မော်လမြိုင်က ကိုဗစ်အတည်ပြုလူနာ (၅)ဦး တပြိုင်နက် သေဆုံး

0
1021

မော်လမြိုင် ၊ ဇူလိုင် (၃)

မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ (၅)ဦးဟာ မနေ့ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ တပြိုင်နက် သေဆုံးခဲ့တယ်လို့ မော်လမြိုင်ဆေးရုံကြီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ အမြောက်အများ ရှိလာတာနဲ့အတူ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်ခံရပြီး နာရီပိုင်းအတွင်း အစုလိုက် အပြုံလိုက် သေဆုံးခြင်းလည်း ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် (၅၀)အထက် လူနာ လေးဦးနှင့် အသက် (၃၈)နှစ်အရွယ် လူနာတစ်ဦးတို့ ပါဝင်ပါတယ်။

မွန်ပြည်နယ် ဆယ်မြို့နယ်မှာတော့ ကိုဗစ်၁၉ ကူးစက်ခံရသူ (၅၂၀)ကျော်ရှိပြီး ယမန်နေ့တွေမှာ သေဆုံးသူ (၁၀)ဦး ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စုစုပေါင်းသေဆုံးသူ (၁၅) ဦးရှိလာပြီဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ အခုလို ကိုဗစ်ကူးစက်မှု မြင့်တက်နေတာကြောင့် အာဏာသိမ်း စစ်ကောင်စီကတော့ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။

ဒါပေမယ့် ကျောင်းတွေကိုတော့ ယခင်အတိုင်းပဲ ဆက်ဖွင့်လှစ်ထားတဲ့အတွက် အစုလိုက် အပြုံလိုက် ကိုဗစ်ကူးစက်ခံရမှာကို ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.