မွန်မုန့်ဆန်း

0
8742

သီတင်းကျွတ်လပြည့်ကျော် တန်ဆောင်မုန်းလဆန်းအချိန်တွင် မွန်ဒေသများတွင်မုန့်ဆန်း လိူင်လိူင်ပေါ်ကြပြီး မုန့်ဆန်းများကို အုန်းသီး၊ သကြားများနှင့်ရောနယ်ပြီး ဆွမ်းကပ်ခြင်း၊ ဦးရှင်ကြီး ကျွေးခြင်းများကို မုန့်ဆန်းများနှင့်သာ အမြတ်တနိုးဆက်ကပ်ကြသည်။ မုန့်ဆန်းလုပ်နည်းကို သံလွင် တိုင်းမ်ပရိတ်သတ်များကို

မျှဝေပေးလိုက်ပါသည်။ မုန့်ဆန်းပြုလုပ်ပုံမှာ – မောင်းညိုမဖြစ်တဖြစ် ရိတ် ထားသော ကောက်ညှင်းကို တုတ်ဖြင့်ရိုက်ချွေပါ။ ရလာသော ကောက်ညှင်းစပါးကို ယခင်အချိန်တုန်း ကဆိုလျှင် မြေအိုးနှင့်လှော်သည်။ ယခုအခါ မြေအိုးများမသုံးကြတော့ပဲ ဒယ်အိုးကိုအသုံးပြုနေကြ သည်။ ကောက်ညှင်းဆန်ကို လှော်ပါ။ အိုးပူပူပေါ်တွင် ကောက်ညှင်းဆန်ကိုဆယ်မိနစ်ခန့်လှော်ပါ။ လှော်ထားသောကောက်ညှင်းဆန်ပူပူကို ဆုံတွင်ထောင်းပါ။ ထောင်းနေစဉ် ကောက်ညှင်းအပြား ညီအောင် လက်ဖြင့် မွှေပေးပါ။ မွှေသောသူသည် လက်အနုတ်အသိမ်းကျွမ်းကျင်ရန်လိုပါသည်။ လက်နှင့်ဆုံမထိရန်ဖြစ်ပါသည်။ ရရှိလာသော မုန့်ဆန်းပြားကို ဆကွဲနှင့် အမိူက်များကုန်အောင် စကောနှင့် ပြာပေးရပါသည်။ မုန့်ဆန်းရပါပြီ။ မုန့်ဆန်းကို ရေဆေးပြီး သကြားအုန်းဆံ၊ အချိုလေးစေ ရန် ဆားအနည်းငယ်နှင့် ရောနယ်သုံးဆောင်လို့ရပါပြီ။

ပါဝင်သောပစ္စည်းများ။

၁။ မုန့်ဆန်း။
၂။ သကြား။
၃။ ဆားအနည်းငယ်တို့ဖြစ်ပါသည်။

15033607_1676448576000101_905659496_n

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.