ပေါင်မြို့၌ ပထမဦးဆုံးအကြိမ်အဖြစ် အိမ်ရှင် ၁၀မြို့နယ်ဘောလုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပနိုင်ခဲ့

0
7957
မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဖလား၁၀မြို့နယ်အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ပေါင်မြို့နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခွင့်ရရှိခဲ့ပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် ဖွင့်ပွဲအခန်းအနား ပြုလုပ်ခဲ့သည်။ ပေါင်မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့သော ဖွင့်ပွဲအခန်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ဦးမင်းမင်းဦး၊နှင့်အစိုးရ အဖွဲ့ မှဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြကြောင်းတွေ့ရသည်။<!--more-->



ယခင်ကအဆိုပါပြိုင်ပွဲအားမော်လမြိုင်မြို့တွင်သာ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကစတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်အလှည့်ကျစနစ်ဖြင့်ကျင်းပခဲ့ရာမှ ယခုနှစ်ပြိုင်ပွဲကို ပေါင်မြို့နယ်တွင် အလှည့်ကျကျင်းပခွင့်ရခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခုလို အလှည့်ကျ ကျင်းပပေးနေတာဆိုယင် ၆ကြိမ် မြောက်ဖြစ်ပါတယ် ၊ပြည်နယ်အား/ကာ ကနေ ရံပုံငွေချပေးပြီး ကျင်းပတာပါ ပထမဆု၊ဒုတိယဆု၊နဲ့တတိယပူးတွဲ ဆုတွေအပြင် နေရာအလိုက်အကောင်းဆုံးကစားသမားဆု ၅ဆု ၊ပွဲစဉ်အလိုက် အကောင်းဆုံးအားကစားသမားဆုတွေပါ ပေးအပ်ချီးမြှင့်သွားမှာပါ“ ဟု မွန်ပြည်နယ် အား/ကာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုးဦးခင်ဇော်ကသံလွင်တိုင်းမ်သို့ပြောသည်။

ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခန်းအနားကို နိုဝင်ဘာ၉ ရက်မွန်းလွဲ ၂နာရီတွင် ပြုလုပ်ခဲ့ရာ ၁၀ မြို့နယ်မှဘောလုံးအားကစားသမားများကသစ္စာကဓိဌာန်ဆိုခြင်း ဝန်ကြီးချုပ်အားအလေးပြုခြင်းများပြုလုပ်ပြီးနောက် ၊တိုင်းရင်းသားအကအဖွဲ့၊မြန်မာ့ရိုးရာသိုင်းအဖွဲ့နှင့်ကာယအဖွဲ့များက ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြသည်၊ ထိုပနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ဖွင့်ပွဲအမှာစကားပြောကြားပြီး အခန်းအနားတွင်ပါဝင်ကူညီခဲ့သောအဖွဲ့များကို ဂုဏ်ပြုငွေများပေးအပ်ခဲ့သည်၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးဦးထိန်လင်းကလည်း ပြိုင်ပွဲကျင်းပရေးအဖွဲ့သို့ ဂိုးပိုက်များနှင့်ဘောလုံးများ ပေးအပ်ခဲ့ကြောင်းတွေ့ရသည်၊

ဖွင့်ပွဲအခန်းအနားပြီးနောက် ပြည်နယ်အစိုးရအဖွဲ့မှဧည့်သည်များပြန်လည်ထွက်ခွာသွားကြပြီးညနေ၃ နာရီတွင် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ပေါင်မြို့နယ်အသင်းနှင့် ကျိုက်မရောမြို့နယ် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ၊ပေါင် က ကျိုက်မရောကို ၁ ဂိုး ဂိုး မရှိဖြင့်အနိုင်ရသွားခဲ့သည်၊

ယခုပြိုင်ပွဲကျင်းပခွင့်ရခြင်းနှင့်ပတ်သက်၍ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်နိုင်ကို မေးမြန်းခဲ့ရာ “အိမ်ရှင်အဖြစ်လုပ်ရ တာဆိုတော့ အတွေ့အကြုံရတယ် မြို့ခံပြည်သူတွေ ကိုယ့်မြို့မှာပဲ ကိုယ့်မြို့ကအသင်းကို အားပေးခွင့်ရတော့ပိုအဆင်ပြေတယ်ဒီလိုပြိုင်ပွဲတွေကို ကြည့်ရတဲ့ မျိုးဆက်သစ်တွေကလည်းဘော်လုံးနဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေရတာပေါ့ အောင်နိုင်ရေးအဖွဲ့ဖွဲ့ပြီး ပေါင်အသင်းကို ပြင်ဆင်ထားတာမို့ ဒီနှစ်ပေါင်မြို့နယ်အသင်းဗိုလ်စွဲမယ်လို့ မှန်းထားပါတယ် “ဟုပြောဆိုခဲ့သည်၊

ယခုပြိုင်ပွဲတွင် ပထမဆု ၁၀ သိန်းကျပ် ဒုတိယဆု ၅ သိန်းကျပ် ပူးတွဲတတိယ ၂သင်းကို ၃သိန်းကျပ်စီ ၊နေရာအလိုက် အကောင်းဆုံးကစားသမားတစ်ဦးကို ၅သောင်းကျပ်စီ၊ဖြင့်၅ဦး ပွဲစဉ်အလိုက်အကောင်းဆုံးအားကစားသမား တစ်ဦးစီရွေးချယ်ပြီး ၂ သောင်းကျပ်စီ ဆုအဖြစ်ချီးမြှင့်သွားမည် ဖြစ်ပြီး ၊ဘောလုံးအသင်းတစ်သင်းလျှင်အားကစားသမား ၁၈ ဦးဖွဲ့စည်းခွင့်ပေးထားကြောင်းအသက် ၂၃ နှစ်အောက် သတ်မှတ်ထားသော်လည်း တစ်သင်းကိုအလွတ်တန်း၃ ယောက်အထိပါဝင်ခွင့် ပြုထားကြောင်း၊ဒိုင်အဖွဲ့၁၂ ယောက်ကို မွန်ပြည်နယ် အား/ကာမှ စီစဉ်ပေးထားပြီး ပွဲစဉ်တစ်ခုလျှင် ဒိုင်အဖွဲ့ ၆ဦးဖြင့်ကြီးကြပ်သွားမည်ဖြစ်ပြီး တစ်ပွဲကို ကစားသမား၃ ယောက် လူစားလဲခွင့်ပေးထားကြောင်း မွန်ပြည်နယ်အား/ကာမှ ဦးခင်ဇော်က ရှင်းလင်းပြောဆိုခဲ့သည်၊

၁၀မြို့နယ်ဘောလုံးပြိုင်ပွဲကို ယခင်နှစ်က ရေးမြို့နယ်တွင်ကျင်းပခဲ့ ရာမော်လမြိုင်မြို့နယ်အသင်းက ပထမဆုရထားခဲ့ကြောင်း ယခုနှစ်တွင်ပေါင်မြို့နယ်တွင်ပြုလုပ်စဥၤအသင်း၁၀ သင်းပါဝင်ယှဉ်ပြိုင်နေပြီး နောက်နှစ်တွင် ချောင်းဆုံမြို့တွင်ပြုလုပ်ရန်အပြင် မြို့နယ်ခွဲ ၆ခုမှတစ်သင်းစီ ပါဝင်ခွင့်ပေးထားရာ ၁၆ သင်း ယှဉ်ပြိုင်ရ နိုင်သည် ဟု မွန်ပြည်နယ် အား/ကာမှ ပြောဆိုခဲ့သည်။

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.