မွန်ပြည်နယ်၏ ဘောလုံးအားကစားတိုးတက်မြင့်မားစေရေး စနစ်တကျ လေ့ကျင့်ကြရန် မွန်ဝန်ချုပ် တိုက်တွန်း

0
8219

မော်လမြိုင်၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ်၏ ဘောလုံးအားကစား အဆင့်အတန်းမြင့်မားစေရန် စနစ်တကျ လေ့ကျင့် သင် ကြားရန်လိုအပ်ကြောင်း အောက်တိုဘာလ (၂၄) ရက်နေ့က မော်လမြိုင်မြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည့် FIFA 11 For Health နည်းပြသင်

တန်းဖွင့်ပွဲ အခမ်းအနား တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး မှ ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြင်ပရှိ တတ်ကျွမ်းပညာရှင် များ နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်အပြင် နိုင်ငံတကာ အဆင့်မှီ ဖြစ်စေရန် ကြိုးစားအားထုတ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

“ဘောလုံးကစားခြင်းဖြင့် မျိုးဆက်သစ်လူငယ်များကို လမ်းမှားမရောက်စေဖို့ ဘဝတစ်လျောက် လုံး ကျန်းမာကြံ့ခိုင်စေပြီး စိတ်ဓါတ်နဲ့ အတွေးအခေါ်ကောင်းမွန်တဲ့ နိုင်ငံသားကောင်းများ ဖြစ်လာနိုင် စေမှာဖြစ်ပါတယ်။ သင်တန်းသားများအနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြများရဲ့ သင်ကြား လေ့ကျင့်ပေးမှုများကို ကြိုးစားသင်ယူကာ မွန်ပြည်နယ်ရဲ့ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားပြီး မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးဖို့ စနစ်တကျ လေ့ကျင့်သင်ယူကြ ပါ”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက မှာကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကိုယ်စား အာရှဒေသလုံးဆိုင်ရာ ခေါင်းဆောင် မစ္စတာဂျေဆင်းမှ အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်မှ နှုတ်ခွန်း ဆက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Photo – MFF
%e1%81%80%e1%80%94%e1%80%b9%e1%80%81%e1%80%ba%e1%80%b3%e1%80%95%e1%80%b9%e1%80%b1%e1%80%98%e1%80%ac%e1%80%9c%e1%80%b6%e1%80%af%e1%80%b8

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.