ကြုံရာဆုံရာ တစ်မိနစ်တာ

0
8155

လက်ရှိသူတို့ဘာတွေလုပ်နေလဲ? အနုပညာရှင်နှစ်ဦးက အခုလိုပြောထားပါတယ်။

တင်ဆက်သူ-TU Arkar Min

R ဇာနည် (တေးသံရှင်)

r-%e1%80%87%e1%80%ac%e1%80%94%e1%80%8a%e1%80%b9
အဆိုတော် R ဇာနည် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈) ရက်နေ့က မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက် အောင်ဇမ္ဗူ လမ်းရှိ အောင်ဇမ္ဗူကျောင်းတိုက်စုပေါင်းမဟာဘုံကထိန်ပွဲမှာလည်း ဖျော်ဖြေခဲ့ပါတယ်။ မော်လမြိုင်မြို့မှာ ထပ်မံ ဖျော်ဖြေဖို့ရှိမရှိ Rဇာနည် ကိုမေးမြန်းတော့ “ကျွန်တော်

(၁၂)လပိုင်းမှာ လာဖို့ရှိပါတယ်။ ဒီဇင်ဘာလ (၃) ရက်၊ (၄) ရက်မှာ မော်လမြိုင်မှာ လာဖျော်ဖြေဦးမှာပါ”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်ပွဲတွေကို တောက် လျှောက် ဖျော်ဖြေဖြစ်နေတဲ့ အဆိုတော် R ဇာနည်ဟာ လက်ရှိမှာ ရွှေဘိုဘက် နဲ့ တောင်ကြီးတန်ဆောင်တိုင် မှာလည်းဖျော်ဖြေဖို့ရှိနေသလို သူ့ရဲ့ စတုတ္ထမြောက် တစ်ကိုယ်အခွေဖြစ်တဲ့ “ကမ္ဘာသား” တေးစီးရီးရဲ့ MTV ကိုလည်း ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

နင်ဇီမေ(တေးသံရှင်)
%e1%80%94%e1%80%84%e1%80%b9%e1%80%87%e1%80%ae%e1%80%b1%e1%80%99
တေးသံရှင် နင်ဇီမေဟာ လာမယ့်နိုဝင်ဘာလ (၂၆) ရက်နေ့မှာ တေးသံရှင် ရဲလေး၊ ရဲရင့်အောင်တို့နဲ့ အတူ အခွေသစ်မိတ်ဆက်ပွဲမှာ လာရောက်ဖျော်ဖြေဖို့လည်း ရှိနေပါတယ်။လက်ရှိသူမရဲ့အနုပညာလှုပ်ရှားမှုကို မေးကြည့်တော့ “ညီမက တစ်ကိုယ်တော်အခွေသစ်အတွက် ပြင်ဆင်နေပါတယ်။ သီချင်းတွေကိုတွဲဖက်သီဆို ကြမှာက တေးသံရှင် အသစ်တွေကများပါတယ်”လို့ သူမက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လက်ရှိမှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် တေးစီးရီး Title မစဉ်းစားရသေးသလို သီချင်းဘယ်နှပုဒ်ပါမယ်ဆိုတာ လည်း ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.