မဲခေါင်မြစ်ရေသည် ယခုနှစ်တွင် အနိမ့်ဆုံးရေချိန်အမှတ်သို့ ရောက်ရှိ

0
95

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉)

မဲခေါင်မြစ်ရေဟာ အလျင်အမြန်ကျဆင်းလာတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့တိုင်းတာချက်အရ အရှေ့မြောက်ဘက်နယ်စပ်ဒေသမှာ ၁ ဒသမ ၉၀ မီတာ အနက်သာရှိတော့တာဖြစ်ပြီး ဒီနှစ်သည် အနိမ့်ဆုံး ရေချိန်အမှတ် ဖြစ်လာခဲ့ပါတယ်။

ထိုသို့ မြစ်ရေနည်းပါးလာခြင်းဟာ တရုတ်နိုင်ငံရဲ့ အထက်ရေကာတာများကြောင့်နှင့် ယခုနှစ်မိုးရွာသွန်းမှုနည်းတဲ့အတွက် ရေပြတ်လပ်မှု ကြောင့် ဟု ပြစ်တင်ဝေဖန်မှုတွေလည်း ရှိပါတယ်။  ထို့အပြင် မဲခေါင်မြစ်ရဲ့ မြစ်လက်တက်များသည်လည်း ထိုနည်းတူ အနိမ့်ဆုံးရေချိန်မှတ်မှာ ရောက်နေခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ကတော့ မြစ်ကြမ်းပြင်ပေါ်ရှိ ကျောက်ဆောင်ကျောက်ပြားတွေဟာ သိသာထင်ရှားစွာ ပေါ်လာပြီး ထိုကျောက်ဆောင်တို့တွင် ဒဏ္ဏာရီတွေအရ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ခန့်က မဲခေါင်မြစ်အလယ်၌ ဗုဒ္ဓခြေရာတော် ကျောက်ဆောင်လည်း ပါဝင်တယ်လို့ သိရပါတယ်။

သာ အာသန် ခရိုင် ဝက်ဘန်ဝီရွန်ဖရာဘတ်ရဲ့ ရှေ့မှာ တည်ရှိတဲ့ ထို ဗုဒ္ဓခြေရာတော်ဟာ ဒေသခံများကအလွန်ရိုသေအလေးမြတ်ထားပြီး မြင့်မြတ်သည်ဟုမှတ်ယူထားကြကာ ပုံမှန်အားဖြင့် နှစ်သစ်ကူးအပြီး ရာသီအလိုက် မြစ်၏ရေကျဆင်းချိန်အထိ ပေါ်ထွက်လာလေ့မရှိပါဘူး။

၎င်းအပြင် ဝက်ဘန်ဝီရွန်ဖရာဘတ်တွင် မြစ်ကမ်းမှ ကျောက်ဆောင်သို့သွားရာလမ်းတစ်ခုကို ဖောက်လုပ်ထားပြီး လူများအနီးကပ်ကြည့်ရှု ဖူးမြှော်နိုင်ရန် စီစဉ်ထားရှိပါတယ်။ ထို့ကြောင့် လာမယ့် ဧပြီ သင်္ကြန်အားလပ်ရက်အထိ လာရောက်သည့် ဧည့်သည်တွေကို ဆက်လက်ဆွဲဆောင်ထားနိုင်ဖို့လည်း မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။

မင်းဟံတလမွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.