ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့တဲ့ ဗြိတိန်လူမျိုး ၆ လသား ကလေးငယ် COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရ

0
112

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆)

ထိုင်းနိုင်ငံအတွင်း COVID-19 အသစ်ဖြစ်ပေါ်ကူးစက်မှုဟာ ၉ ဦးထိရှိလာခဲ့ပြီး ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အားလုံးက ကွာရန်တင်း ဝင်နေကြတဲ့ နိုင်ငံခြားသားများဖြစ်ပြီး ပြည်ပနိုင်ငံ ၇ နိုင်ငံမှ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထိုင်းအစိုးရ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရောဂါပြန့်ပွားကူးစက်ချိန်မှ ယနေ့အထိ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရတဲ့ လူနာပေါင်း ၄၂၄၆ ဦးခန့်ရှိပြီး သေဆုံးလူနာ (အသစ်) မရှိဘူးလို့လည်း အစီရင်ခံတင်ပြထားပါတယ်။

COVID-19 အခြေအနေဆိုင်ရာ စီမံခန့်ခွဲမှုစင်တာ (CCSA) ရဲ့ ထုတ်ပြန်ချက်အရ ဆွစ်ဇာလန်နိုင်ငံမှ ဝင်ရောက်လာသူ နှစ်ဦး၊ အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်လာသူ ၂ ဦးနှင့် အီသီယိုးပီးယားနိုင်ငံနှင့် ယူကေ၊ နယ်သာလန်နိုင်ငံနှင့် ကာတာနိုင်ငံတို့မှ ဝင်ရောက်လာသူ အသီးသီးတို့ ဖြစ်ကြတယ်လို့ ပြောဆိုထားပါတယ်။

အဆိုပါ ယူကေနိုင်ငံသား ကူးစက်ခံရသူက အသက် ၆ လအရွယ်ခန့်သာရှိတဲ့ ဗြိတိန်လူမျိုးကလေးငယ် ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ရောက်ရှိခဲ့ကာ၊ ဘန်ကောက်မြို့က Facility ကွာရန်တင်းအတွင်း ရှိနေချိန်  စစ်ဆေးရာမှ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဓါတ်ခွဲအဖြေမှာ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့ရ တာဖြစ်ပါတယ်။ ထိုကလေးငယ်နှင့် မည်သူက အတူလိုက်ပါလာသလဲဆိုတဲ့ သတင်းအချက်အလက်ကို ရရှိနိုင်ခြင်း မရှိခဲ့ပါဘူး။

ဆွစ်ဇာလန်နိုင်ငံသား ကူးစက်ခံရသူများမှာ အသက် ၅၀ နှစ်အရွယ် ဆွစ်အစိုးရအရာရှိဟောင်းတစ်ဦးနှင့် အသက် ၅၇ နှစ် ဆွစ်အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံသား ကူးစက်ခံရသူ နှစ်ဦးမှာ အသက် ၅၂ အရွယ် အမေရိကန်နိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် အသက် ၆၀ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း၊ အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပါတယ်။   

ရိုမေနီယန်နိုင်ငံသားကူးစက်ခံရသူကတော့ အသက် ၄၂ နှစ်အရွယ် ကုမ္ပဏီအုပ်ချုပ်သူတစ်ဦးဖြစ်ပြီး အီသီယိုးပီယားနိုင်ငံသားကူးစက်ခံရသူကတော့ အသက် ၃၀ နှစ်အရွယ် ဆေးပညာရှင်ဖြစ်ပါတယ်။

ကာတာလေကြောင်းလိုင်းနှင့် နယ်သာလန်နိုင်ငံမှ ဝင်ရောက်လာခဲ့တဲ့ သူများကတော့ အသက် ၄၄ နှစ်အရွယ် ပြတိုက်ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အမျိုးသား ဒီဂျေသမားတစ်ဦး တို့ဖြစ်ကြပါတယ်။

အဆိုပါဖြစ်ရပ်သစ် လူနာ ၉ ဦးစလုံးက ဘန်ကောက်မြို့အတွင်းရှိ Facility ကွာရန်တိုင်းဟော်တယ် အတွင်းရှိနေချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုစစ်ဆေးရာမှ ရောဂါပိုးရှိသည်ဟူသော ရလဒ်နဲ့ ရင်ဆိုင်ခဲ့ ကြရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရောဂါပိုးနှင့်ပတ်သက်တဲ့ ကိန်းဂဏန်းများမှာ CCSA ရဲ့ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၄၂၄၆ ဦး ရှိသည့်အနက် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉ ဦးအပါအဝင်  ပြန်လည်ကောင်းမွန်လာသူဦးရေမှာ ၃၉၉၄ ဦး (၉၃.၀၁ ရာခိုင်နှုန်း) ရှိတယ်လို့ ဖော်ပြထားပါတယ်။

အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.