ကျိုက်တမော့ဘုရားဒိုင်း ပထမအကြိမ် ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာအသင်းမှပထမဆုရရှိ

0
7884

မုဒုံ၊ အောက်တိုဘာ ၂၃

ကမာဝက်မြို့၊ ကျိုက်တမော့ဘုရား၏ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ပထမအကြိမ်ကွင်းဖွင့်ဖလား၊ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာကိုယ်စားပြုလူငယ်ဘောလုံးအသင်းမှ ပထမတံခွန်စိုက်ဒိုင်း ဆုအား ရရှိခဲ့ကြောင်းပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရှိရသည်။

“ရွာကဘုရားပွဲတော်က မစည်ကားတာကြာပြီ။ ဘောလုံးပြိုင်ပွဲကပါဝင်ခဲ့ပေမဲ့လည်းခြံကားထားတဲ့ အတွက် မစည်ကားပြန်ဘူး။ ဒါကြောင့်ဒီနှစ်နှင့် နောင်နှစ်များတွေမှာ စည်စည်ကားကားဖြစ်အောင်လို့အကာအရံတွေဖြတ်ပြီး ပထမအကြိမ်ကွင်းဖွင့်ဖလားအဖြစ် ရပ်နီး၊ရပ်ဝေးမှဧည့်သည်တွေလာရင် ဝင်ရောက်ကြည့်ရှု စည်ကားအောင်လို့ ရည်ရွယ်ပြီးပြုလုပ်ရခြင်းဖြစ်တယ်”ဟု ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူးဒေါက်တာမင်းကျော်မြင့်မှသံလွင်တိုင်းမ်ကိုပြောသည်။

ကျိုက်တမော့ဘုရား ကျေးရွာအုပ်စုပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ကမာဝက်၊ ဖယ်ဒို၊ ကလော့သော့၊ အဘစ်၊ နှီးပဒေါ၊ ကမာအုပ်၊ တံခွန်တိုင်နှင့် ကမာဝက်မြို့အုပ်ချုပ်ရေးရုံး(GAD)အသင်း စုစုပေါင်း(၈)အုပ်စုပါဝင်ကာအောက်တိုဘာ(၉)ရက်နေ့မှ(၂၃)ရက်နေ့အထိ(၁၅)ရက်တိုင်တိုင်ပြုလုပ်ကျင်းပခဲ့သည်။

ပထမအကြိမ်ကွင်းဖွင့်ဖလား ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအား အောက်တိုဘာ(၂၃)ရက်၊ မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် ဗိုလ်လုပွဲတက်ရောက်လာကြသည့် အဘစ်ကျေးရွာအသင်းနှင့် နှီးပဒေါကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲအပြီးတွင် အဘစ်ကျေးရွာအသင်းမှ နှီးပဒေါကျေးရွာအသင်းအား(၂း၁)ဂိုးဖြင့် အနိုင်ရကာ တံခွန်စိုက်ဒိုင်းဆုအား ဆွတ်ခူးရရှိခဲ့ကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.