သင်္ကြန်ကာလပြည်သူများသတိများပြုရမည့်အချက်(၁၃)ချက် ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထုတ်ပြန်

မော်လမြိုင်၊ ဧပြီ ၄

သင်္ကြန်ကာလတွင် ယာဉ်တိုက်မှုလျော့ကျ၍ ယာဉ်လမ်းကြောင်းများရှင်းလင်းပြီး ပြည်သူများ စိတ် အေးချမ်းသာစွာဖြင့် ရေကစားနိုင်ရန်အတွက် ရှောင်ကျဉ်ရမည့် အချက်(၁၃)ချက်ကို မွန်ပြည်နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည့် ရှောင်ကျဉ်ရမည့်အချက် ၁၃ ချက်တွင် မူးယစ် သောက်စား၍မောင်းနှင်ခြင်းမပြုရ၊ အိတ်ဇောပိုက်ဖြုတ်၍အသံကျယ်လောင်စွာမောင်းနှင်ခြင်းမပြုရ၊ တုတ် ဓါး လက်နက်များကိုင်ဆောင်ပြီး အုပ်စုဖွဲ့မောင်းနှင်းခြင်းမပြုရ၊ သံစုံဟွန်းများတပ်ဆင်၍ မမောင်းရ စသည့်အချက် များပါဝင်သည်။

“ကိုယ်တို့လည်းမဖမ်းချင်ပါဘူး။ စည်းကမ်းရှိအောင် အသိပညာပေးလုပ်တာပါ။ ပြည်သူတွေစိတ်အေး ချမ်းသာစွာ ရေကစားနိုင်အောင် ဆောင်ရွက်တာပါ။ ယာဉ်တိုက်မှုတွေလျော့ကျပြီး အန္တာရယ်ကင်းကင်း ကစား လို့ရအောင်ပါ”ဟု ဒုယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ကျော်သူကပြောသည်။

ထို့အပြင် သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်လမ်းကြောင်းများ ရှင်းလင်းရန်အတွက် မော်လမြိုင်မြို့ တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ၃၀ ဖြင့် လမ်းကြောင်းရှင်းလင်းသွားမည်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် လမ်း ကြောင်းပိတ်ခဲ့သည်ရှိသော် အမြန်ရှင်းလင်းနိုင်ရန် အရန်တပ်ဖွဲ့များလည်းစီစဉ်ထားကြောင်းလည်း သိရသည်။

သင်္ကြန်ပွဲတော်ကာလအဖြစ်သတ်မှတ်ပြီး စည်းကမ်းပျက်မောင်းနှင်သည့် မော်တော်ယာဉ်များနှင့် ပါဝါ အိတ်ဇောတပ်မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ မော်တော် ကား(၁၀)စီး၊ ဆိုင်ကယ်အစီး(၂၀)၊ အိတ်ဇောဖြုတ်မောင်းနှင်သည့် ဆိုင်ကယ်(၆)စီးတို့ကို ဖမ်းဆီးအရေးယူ ထားကြောင်းသိရသည်။

၂၀၁၆ခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် မော်တော်ယာဉ်ကြောင့် ယာဉ်တိုက်မှု ၁၀ မှုနှင့် မော်တော်ဆိုင် ကယ်ကြောင့် ယာဉ်တိုက်မှု ၅မှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရသူ ၃၈ဦးနှင့်သေဆုံးသူ ၁၇ ဦးရှိခဲ့ကြောင်းသိရသည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.