စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပိုမိုအသုံးပြု ပစ်ခတ်လာ

0
122

မော်လမြိုင်၊ အောက်တိုဘာ ၁၃

KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရောက်ရှိလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး‌တွေ ပိုမိုအသုံးပြု ပစ်ခတ်လာသလို ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မူတြော်ခရိုင်က ထုတ်ပြန်ပါတယ်။

မူတြော်ခရိုင် ကမမောင်း၊ ဖာပွန်ဒေသသို့ ဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် စကခ(၈)လက်အောက်ခံ ခမရ(၄၀၆)၊ ခမရ(၄၀၄)တပ်ရင်းတွေက BGF အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတာ ဖြစ်ပါတယ်။

“ဒီရက်ပိုင်းမှာ သူတို့လှုပ်ရှားမှုတွေ တော်တော်များလာတယ်။ ပစ်ခတ်မှုတွေလည်းများတယ်။ အရင်က တပ်တွေထက် လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်မှုများတယ်။ မထင်ရင် မထင်သလို နေအိမ်တွေပေါ်ကိုတက်ပြီး စစ်ဆေးတာတွေရှိတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။



အောက်တိုဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်နှင့်BGF ပူးပေါင်းအဖွဲ့မှ ဝေမှုံကျေးရွာအတွင်းသို့ လက်နက်ကြီးများနှင့်ပစ်ခတ်သည့်အတွက် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၁၂ လုံး ထိမှန်သွားသေးတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ည ၈ နာရီခန့်က မြို့တွင်းအမှတ်(၂)ရပ်ကွက်အတွင်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တာကြောင့် ဦးကိုဘီနေအိမ်နှင့်ဦးရောဘတ်နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်ပြီး နေအိမ် ၂ လုံးခေါင်မိုးတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အေက်တိုဘာလ ၁၁ ရက်နေ့က ခမရ(၄၀၆)တပ်ဖွဲ့ဝင်များက ဖာပွန်မြို့တွင်း နေအိမ် ၄၅ လုံးနှင့်SDA အသင်းတော် ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်ရှာဖွေမှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မသင်္ကာမှုဖြစ်တိုင်း မြို့တွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မည်ဖြစ်ပြီး ထိခိုက်မှုဖြစ်ပေါ်ပါက ၎င်းတို့အပြစ်မဟုတ်ကြောင်းကို ခြိမ်းခြောက်ပြောဆိုသွားသေးတယ်လို့ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.