဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ မားကို့စ်ကို ဖြုတ်ချလိုက်ပြီးတဲ့နောက် မတရားပိုင်ဆိုင်လာခဲ့တဲ့ တန်ရဲ့ပိုင်ဆိုင်မှုကို ပြန်လည် ဆန်းစစ်ဖို့ အစိုးရ ရှေ့နေအဆက်ဆက်က ကြိုးစားခဲ့ကြပေမယ့် အချည်းနှီးဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာ သူဟာ နိုင်ငံရဲ့ဂုဏ်ယူစရာဖြစ်တဲ့ ဖိလစ်ပိုင် လေကြောင်းလိုင်းရဲ့ ဥက္ကဌ တစ်ဦးဖြစ်သလို ဘဏ်လုပ်ငန်း၊ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၊ ဆေးရွက်ကြီးလုပ်ငန်း၊ ဘီယာ၊ ဟို တယ်နဲ့ အိမ်ခြံမြေဖောင်ဆောင်ရေးလုပ်ငန်းတွေမှာ များစွာရင်းနှီးမြှုပ်နှံထားပါတယ်။ တရုတ်နိုင်ငံမှာလဲ ရင်းနှီးမြှုပ်နှံမှုတွေလုပ် ထားပြီး တရုတ်အစိုးရရဲ့ မျက်နှာ သာပေးမှုကိုလဲ ရရှိထားပါတယ်။ တရုတ်သမ္မတက ဖိလစ်ပိုင်ကိုလာလည်တိုင်း တန်ရဲ့ဟိုတယ်မှာပဲ တည်းခိုခဲ့ ကြပါတယ်။

ဒူတာတေအနေနဲ့ တန် ဆီကနေ ဘဏ္ဍာငွေထောက်ပံ့မှုတွေရှိကြောင်းသက်သေမပြနိုင်ပေမယ့်လဲ မဲဆွယ်စည်း ရုံးရေးကာလတုန်းက ငွေကြေးထောက်ပံ့မှုတွေပေးဖို့နဲ့ သူ့ရဲ့လေကြောင်းလိုင်းကို အခမဲအသုံးပြုဖို့ကမ်းလှမ်းခဲ့ တာကို ငြင်းဆိုခဲ့တယ်လို့ ဒူတာတေက ပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးကတော့ တရုတ်နဲ့ခိုင်မာတဲ့ ဆက်ဆံရေးရှိလိုကြတာချင်းကတော့ တူပါ တယ်။ မဲဆွယ်စည်းရုံးရေးကာလတုန်းကတော့ တန်က ဂုဏ်ထူး ဆောင်ဥက္ကဌလုပ်နေတဲ့ ဖိလစ်ပိုင်တရုတ်များ ကုန်သွယ်ရေးနှင့် စက်မှုအသင်းရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကိုတော့ ဒူတာတေက လက်ခံရရှိခဲ့ပါတယ်။ တရုတ်သံအမတ်နဲ့အတူ တန်ဟာ ဒူတာတေရွေးကောက်ခံရပြီးနောက် လာ ရောက်လည်ပတ်တွေ့ဆုံသူတွေထဲက ထင်ရှားတဲ့သူတွေထဲကတစ်ဦးဖြစ်ပါတယ်။

တရုတ်နဲ့စီးပွားရေးဆက်ဆံရေးကောင်းမွန်လိုတဲ့ဆန္ဒပြင်းပြနေတဲ့ဒူတာတေဟာ သမ္မတဂလိုရီယာအရိုယို လက်ထက်တုန်းက ချုပ်ဆိုလုပ်ကိုင်ခဲ့တဲ့ တရုတ်-ဖိလစ်ပိုင် အကျိုးတူလုပ်ငန်းတွေကို ပြန်လည်ဆန်းစစ်လို တယ်လို့လဲ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအကျိုးတူလုပ်ငန်းတွေအနက်က အထင်ရှားဆုံးလုပ်ငန်းတစ်ခုကတော့ တရုတ်အစိုးရပိုင် ဇက်တီအီးကော်ပိုရေးရှင်းနဲ့ချုပ်ဆို ခဲ့တဲ့ ဒေါ်လာ ၃၂၉ သန်းတန်လုပ်ငန်းဖြစ်ပါတယ်။ ဒါပေ မယ့် အာရိုယိုရဲ့ မေ ျှာ်လင့်ချက်တွေဟာ ဇက်တီအီး၊ အာရိုယိုနဲ့ သူမရဲ့ အပေါင်းပါတွေကို အကျိုးရှိစေမယ့်လုပ် ငန်းဟာ အကြောင်းအမျိုးမျိုးကြောင့် လမ်းကြောင်းလွဲချော်သွားခဲ့ပါတယ်။ အာရိုယိုနဲ့ သူမရဲ့အပေါင်းပါတွေ အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ အကျယ်ချုပ်မိန့်လေးနှစ်ကို ရုပ်သိမ်းလိုက်ပါတယ်။ အာရိုယိုကိုစွဲဆိုထား တဲ့အမှု နဲ့ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လူသိရှင်ကြား ပြောခဲ့ပေမယ့်လဲ ဒီဆုံးဖြတ်ချက်က သူနဲ့ ဘာမှမဆိုင် ဘူးလို့ ဒူတာတေအနေနဲ့ ပြောဆိုခဲ့ပါတယ်။

ဒူတာတေအစိုးရလက်ထက်မှာ အကျင့်ပျက်ချစားမှုတွေ ပေါ်ထွက်လာတာ မရှိသေးပေမယ့်လဲ သူနဲ့ပြောင်းပြန် ဖြစ်တဲ့ တရုတ်နဲ့ စီးပွားဖက်တွေဖြစ်လာမယ့်စိုးရိမ်မှုကတော့ ဆက်လက်ကြီးထွားလာနေပါတယ်။ ဖိလစ်ပိုင်က ပရော်ဖက်ဆာ အေလင်းဘဝီယာရား က “ဇက်တီအီးနဲ့သဘောတူမှုဟာ တရုတ်ရဲ့ချမ်းသာကြွယ်ဝ မှုနမူနာဖြစ် ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလက်ခံတဲ့နိုင်ငံဖက်မှာ နဂို တည်ရှိနေပြီဖြစ်တဲ့ အင်စတီကျူးရှင်းပိုင်းဆိုင်ရာနဲ့ အစိုးရ အဖွဲ့တွေကြားနှုန်းစံပိုင်းအားနည်းမှုတွေကို ပိုပြီးမထီမဲ့မြင်ဖြစ်စေနိုင် ပါတယ်” လို့ ဆိုပါတယ်။

 ဟေ့ဂ်တရားရုံးက တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ဆုံးဖြတ်ချက်ချအပြီး ဘေဂျင်းက ဖိလစ်ပိုင် သံရုံးကိုသွားတဲ့ လမ်းတစ်လမ်းကို တရုတ်ရဲအရာရှိတစ်ဦးက တားမြစ်နေတဲ့ပုံဖြစ်ပါတယ်။
ဟေ့ဂ်တရားရုံးက တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို ဆုံးဖြတ်ချက်ချအပြီး ဘေဂျင်းက ဖိလစ်ပိုင် သံရုံးကိုသွားတဲ့ လမ်းတစ်လမ်းကို တရုတ်ရဲအရာရှိတစ်ဦးက တားမြစ်နေတဲ့ပုံဖြစ်ပါတယ်။

ခက်ခက်ခဲခဲတည်ဆောင်ယူခဲ့ရတဲ့ တရားဥပေဒစိုးမိုးမှုရှိရေးဆိုတဲ့ သဘောတရားတွေကို စစ်ဆေးစီရင်မှုမရှိပဲ တရားရုံးပြင်ပမှာ သတ်ဖြတ်ခွင့်ပြုခဲ့တဲ့ ဒူတာတေကြောင့် ဖိလစ်ပိုင်ပညာတတ်အသိုင်းအဝန်းအကြား စိုးရိမ်မှု တွေဖြစ်နေတဲ့အချိန်မှာ ပြည်မတရုတ် နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဟွမ်ရူလန်က ဒီလို သတ်ဖြတ်မှုတွေအတွက် တရားခံအဖြစ်ရောက်သွားမှာကို ထည့်မတွေးပဲ မူးယစ်ဆေးနဲ့ပတ်သက်သူတွေ မိမိဖာသာမိမိလာအဖမ်းမခံရင် ပစ်သတ်လို့ အမိန့်ပေးခဲ့လို့ ကြောက်ရွံ့ပြီး အဖမ်း လာခံသူတွေကိုထားဖို့ နေရာ ကို မိမိသဘောနဲ့မိမိ ပေးခဲ့ပါသေးတယ်။

ခုချိန်မှာ ဒူတာတေဟာ အများပြည်သူထင်မြင်ချက်ရယူနေရသူတွေထဲမှာ ထင်ရှားနေပေမယ့်လဲ သူ့ကို အခက် တွေ့စေမယ့် နောက်ပြန်ရိုက်ချက်လက္ခဏာတွေကိုလဲ စတင်တွေ့ရှိနေရပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံကို အထူး သံတမန်အဖြစ်စေလွှတ်မယ် လို့ ဒူတာတေက ပြောခဲ့တဲ့ အများကလေးစားပြီးထင်ရှားတဲ့ သမ္မတဟောင်း ဖီဒယ်ရားမို့စ်က ပြီးခဲ့တဲ့အပတ်က မှတ်ချက်ပြုခဲ့ရာမှာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ခေါင်းဆောင်သစ်အောက်မှာ ဘယ်ကိုဦးတည်နေပြီလဲဆိုပြီး ဝေဖန်လိုက်ပါတယ်။ ရားမို့စ်က “ဖိလစ်ပိုင် ဟာ ဦးတည်ရာမဲ့ပျောက်ဆုံး ဆုံးရှုံး နေပါတယ်” လို့ ဆိုလိုက်ပါတယ်။ “ဆိုးဆိုးရွားရွားကြီးကို ပျောက်ဆုံးဆုံးရှုံးနေပါတယ်” လို့ သူက ဆိုပါတယ်။ တရားရုံးချုပ်တရားသူကြီး အန်တိုနီယို ကာပီယိုကလဲ ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အဆုံးရှုံးခံ ပြီး လက်မြှောက်အရှုံးပေးဒူးထောက်လိုက်ဖို့ဆိုတာ အယူခံပြန်ဝင်လို့မရတဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းပဲ လို့ ပြောပါတယ်။

အမှန်တကယ်ဆိုရင် ဒူတာတေအနေနဲ့ လက်ရှိပုံစံအတိုင်းဆက်သွားနေမယ်၊ ဥပဒေကြောင်းအရလိုက်နာရမယ့် ဟေ့ဂ်တရားရုံး ဆုံးဖြတ်ချက်ကို မလိုက်နာပဲ နိုင်ငံနယ်နိမိတ်ကို ရေလောင်းချသလိုလုပ်နေမယ်ဆိုရင် ဖိလစ်ပိုင် မဲပေးသူတွေနဲ့ သူရဲ့ဟန်းနီးမွန်း ခရီးစဉ်ကာလဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားပါလိမ့်မယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာပေါ်မှာ အမေရိကန်လိုလားမှုအရှိဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်ကျန်ရှိနေတာဖြစ်ပြီး လေ့လာဆန်းစစ်ချက် တစ်ခုမှာ ၉ ၂ % သောဖြေကြားသူတွေက အမေရိကန်နဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆန်တဲ့ သဘောထား တွေရှိကြတာကိုတွေ့ရပါတယ်။ တရုတ်အနိုင်ကျင့်မှုကို တုံ့ပြန်ဖို့ အမေရိကန်နဲ့ လုံခြုံရေးဆက်ဆံရေးရှိဖို့လို တယ်လို့ မြင်တဲ့ အမေရိကန်လိုလားသူတွေကို ဖိလစ်ပိုင်တပ်မတော်ထဲမှာလဲ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့်လဲ ဒူတာတေဟာ ဖိလစ်ပိုင်တပ်မတော်ထိပ်ပိုင်းက အရာရှိတွေကို မျက်နှာသာပေးနေတာ၊ ငွေကြေးအလျှံပယ် ထောက်ပံနေတာကို အမြဲလိုလိုတွေ့နေရ တာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.