အမေရိကန်သမ္မတသစ်၏မူဝါဒနှင့် အာဆီယံဒေသအရေး

0
8877

ထဝ်

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဆင်းချိန်မှစတင်ပြီး ကျမ်းကျိန်ရာထူးလက်ခံချိန်အထိ အမေရိ ကန်သမ္မတအဖြစ်ရွေးကောက်ခြင်းခံထားရသူ ဒေါ်နယ်လ်ထရမ့်ရဲ့ကနဦးတစ်ကိုယ်တော်ဧကစာရီ ဝါဒ ဘက်ယိမ်းယိုင်မှုဟာ အမေရိကန်သာလျင်ပထမဦးစားပေးဆိုတဲ့ ပထဝီမဟာဗျူ ဟာမန္တာန်အောက်မှာ ခြေမန်းကွင်းစွပ်ခံရတဲ့နိုင်ငံခြားရေးမူဝါဒဘက်ကို တဖြေးဖြေးပုံပြောင်းလာနေပါတယ်။

မျက်မှောက်ခေတ်ကာလအတွင်း မှတ်မိသမျှအနက် အငြင်းပွားဖွယ်ရာအကောင်းဆုံး အာဏာ လွှဲပြောင်းမှုမှာ ထရမ့်ဟာ ကမ္ဘာလုံးဆိုင်ရာပါဝါရွှေ့ပြောင်းမှုဖြစ်စဉ်ကို နိမိတ်ဆိုးတွေနဲ့ အားဖြည့်ပေး နေသလိုပါပဲ။ သမ္မတပူတင်လက်အောက်ကရုရှားကို သူ့အနေနဲ့ ဖက်လှဲတကင်းဖြစ်နေတာဟာ ဥရော ပသမဂ္ဂအနေနဲ့ ယူကရိန်းနဲ့ဆက်ဆံထိတွေ့နေတဲ့ကိစ္စကို စိန်ခေါ်မှုတွေဖြစ်စေသလို အရှေ့အလယ် ပိုင်း ဒေသကို ပြန်လည်ပုံဖော်မှုမှာလဲ ရောင်ပြန်ဟပ်စေပါတယ်။ တရုတ်နဲ့ပတ်သက်ပြီး တင်းတင်းမာ မာပြောဆိုမှုတွေကလဲ ကိုရီးယားကျွန်းဆွယ်အရေး၊ ထိုင်ဝမ်ရေလက်ကြားအရေးနဲ့ တောင်တရုတ်ပင် လယ်အရေးတွေလို အာရှဒေသအရေးတွေမှာလဲ တင်းမာမှုတွေဖြစ်ပေါ်စေပါတယ်။ တရုတ်အနေနဲ့ နောက်တစ်လှမ်းပြန်ဆုတ်ပြီး ထရမ့်အစိုးလက်ထက် အမေရိကန်ရဲ့ဆက်ဆံရေးဆိုးရွားမှုကနေ အလုပ် ဖြစ်နိုင်တာတွေကို ရှာဖွေနေတာနဲ့အမျှ အရှေ့မြောက်နဲ့ အရှေ့တောင်အာရှဒေသဟာ အင်အား အလယ်အလတ်စားအာရှနိုင်ငံတွေဖြစ်တဲ့ အမေရိကန်မဟာမိတ် ဂျပန်နဲ့ သြစတေးလျတို့လို နိုင်ငံတွေ က ပိုပြီးအပြုသဘောဆောင်တဲ့ မူဝါဒတွေကိုကိုင်စွဲလာတာ မြင်ရဖို့ရှိပါတယ်။ အမေရိကန်ဖြစ်စေ အဲ့ဒီ နိုင်ငံတွေကဖြစ်စေ အဲ့လိုမူဝါဒတွေကိုင်စွဲကြောင်းပြသဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေလို နိုင်ငံငယ် တွေအနေနဲ့ဘယ်လိုမှ မ ျှချေမရှိတဲ့အခြေအနေတွေကြောင့် ရွေးချယ်စရာ သိပ် များများစားစားရှိတော့မှာမဟုတ်ပဲ တရုတ်နဲ့ဆက်ဆံဖို့ နည်းလမ်းတွေကို ရှာဖွေရတော့မှာဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ဒေသတွင်းအပေါ်ဘယ်လောက်လေးနက်မှုရှိသလဲဆိုတာကိုစမ်းသပ်တဲ့ အပြောင်း အလဲမရှိတည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ တရုတ်နိုင်ငံရဲ့စမ်းသပ်မှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခု အတွင်း ပထဝီနိုင်ငံရေးအားပြိုင်မှုကာလအတွင်းမှာ ထင်ထင်ရှားရှားမြင်ခဲ့ကြပြီးဖြစ်ပါတယ်။
အမေရိကန်သမ္မတသစ်၏မူဝါဒနှင့် အာဆီယံဒေသအရေး
အမေရိကန်သမ္မတဘားရက်အိုဘားမားက အာရှဒေသနဲ့ပတ်သက်ပြီး ပြန်လည်ချိန်ညှိရေး မူဝါဒကို ကြွေးကြော်နေချိန်မှာ တရုတ်ဟာ စကားဘိုရောက်ရေတိမ်ကျွန်းကို ၂၀၁၂ မှာ အပိုင်သိမ်းခဲ့ ပြီး နောက်ပိုင်းမှာလဲ အာဆီယံနိုင်ငံတွေထဲက သက်ဆိုင်ရာနိုင်ငံတွေက ကန့်ကွက်နေတဲ့ကြားထဲက ဒေသတွင်းမှာရှိတဲ့ ကျွန်းငယ်လေးတွေကို သိမ်းယူပြီး စစ်စခန်းတည်ဆောက်တာတွေ ဆက်လုပ်ခဲ့ ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ကန့်ကွက်ကြတာကိုတုန့်ပြန်တဲ့အနေနဲ့ တရုတ်ဟာ မသက်ဆိုင် တဲ့နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားတို့လိုနိုင်ငံတွေမျက်နှာသာပေးပြီး အာဆီယံနိုင်ငံရဲ့ မျှချေကို ချိုးဖျက်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ကြောင့် ဖိလစ်ပိုင်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ အယူခံအမြဲတမ်းခုံရုံးရဲ့ နိုင်ငံ တကာအယူခံခုံရုံးကို တိုင်ကြားမှုတွေလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဂျူလိုင်လမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့ပြီး အိုဘားမားရဲ့အစိုးရကတော့ အမေရိကန်အနေနဲ့ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဆိုင်ရာဥပဒေ ကွန်ဗန်းရှင်းကို လက်မှတ်မထိုးထားတာကြောင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာဖို့ ထုတ်ပြန်ချက်ထုတ်တာလောက်လေးပဲ လုပ်နိုင်ခဲ့ပါတယ်။ အိုဘားမားရဲ့ အာရှချိန်ခွင်လျှာမျှရေးမူဝါဒဟာ ဟောင်းလောင်းဖြစ်နေတာကို သိလာတဲ့အတွက် တရုတ်ဟာ တောင် တရုတ်ပင်လယ်ပိုင်ဆိုင်ရေးအတွက် ကြိုးစားလာပါတယ်။ ဖိလစ်ပိုင်ရဲ့ သမ္မတအသစ် ရောဒရီဂိုဒူတာ တေကတော့ သူ့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး စာမျက်နှာသစ်ကိုဖွင့်လှစ်လိုက်ပြီး တရုတ်ကို တရားစွဲလိုက်ပါ တယ်။ တကယ်တော့ ဒူတာတေရဲ့လိမ္မာပါးနပ်တဲ့ရွှေ့ကွက်ဟာ အာဆီယံအဖွဲ့ကတရုတ်နိုင်ငံအပေါ် တောင်းဆိုထားတဲ့တောင်းဆိုမှုနဲ့ အကြမ်းဖျဉ်းအားဖြင့် အတူတူနီးပါးပါပဲ။

ဖိလစ်ပိုင်လိုမျိုးပဲ အမေရိကန်ရဲ့စာချုပ်ချုပ်မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ၂၀၁၄ မေလ အာဏာသိမ်းမှုအပြီးမှာ တရုပ်နိုင်ငံရဲ့ထောက်ခံမှုကို ရရှိဖို့ကြိုးစားရှာဖွေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ဟာ အိုဘားမားလက်ထက်မှာ တရုတ်ဘက် ကို မျက်နှာမူခဲ့ကြပါတယ်။ ဒူတာတေက တရုတ်ကို ဦးချမတတ်ရိုကျိုးခဲ့တာကြောင့် ဘီလျံချီတဲ့ချေးငွေ တွေ အကူ အညီတွေရရှိခဲ့သလို ဖိလစ်ပိုင်တံငါလုပ်ငန်းလုပ်ကိုင်သူတွေလဲ စကားဘိုရောက်ရေတိမ် ကျွန်းကိုကပ်ခွင့်ရခဲ့ပါတယ်။ ဆက်ပြီးတော့ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်ကလည်း သူ့အလှည့် မှာ အခြေခံအဆောက်အဦးဆောက်လုပ်ရေးနဲ့သက်ဆိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပမာဏအတော်များ များရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုတဲ့ ကတိတွေနဲ့ တရုတ်ပြည်အလည်ခရီးကနေ ပြန်လာပါတယ်။

တစ်နိုင်ငံချင်းစီကို သိမ်းသွင်းယူခြင်းအားဖြင့် တရုတ်နိုင်ငံဟာ အာဆီယံဒေသတွင်းမှာ ခြေ ကုတ်ခိုင်မာလာနေပါတယ်။ အာဆီ ယံနိုင်ငံတွေထဲက ဘယ်နိုင်ငံကမှာ တရုတ်ကို သူ့တစ်နိုင်ငံချင်း အနေနဲ့ ရင်ဆိုင်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန်သမ္မတသစ်လက်ထက်မှာ အများကြီးပြောင်း လဲသွားနိုင်ပါတယ်။ ထရမ့်ရဲ့ အာရှဆိုင်ရာမူဝါဒတွေကို ကနဦးပိုင်းဖော်ပြရာမှာ အိုဘားမားရဲ့မူဝါဒနဲ့ တော်တော်လေးကို ကွာခြားမှုရှိတာတွေ့ရပါတယ်။ သူ့ရဲ့အစိုးရအဖွ့ဲမှာ သဘောထားတင်းမာသူ ယခင်အမေရိကန်စစ်ဖက်အရာရှိတွေခန့်အပ်တာနဲ့ တရုတ်နဲ့ပတ်သက်လာရင်၊ အထူးသဖြင့် ကုန် သွယ်ရေးနဲ့ရင်းနှီးမြှုုပ်နှံမှုကိစ္စတွေမှာ မျှခြေတစ်ခုရှိလာဖို့ ပြတ်ပြတ်သားသားပြောဆိုနေတာတွေဟာ အိုဘားမားရဲ့အပြောသက်သက်ထက်စာရင် ပိုပြီးတင်းမာတဲ့မူဝါဒတွေ ကိုင်စွဲမှာဖြစ်ကြောင်း ဖော်ပြ နေပါတယ်။

သို့သော်ငြားလည်း ထရမ့်အနေနဲ့ သူ့ရဲ့ပြင်းထန်တဲ့စကားလုံးတွေအတိုင်း လိုက်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အာဆီယံနိုင်ငံတွေကတော့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကို ရင်ဆိုင်ရဖို့ရှိ ပါတယ်။ အမေရိကန်အနေနဲ့ ပိုင်နက်နယ်ပယ်ကျူးလွန်လာတာမှန်သမျှ တွန်းလှန်ခုခံသွားမှာဖြစ်ပြီး ပိုနေမြဲကျားနေမြဲအတိုင်း တောင်တရုတ်ပင်လယ်အတွင်းက နယ်ပယ်ပိုင်နက်ကို ဆက်လက်ကိုင်စွဲ သွားမှာ ပဲဖြစ်ပါတယ်။ အကယ်လို့သာ ထရမ့်ဦးဆောင်တဲ့အစိုးရက အိုဘားမားရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမြှင့်တင်ရေးအာဂျန်ဒါကြောင့် ယိုယွင်းခဲ့ရတဲ့ မဟာမိတ်တွေနဲ့ဆက်ဆံရေးကို ထိန်းထားနိုင် ပြီး သူ့အပြောအတိုင်း စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေလုပ်ဆောင်လာရင် တရုတ်အနေနဲ့ ဂရုစိုက်လာ နိုင်ပါတယ်။ အတ္တဆန်တဲ့ မိမိတဲ့မိမိရဲ့အပြုအမူကြောင့်ပေးဆပ်ရမယ့်ပေးဆပ်မှုကို တရုတ်အနေနဲ့ လက်ခံနိုင်စွမ်းမရှိတဲ့အထိကြီးမားနေမှသာ တရုတ်ဟာ တောင်တရုတ်ပင်လယ်ကနေ ဆုတ်ခွာမှာ ဖြစ်ပါတယ်။ ပေးဆပ်မှုကြီးလိမ့်မယ်လို့ တရုတ်အနေနဲ့ထင်မြင်လာဖို့ဆိုတာကလဲ အမေရိကန်အနေနဲ့ စစ်အင်အားမြှင့်တင်မှုတွေ၊ တပ်ချထားမှုတွေလုပ်မှသာ ဖြစ်နိုင်မှာပါ။ အဲ့ဒါတွေလုပ်ဖို့ ဆိုတာကလဲ ငွေကုန်ကြေးကျခံနိုင်မှုရှိ၊ မရှိစိုးရိမ်မှုနဲ့ ဧကစာရီကျင့်သုံးလိုတဲ့ ဝါရှင်တန်ရဲ့သဘောထားကို ကျော်လွှား နိုင်ဖို့လိုပါလိမ့်မယ်။

အာဆီယံနိုင်ငံတွေအဖို့ကတော့ အမေရိကန်မဝင်လာလို့လစ်ဟာနေတဲ့နေရာကို ဂျပန်တို့၊ သြစတေးလျတို့လိုနိုင်ငံတွေနဲ့ ဖြည့်ဖို့ပါပဲ။ ဒီလိုဖြည့်ဆည်းဖို့ဆိုရင် ရေတပ်ပူးတွဲလေ့ကျင့်မှုတွေ၊ စစ်ဘက်ဆိုင်ရာအရာရှိတွေအပြန်အလှန်အလဲအလှယ်လုပ်တာတွေ၊ သတင်း အချက်အလက်ဖလှယ် တာတွေ လုပ်ဖို့လိုပါတယ်။ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ စစ်ဘက်အရာရှိအချင်းချင်း အကြားလိုအပ် တဲ့ လဲလှယ်မှုတွေလုပ်တာမျိုးလို ပါဝါအပျော့ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေလဲ လုပ်ဖို့လိုပါတယ်။

ဂျပန်နဲ့သြစတေးလျတို့ဟာ ဒီကိစ္စတော်တော်များများလုပ်ပြီးသားပါ။ လုပ်နေကျထက် တစ်ဆနှစ်ဆ လောက်ထပ်တိုးမြှင့်ဖို့လိုနေတာပါ။ ဒါဆိုရင် အမေရိကန်အနေနဲ့ ဒေသတွင်းမှာ အမြဲတမ်းဦးဆောင် နေရတဲ့အခြေအနေကနေ အခြားကဏ္ဍသစ်တာဝန်ကို ယူနိုင်လာမှာဖြစ်ပါတယ်။ အများညီတန်ဖိုးထား မှုဆိုတာထက် အများညီအကျိုးစီးပွားအပေါ်အခြေခံတဲ့မူဝါဒကို ဦးစားပေးခဲ့မယ်ဆိုရင်တော့ အမေရိ ကန်အနေနဲ့ ထိုင်းတို့ ဖိလစ်ပိုင်တို့နဲ့ဆက်ဆံရေးကို တိုးမြှင့်လာနိုင်မှာဖြစ်ပါတယ်။

တရုတ်ရဲ့လွှမ်းမိုးမှုအောက်ရောက်နေပေမယ့်လဲ ဂျပန်အနေနဲ့ နဂိုကတည်းက ခိုင်မာအား ကောင်းနေပြီဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲက သူ့ရဲ့စီးပွားရေးကို ရေရှည်တည်တံ့နေအောင် အကူအညီပေးတဲ့အစီအစဉ်တွေမြှင့်တင်တာတွေ မဲခေါင်မြစ်ဝှမ်းဒေသမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်တာတွေလုပ်ခြင်းအားဖြင့် ဆောင်ရွက်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တောင် တရုတ် ပင်လယ်မှာ တရုတ်ရဲ့ဆောင်ရွက်မှုတွေအတွက် ပိုပြီး တန်ဖိုးကြီးကြီးပေးဆပ်ရမှာတွေဖြစ်လာ ပါမယ်။ တရုတ်အနေနဲ့လဲ မဲခေါင်ဒေသကို ဆက်ပြီးလွှမ်းမိုးထားနိုင်ဖို့အတွက် အရင်းအမြစ်တွေပိုပြီး ထည့်သွင်းလာရဖို့ ဖြစ်စေပါလိမ့်မယ်။ ဒေသတွင်းချိန်ခွင်လျှာမျှနေစေဖို့အတွက် လက်တွေ့ကျတဲ့ အစီအမံရှိတဲ့ ဘယ်အာဆီယံနိုင်ငံကမှ အမေရိကန်အစိုးရတစ်ဖွဲ့ဖွဲ့ကို မျက်နှာလွှဲမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အာဆီယံနိုင်ငံကမှ သူတို့နိုင်ငံအနားမှာ တရုတ်က လွှမ်းမိုးချယ်လှယ် နေတာ မြင်ချင်ကြတာမဟုတ်လို့ပဲ။ အာဆီယံနိုင်ငံအားလုံးက ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလအတွင်း အခြားနိုင်ငံတွေထက် ပိုပြီးရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံက ပိုပြီး ထိတွေ့ဆက်ဆံမှု လုပ်လာ တာကို လက်ခံကြမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု အောက်ကို ရောက်ကောင်းရောက်နေနိုင်ပါတယ်။ ဒါပေမယ့် ဒေသတွင်းနိုင်ငံတွေဟာ အခြေအနေ တွေ ပြောင်းလဲခဲ့ရင် သူတို့ခြေပေါ်သူတို့ ပြန်ပြီးရပ်တည်လိုပါတယ်။ ရပ်တည်နိုင်ချင်နေကြပါတယ်။

မူရင်းရေးသားသူ သီတီနန် ပွန်ဆုဓိရာဇ်ဟာ ချူလာလောင်ကောင်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံ ရေးကို သင်ကြားနေသူဖြစ်ပြီး လုံခြုံရေးနဲ့နိုင်ငံတကာလေ့လာရေးအင်စတီကျုမှာ ဒါရိုက်တာအဖြစ်လဲ ဆောင်ရွက်နေသူဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.