တရားမဝင်နယ်မြေဖြတ်ကျော်မှုကို ဆောင်ရွက်ပေးနေတဲ့ ထိုင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

0
252

ကန်ချနဘူရီ၊ အောက်တိုဘာ ၁၃

ကိုဗစ် ၁၉ ကူးစက်မှုရောဂါတားမြစ်ချက်ကို ချိုးဖောက်ပြီး ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၇)ဦးနဲ့ ကလေးငယ် (၁)ဦးတို့ကို ခေါ်ဆောင်လာမှုနဲ့ ဆန်ခလဘူရီခရိုင်၊ စစ်ဆေးရေးဂိတ်ကနေ ထိုင်းအမျိုးသမီး (၂)ဦးကို ဖမ်းဆီးလိုက်ပါတယ်။

သုံးဖဖမ်းခရိုင်ကနေ ဆန်ခလဘူရီကို ဦးတည်လာတဲ့ မစ်ဆူဘီရှိကားကို ချောက်အ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးစဉ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၇)ဦးထဲမှာ (၃)ဦးကတော့ အမျိုးသားဖြစ်ပြီး (၄)ဦးက အမျိုးသမီးဖြစ်ကာ အသက်(၂)နှစ်အရွယ် ကလေးငယ်တဦးလည်းပါဝင်ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းအမျိုးသမီး(၂)ဦးအဆိုအရ ယင်းရွှေ့ပြောင်းလုပ်သားအဖွဲ့မှာ ယင်းတို့၏ ဇာတိဖြစ်တဲ့ မော်လမြိုင်မြို့ကို ပြန်ဖို့ ကန်ချနဘူရီကနေ ဘုရားသုံးဆူနယ်စပ်ဂိတ်သို့ ပို့ဆောင်ပေးဖို့ခေါ်ဆောင်လာတာဖြစ်ကြောင်းသိရပါတယ်။

ဖမ်းဆီးခံခဲ့ရသူအားလုံးကိုတော့ ဆန်ခလဘူရီရဲစခန်းကနေ ကိုဗစ် ၁၉ ရောဂါသတ်မှတ်ချက်ကို ချိုးဖောက်မှုနဲ့ အရေးယူဖို့ ပြင်ဆင်နေပါတယ်။

ထိုင်းနယ်စပ်တွေမှာတော့ နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံက ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးအရေးယူမှုတွေရှိနေတာဖြစ်ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.