မွန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅ သိန်းကျော် ရှိပြီးလို့ စစ်ကောင်စီ ကျန်းမာရေး ပြော

0
99

မော်လမြိုင်၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူ ၅ သိန်းကျော်ထိ ရှိလာပြီးလို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးမှု အခြေအနေအရ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ၁ သိန်းကျော်၊ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးသူ ၄ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာ အုပ်စု ၂၃ အုပ်စုခွဲထားပြီး ပထမဦးစားပေးအနေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၈ ရက်နေ့က စပြီး အသက် ၁၈ နှစ်နဲ့အထက် ပြည်သူတွေအနေနဲ့ ဆေးထိုးပေးနေတဲ့ သတ်မှတ်နေရာတွေမှာ ကာကွယ်ဆေးလာရောက် ထိုးနှံနိုင်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဘက်က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရမယ့် လူဦးရေ ၁၇ သိန်းကျော် ရှိနေတာ ဖြစ်ပြီး၊ အဲဒီထဲက ၅၀ ရာခိုင်နှုန်းကို အခုနှစ်မကုန်မီ အပြီးထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.