ကြော်ငြာ မော်ဒယ်လ်လုပ်လည်း အောင်မြင်နေတဲ့ နေမာ

0
8996

ဘာစီလိုနာအသင်းတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘရာဇီးလ် နိုင်ငံသား နေမာ ဟာ ကြော်ငြာ တွေတော်တော်များများ လက်ခံရိုက်ကူးလာတာ တွေ့ရပါတယ်။ နေမာဟာ ဘောလုံးလောက မှာ စတား ဖြစ်ရုံတင်မကပါဘူး ကြော်ငြာနဲ့ မော်ဒယ်လ်လောကမှာလည်း ပရိတ်သတ်ကြိုက်နှစ်သက်မှု အများဆုံးရ

ရှိထားသူတစ်ဦးပါ။

ယခုလည်း အီတလီနိုင်ငံထုတ် Police brand မျက်မှန်ကြော်ငြာနဲ့ သူ့ရဲ့ ပရိတ်သတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

တစ်ချိန်က ဘောလုံးဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ Police မျက်မှန် ကြော်ငြာကို နေမာက ၂၀၁၃ ခုနှစ်လောက်က လက်ခံရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၇ ရောက်လာတော့ Police နဲ့ နေမာ တို့ လက်တွဲခဲ့တာ ၄ နှစ် တောင်ပြည့်ခဲ့ပါပြီ။

နေမာဟာ အချိုရည်ကြော်ငြာ မျက်မှန်ကြော်ငြာနဲ့ အခြားလူသုံးပစ္စည်းတွေကိုလည်း များစွာ ရိုက်ကူးသွားဖို့ရှိနေပါတယ်။

နေမာတစ်ယောက် ဘရူနာနဲ့ လမ်းခွဲခဲ့ပြီးဆိုပေမယ့် လွမ်းနေဆဲပဲလို့ ဖွင့်ဟခဲ့ပါသေးတယ်။
image3
TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.