ပရိတ်သတ်တွေကို မဖုံးကွယ်ထားချင်လို့ ဘဝလက်တွဲဖော်ကို ချပြလိုက်တဲ့ မော်ဒယ်လ် လင်းမောင်

0
9549
photo-Linn Maung Facebook

အခုတလော ပရိတ်သတ်တွေအများစု စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုကတော့ မော်ဒယ်လ် လင်းမောင်ရဲ့ ဘဝလက်တွဲဖော်အကြောင်းပဲ ဖြစ်ပါတယ်။

မော်ဒယ်လ် လင်းမောင်က ပရိတ်သတ်တွေကို မဖုံးကွယ်ထားချင်လို့ ဘဝလက်တွဲဖော်ကို ချပြတာ ဖြစ်တယ်လို့ဆိုပါတယ်။

“သူက ဘန်ကောက်မှာပါ။ Chinese(တရုတ်) နဲ့ Thai (ထိုင်း) စပ်ပါတယ်။ ဘန်ကောက်မှာနေဖြစ်တာ များပါတယ်။ ကျွန်တော်က ဘယ်အရာမှ မဖုံးကွယ်ထားချင်ပါဘူး။ ကျွန်တော်က ဖုံးကွယ်ထားတတ်တဲ့ သူလည်း မဟုတ်ဘူး။သူ့ကို ကျွန်တော့ဘဝရဲ့ လက်တွဲဖော်အဖြစ်ရည်ရွယ်ထားပါတယ်။” ဟု မော်ဒယ်လ် လင်းမောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် relationship ကို ဘဝမှာ ပထမဦးဆုံး လူမှုကွန်ယက်ပေါ်တင်ခဲ့ဖူးတာဖြစ်တယ်လို့ မော်ဒယ်လ် လင်းမောင်က ဆိုပါတယ်။

TU Arkar Min

photo-Linn Maung Facebook
photo-Linn Maung Facebook

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.