မုဒုံ၊မြို့မ(၂)ရပ်ကွက်တွင်၊Bပိုးကာကွယ်ဆေးလာရောက်ထိုးနှံသူများပြား

0
7792

မုဒုံ နိုဝင်ဘာ ၁၅

မုဒုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(National League forDemocracy)မှဦးဆောင်၍၊မုဒုံမြို့ပေါ်ရှိရပ်ကွက်အသီးသီး၌Bပိုးကာကွယ်ဆေးအားအခမဲ့ထိုးနှံပေးလျှက်ရှိရာမြို့မ(၂)ရပ်ကွက်အတွင်းနေထိုင်သူများမှအခြားရပ်ကွက်နေသူများထက်လာရောက်ထိုးနှံခြင်းများပြားကြောင်းယင်းအဖွဲ့ထံမှသိရှိရသည်။

“၂၀၁၅ခုနှစ်၊နိုဝင်ဘာ(၈)ရက်နေ့မှာပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့တယ်၊အဲဒီမှာမိဘပြည်သူများတခဲနက်ထောက်ခံမှုနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအနိင်ရရှိခဲ့တယ်၊မိဘပြည်သူများကိုအဖွဲ့ချုပ်မှကျေးဇူးဆပ်တဲ့အနေဖြင့်Liver Foundationကလှူဒါန်းတဲ့Bပိုးကာကွယ်ဆေးကိုလိုက်လံထိုးပေးခြင်းဖြစ်ပါတယ်၊မြို့ပေါ်ရပ်ကွက်တွေထဲမှာတော့ဒီရပ်ကွက်ကပြည်သူတွေလာရောက်ဆေးထိုးနှံမှုကစာရင်းအရကြည့်ရင်အများဆုံးပါဘဲ”ဟုမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးဇော်ဝင်းကသံလွင်တိုင်းမ်ကိုပြောသည်။

မြို့မ(၂)ရပ်ကွက်တွင်Bပိုးကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းအားနိဝင်ဘာ(၁၁)ရက်နေ့၊နံနက်(၈း၃၀)မှ(၂း၀၀)နာရီထိ၊ကျောင်းသစ်ရပ်၊ကျောင်းသစ်ကျောင်းလမ်းရှိ၊လောကမာရဇိန်စေတီတော်၊ဓမ္မာရုံ၌ပြုလုပ်ခဲ့ပြီး၊ရပ်ကွက်နေသူအများအပြားလာရောက်ထိုးနှံနိင်ရန်ရည်ရွယ်၍ကွမ်တုံရပ်၊စေတနာ့အလင်းရောင်နာရေးကူညီမှုအသင်းပိုင်ကားဖြင့်နိုဝင်ဘာ(၁၀)ရက်နေ့၊ညနေပိုင်းတွင်အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်းများပြုလုပ်ခဲ့ကြောင်းလည်းယင်းအဖွဲ့ထံမှသိရှိရသည်။

Bပိုးကာကွယ်ဆေးအားမြို့မ(၂)ရပ်ကွက်အတွင်းရှိပြည်သူလူထု၊နိင်ငံဝန်ထမ်း၊ကျောင်းသား၊ကျောင်းသူများ၊Bio.MOEဘော်ဒါဆောင်နေကျောင်းသား၊ကျောင်းသူများ၊ဆွိတီမဆလာရုံအလပ်သမများစုစုပေါင်း(၆၃၁)ဦးလာရောက်ထိုးနှံကြကြောင်းလည်းသိရသည်။

“ဒီရောဂါကကူးစက်လွယ်တဲ့ရောဂါဖြစ်တယ်၊နောက်ပြီးဆေးကအပြင်မှာလည်းဝယ်ထိုးလို့မရဘူးလို့လဲသိထားတော့၊အခုလိုအနိင်ရပါတီကဦးဆောင်ပြီးအခမဲ့လာထိုးပေးမယ်လို့သိပြီးအခုလိုလာရောက်ခဲ့သာပါ”ဟုအသက်(၃၈)နှစ်အရွယ်ရှိကိုစိုးမိုးနိင်ကဆိုသည်။

ကာကွယ်ဆေးထိုးခြင်းသို့မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောထွန်း၊အမျိုးသားလွှတ်တော်ကိုယာစားလှယ်ဦးဖေတင်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်သီ၊မြိုနယ်အမှုဆောင်များ၊ပါတီဝင်များတက်ရောက်ကြပြီး၊ဒေါက်တာသန်းဝင်း(သပြေဆေးကုခန်း)၊ဒေါက်တ်ာဝင်းမောင်(ပန်းသဇင်တည်းခိုခန်း)၊ဒေါက်တာကျော်စိုးမိုး(ကျော်စိုးမိုးဆေးကုခန်း)နှင့်ဒေါက်တာဝေလင်းထွန်းတို့မှဆေးထိုးနုံခြင်းများအားကူညီပြုလုပ်ပေးခဲ့ကြောင်းလည်းသိရသည်။

Bပိုးကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းအားမြို့မ(၁)ရပ်ကွက်တွင်(၃၈၀)လုံး၊မြို့မ(၄)ရပ်ကွက်တွင်(၄၂၀)လုံးနှင့်မြို့မ(၃)ရပ်ကွက်တွင်(၂၉၀)လုံးအားနိဝင်ဘာ(၇)ရက်မှ(၉)ရက်နေ့အထိထိုးနှံပေးခဲ့ပြီးရပ်ကွက်(၄)ရပ်ကွက်အတွင်းရှိလာရောက်ဆေးထိုးနှံသူများထဲမှPositiveဖြစ်သူ(၅၅)ဦးစစ်ဆေးတွေ့ရှိရပြီးမြို့မ(၄)ရပ်ကွက်တွင်(၂၅)ဦးထိတွေ့ရှိကြောင်းလည်းသိရသည်။
%e1%80%98%e1%80%ae%e1%80%95%e1%80%af%e1%80%ad%e1%80%b8%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%91%e1%80%af%e1%80%ad%e1%80%b8
ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းဟုဆိုပေမဲ့လည်းသွေးစစ်ခအဖြစ်လူတစ်ဦးကျပ်(၁၅၀၀)ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်းလည်းအများသိရှိရန်နှိုးဆော်ထားကြောင်းလည်းသိရသည်။

မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.