ဘီးလင်းမှလွဲပြီး ကျန်မြို့နယ်တွေမှာ မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည်

0
580

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

(၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဘီးလင်းမြို့နယ်မှလွဲပြီး ကျန်မြို့နယ်တွေမှာ မြို့နယ်အဆင့် အခမ်းအနားတွေကို ကျင်းပသွားမယ်လို့ ကျင်းပရေး ကော်မတီတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာ ကျရောက်မယ့် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် တစ်မြို့နယ်ကို ကျပ်(၁၀)သိန်းစီ ခွဲဝေပေးထားတယ်လို့ (၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ နိုင်မွန်ရာဇာက ပြောပါတယ်။

” ၇၄ကြိမ်မြောက် မွန်အမျိုးသားနေ့ကို တိုင်းရင်းသားရဲ့ နေ့ထူးနေ့မြတ်ပေါ့ အဲလိုပုံစံနဲ့ ဘတ်ဂျက် သိန်း ၄၅၀ပေါ့။ အဲဒါကို မြိုနယ်အဆင့်၊ အခမ်းအနားရယ် မြိုနယ်အဆင့် လုပ်ငန်းစဉ်ရယ်။ အဲဒီအတွက်  တစ်မြို့နယ်ကို ဆယ်သိန်း ထောက်ပံ့ပေးတယ်ပေါ့”လို့ ဆိုပါတယ်။

(၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကိုတော့  မော်လမြိုင်မြို့နယ်က  မွန်ဓမ္မာရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ မွန်အမျိုးသားနေ့အတွက် လှုပ်ရှားမှု မရှိသလို နိုင်ငံရေး အခြေအနေတွေကြောင့် အခမ်းအနား မကျင်းပဖြစ်တော့ဘူးလို့ ဘီးလင်းမြို့နယ် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရေးကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လှုပ်ရှားမှု မရှိလို့ မလုပ်တော့ဘူး ဒီနှစ်။ အစည်းအဝေးသွားတက်ထားသူတွေလည်း ဘာမှမပြောဘူး။ ဒီမှာ အခြေအနေကလည်း သိပ်မကောင်းတော့ မလုပ်ဖြစ်တော့ဘူး”လို့ ဘီးလင်းမြို့နယ် မွန်အမျိုးသားနေ့ ကျင်းပရး‌ကော်မတီမှ ဦးခင်မာင်ဝင်းက ပြောပါတယ်။

(၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၇)ရက်မှာ အလံတင်အခမ်းအနားပြုလုပ်ခြင်း ၊ မွန်အမျိုးသား သီချင်းသီဆိုခြင်း၊ မွန်သံဃာတော်များမှ ဩဝါဒစကားပြောကြားခြင်း၊ သဘာပတိ မိန့်ခွန်းပြောတာတွေနဲ့ သံဃာတော်များအား ဆွမ်းကပ်ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မွန်အမျိုးသားနေ့ အကြိုပြိုင်ပွဲများမှ ဆုရရှိထားသူတွေကို ဆုပေးခြင်း နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ကျင်းပမှာဖြစ်ပြီး ညနေ(၅)နာရီမှာ အခမ်းအနား အဆုံးသတ်မယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.