ဆောက်သန်းမြန်မာ အသင်းနှင့် ကစားသမားအသစ်များ စာချုပ်သစ်ချုပ်ဆို

0
8222
ဓာတ်ပုံ-Southern Myanmar Football Club

မော်လမြိုင်၊ နိုဝင်ဘာ ၉

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်သန်းမြန်မာအသင်းအနေဖြင့် မော်လမြိုင်မြို့တွင် စိစစ်ရွေးချယ်ခဲ့သည့် ကစားသမားများထဲမှ ကစားသမား(၉) ဦးကို စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကစားသမား(၉) ဦးကို (၂) နှစ်စာချုပ်သက်တမ်းဖြင့်ချုပ်ဆိုထားပြီး ဇေယျာရွှေမြေအသင်းမှ ကစားသမား(၆) ဦး၊ ရတနာပုံမှ ကစားသမားတစ်ဦး၊ ဖုန်ကန်မှ ကစားသမားတစ်ဦးနှင့် တက္ကသိုလ်မှ တစ်ယောက် စုစုပေါင်း(၉) ဦးကို စာချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

“အခုလက်ရှိတော့ (၂၃) ယောက်ရှိပါပြီ။ နောက်ထပ်(၃)ယောက်ကို အမြန်ဆုံးခန့်ပါမယ်။ စုစုပေါင်း အယောက်(၃၀) ကိုထပ်ပြီးလျာထားတယ်။ အသင်းအတွက် ကိုယ်စားပြုသုံးနိုင်မယ့်သူတွေကိုရှာနေတယ်။ အခုသူတို့ကို မြန်မာနည်းပြ (၁၀) ယောက်နဲ့ အသင်း(၃) သင်းကိုလေ့ကျင့်ပေးနေပါတယ်” ဟု အဆိုပါအသင်း၏ အသင်းမန်နေဂျာ ဦးမြင့်ကြူက သံလွင်တိုင်းမ်သို့ပြောကြားသည်။

ဓာတ်ပုံ-Southern Myanmar Football Club
ဓာတ်ပုံ-Southern Myanmar Football Club

မိမိတို့အသင်းအနေဖြင့် နိုင်ငံခြားသားနည်းပြများကိုခေါ်ယူရန် လျာထားသော်လည်း လက်ရှိတွင် အစီစဉ်မရှိသေးကြောင်း၊စာချုပ်ချုပ်ဆိုလိုက်သည့် ကစားသမားများမှာဇေယျာရွှေမြေအသင်းမှ ကောင်းစည်သူ၊ဝင်းဇင်ဦး၊မျိုးဝေလင်း၊ဇော်လင်းထက်၊ရဲထက်အောင်၊ဝေဖြိုးလွင်တို့ဖြစ်ကြပြီး ရတနာပုံအသင်းမှ နောက်တန်းကစားသမား အောင်ဟိန်းစိုးဦး၊ University အသင်းမှ နောက်တန်းကစားသမား နိုင်နိုင် နှင့် ဖုန်ကန်အသင်းမှ ဂိုးသမား ခင်ဇော်တို့ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.