စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသည့် Travel Lanes အစီအစဥ်တွင် နိုင်ငံပေါင်း ၉ နိုင်ငံကို တိုးချဲ့ခွင့်ပြုမည်

0
171

စင်ကာပူ၊ အောက်တိုဘာ ၁၁

ကာကွယ်ဆေးထိုးပြီးသော ခရီးသွားဧည့်သည်များကို ကွာရန်တင်းမလိုဘဲ စင်ကာပူနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် “Travel Lanes” အစီအစဥ်တွင် နိုင်ငံပေါင်း ၉ နိုင်ငံကို ထည့်သွင်းရန် စီစဉ်နေပါတယ်။

ယင်းအစီအစဥ်ကို ဘရူးနိုင်းနိုင်ငံနှင့် ဂျာမနီနိုင်ငံမှ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည်များကို ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းနှင့်အတူ ယခင်လအတွင်း စတင်မိတ်ဆက်ခဲ့ပြီး နောက်လတွင်လည်း ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊ တောင်ကိုရီးယား၊ စပိန် နှင့် အမေရိကန်နိုင်ငံများအထိ ခွင့်ပြုပေးမည်ဟုဆိုပါတယ်။

စင်ကာပူနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး S Iswaran (အက်စ်ဝါရန်)က အဆိုပါနိုင်ငံမှ ခရီးသွားဧည့်သည်များသည် “ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း အတည်ပြု သက်သေခံနိုင်သော ဒစ်ဂျစ်တယ်အထောက်အထားကို နိုင်ငံအတွင်းသို့ တင်ပြရန်လိုသည်ဟု ပြောပါတယ်။

စင်ကာပူနိုင်ငံမှ သွားရောက်လည်ပတ်ကြမည့် ခရီးသည်များအတွက် ထိုစာရင်းတွင်ပါဝင်သော နိုင်ငံပေါင်း ၁၁ နိုင်ငံအနက် နိုင်ငံအများစုသည်လည်း ဖွင့်လှစ်ပေးပြီးဖြစ်ပါတယ်။

စင်ကာပူနိုင်ငံသည် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မက်ကာအိုမှ နယ်စပ်ဖြတ်ကျော်ကာ လာရောက်လည်ပတ်ကြမည့် ခရီးသွားများအတွက်လည်း ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.