ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ဒီဇင်ဘာ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်

0
147

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ဒီဇင်ဘာ ၉ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့  အမည်ကို ကြေညာတဲ့နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမှာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  အမည်စာရင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်တဲ့နေ့ကနေ ရက်ပေါင်း(၃၀)ပြည်တဲ့နေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ ဖြစ်တဲ့အတွက် အာ့နေ့မတိုင်ခင် ကုန်ကျစရိတ်ကို အပြီးတင်သွင်းရမယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“အခုချိန်ထိ လာရောက်တင်သွင်းတာ မရှိသေးဘူး ။ ပြင်ဆင်နေကြတယ်ဆိုတာကတော့ ကြားတယ်။ ကြေညာပြီး ရက်ပိုင်း(၃၀)အတွင်းဆိုတော့ မွန်ပြည်နယ်မှာတော့ ဒီဇင်ဘာလ (၉)ရက် နောက်ဆုံးထား သွင်းရမှာပေါ့”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းသူတွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ အရည်အချင်းပျက်ယွင်းသူအဖြစ် ကော်မရှင်က သတ်မှတ်မှာပါ။

မွန်ပြည်နယ်အတွင်းမှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုက ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ၄၅ ဦးက ရွေးကောက်တင်မြှောက်ခံ ရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.