နယ်စပ်အရေးဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံသည် အကျိုးအကြောင်းမသင့်သော လိုလားချက်များကိုသာ ပြုလုပ်နေသည်ဟု တရုတ်နိုင်ငံပြော

0
199

ဘေဂျင်း၊ အောက်တိုဘာ ၁၃

အငြင်းပွားဖွယ်နယ်စပ်ရေးရာကိစ္စရပ်နှင့်ပတ်သက်သော တွေ့ဆုံဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိခဲ့ဟု တရုတ်အစိုးရမှ ပြောကြားခဲ့သည်။

၎င်းအခြေအနေသည် ယမန်နှစ်အတွင်း ဖြစ်ပွားခဲ့သော ထိတွေ့မှုများနောက်တွင် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကောင်းမွန်ဖို့ ဆောင်ရွက်ရာမှာ ရုန်းကန်နေရဆဲဖြစ်သည်ကို ထင်ဟပ်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော စစ်ရေးအရာရှိများအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ တင်းအားများကို လျှော့ပါးသက်သာစေရန် အကောင်းဆုံး ကြိုးပမ်းခဲ့သည်ဟု တရုတ်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Long Shaohua က ပြောကြားခဲ့သည်။

အိန္ဒိယစစ်တပ်၏ တနင်္ဂနွေနေ့က ထုတ်လွှင့်သော ရုပ်သံထုတ်ပြန်ချက်တွင် ကျန်ရှိနေသော ဧရိယာများကို ဖြေရှင်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံဘက်မှ အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဆွေးနွေးခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ သဘောမတူခဲ့ကြောင်း၊ ထို့အပြင် အလားအလာရှိသည့် အဆိုပြုချက် တစုံတရာကို လည်း မပံ့ပိုခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးသည် ကျန်ရှိနေသော ဧရိယာများအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် ရလဒ်ထွက်ပေါ်ခြင်း မရှိခဲ့ကြောင်းဟု ပါရှိပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဆက်သွယ်ပြောဆိုမှုကို ထိန်းသိမ်းထားရန်နှင့် မြေပြင်တည်ငြိမ်မှု အနေအထားကို ဆက်လက်ထိန်းသိမ်းရန်ကိုမူ နှစ်ဖက်စလုံးမှ သဘောတူနိုင်ခဲ့သည်။

ထိုနယ်စပ်ဒေသ၌ ၁၉၆၂ စစ်ပွဲနောက်ပိုင်း အိန္ဒိယနှင့်တရုတ်နိုင်ငံအကြား အဆိုးဆုံးထိတွေ့ တိုက်ခိုက်မှု အနေဖြင့် ယမန်နှစ်အတွင်း အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ကြသည်။

ယခုနှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံသည် နယ်စပ်ဒေသသို့ တပ်ဖွဲ့ဝင် ၅ သောင်းခန့်ကို စေလွှတ်ခဲ့ပြီး ထိုကဲ့သို့ တပ်များရွှေ့ပြောင်းနေရာချထားမှုသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref : The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.