မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ ဒေသခံတွေကို စစ်ကောင်စီ အတင်းအဓမ္မ ခေါ်ဆောင်

0
136

ရေဖြူ ၊ စက်တင်ဘာ ၂၁

တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်ရှိ သစ်ကတိုးရွာသားတွေကို စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ လမ်းပြတွေအဖြစ် အတင်းအဓမ္မခေါ်ဆောင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ဟာမြင်းကြီး သတ္တု မိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ ပျောက်ဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခိုးယူသွားသူတွေကို ရှာဖွေဖမ်းဆီးဖို့ တောနင်းရှာဖွေမှုတွေ စစ်ကောင်စီ ပြုလုပ်နေတာ ဖြစ်ပါတယ်။

“သူတို့တွေ တောထဲသွားရင် ဒေသခံ လေးငါးခြောက်ယောက်လောက်ကို လမ်းပြအဖြစ်ခေါ်သွားတာရှိတယ်။ ရွာသားတွေက မလိုက်ချင်ပေမယ့်လည်း ကြောက်လို့လိုက်ရတာရှိတယ်လို့ ပြန်သိရတယ်။ ခုတော့ ပြန်ရောက်နေပြီလို့တော့ကြားရတယ်။ သူတို့တွေရောက်လာတဲ့ အချိန် ထွက်မပြေးဖို့လည်း ရွာသားတွေကို ပြောဆိုတာရှိတယ်။ ”လို့ သစ်ကတိုးရွာနဲ့နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဟာ သစ်ကတိုးရွာနဲ့အနီးနားရွာမှာ ၃ ရက်ကျော်တပ်စွဲနေထိုင်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.